Description:
စကားချီး
မြန်မာနိုင်ငံ၏ သဘောထားကွဲလွဲမှုများဖြစ်ပွားရာဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဝန်ဆောင်မှုများအား
အုပ်ချုပ်မှုစနစ် ပုံစံ ၂မျိုးဖြစ်သည့် အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနမှ လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်
ဆက်စပ်လျှက်ရှိသော ဝန်ဆောင်မှုပေးသူများမှလည်းကောင်း ပေးလျှက်ရှိပါသည်။ ၂ဝ၁၁ နှင့် ၂ဝ၁၂ ခုနှစ်များတွင် ပစ်ခတ်
တိုက်ခိုက်မှု လက်မှတ်ရေးထိုးပြီးနောက်ပိုင်းတွင် နှစ်ဖက်အကြား ယုံကြည်မှုတည်ဆောက်ရန်ကြိုးပမ်းမှုများအပေါ်အခြေခံပြီး NLD
ဦးဆောင်သော အစိုးရသစ်သည် မြန်မာနိုင်ငံရှိ ထိခိုက်ခံစားရမှုအများဆုံးသောသူများထံသို့ ကျန်းမာရေးစောင့်ရှောက်မှုများ
ရောက်ရှိစေနိုင်ရန်အတွက် အဆိုပါ စနစ် ၂ခုအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာရန် ရည်ရွယ်၍ မကြုံစဖူးအခွင့်အလမ်း
များအား ဖော်ဆောင်ခဲ့ပါသည်။
အဆိုပါအခြေအနေတွင် မြန်မာနိုင်ငံ၏ သဘောထားကွဲလွဲမှုများဖြစ်ပွားရာဒေသများရှိ ကျန်းမာရေး ဝန်ဆောင်မှုပေးအပ်ခြင်း နှင့်
ကျန်းမာရေးတန်းတူညီမှုဆိုင်ရာ သုတေသနအစီအရင်ခံစာအား အာရှဖေါင်ဒေးရှင်းမှ ဝမ်းမြောက်စွာဖြင့် တင်ပြအပ်ပါသည်။
ယင်းဒေသများရှိ လက်ရှိ လည်ပတ်နေသော ကျန်းမာရေးဝန်ကြီးဌာန နှင့် တိုင်းရင်းသားလူမျိုးစု နှင့် ရပ်ရွာအခြေပြုကျန်းမာရေး
အဖွဲ့အစည်းနှစ်ခုစလုံး၏ ကျန်းမာရေးဝန်ဆောင်မှုအစီအစဉ်များအား ဤအစီအရင်ခံစာတွင် ခြုံငုံဖော်ပြထားပါသည်။ အစိုးရ နှင့်
အစိုးရမဟုတ်သည့် အဖွဲ့ ၂ ဖက်စလုံးအတွက် မူဝါဒဆိုင်ရာ အကြံပြုချက်များ ၊ အဓိကအခွင့်အလမ်းများ ၊ ပေါင်းစည်းခြင်းဆိုင်ရာ
အယူအဆများအားလည်း ထည့်သွင်းဖော်ပြထားပါသည်။
အဓိကအချက်မှာ စနစ်နှစ်မျိုး စင်ပြိုင်ဝန်ဆောင်မှုပေးနေသည့် လက်ရှိအနေအထားသည် အချိန် အတိုင်းအတာတစ်ခုအထိ
ဆက်လက်တည်ရှိနေနိုင်ပါသည်။ ပါဝင်လုပ်ကိုင်နေကြသူများအားလုံးသည် တဖြည်းဖြည်း ယုံကြည်မှု တည်ဆောက်လာနိုင်ရန် နှင့်
ပေါင်းစည်းရေးလုပ်ငန်းစဉ်အတွက် အလားအလာကောင်းများ ပေါ်ထွက်လာစေရန် ၂ ဖက်အကြားတွင် ကောင်းမွန်သော ပူးပေါင်း
ညှိနှိုင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာစေရန် စိတ်ရှည်လက်ရှည်သတိထား ပံ့ပိုးပေးသင့်ပါသည်။ အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
၏ နိုင်ငံရေးဆိုင်ရာ တောင်းဆိုမှုများ နှင့် အခြားဆက်စပ်သည့် လုပ်ငန်းစဉ်များကြောင့် ကျန်းမာရေး တန်းတူညီမှု ရည်မှန်းချက်အား
ထိခိုက်နှောင့်နှေးစေမှု မဖြစ်စေရအောင် အာရုံစိုက်ဆောင်ရွက်ရမည်ဖြစ်သည်။ ဤသုတေသန အစီရင်ခံစာသည် ရည်ရှည်တည်တံ့
သော ငြိမ်းချမ်းရေးရရှိရန်အတွက် ရည်ရွယ်လုပ်ဆောင်လျှက်ရှိသော ရှုပ်ထွေးလှသည့် ပြဿနာရပ်များအား ဆွေးနွေးရာတွင်
အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ပါသည်။
ဤသုတေသနစာတမ်းအား မြန်မာနိုင်ငံအခြေစိုက် အလွတ်တန်းသုတေသီများဖြစ်သည့် ဒေါက်တာ ဘီလ်ဒေးဗစ် နှင့် ကင်မ်ဂျိုလိဖ်
တို့မှ ရေးသားပါသည်။ ဘီလ်ဒေးဗစ်သည် ပြည်သူ့ကျန်းမာရေးကဏ္ဍအား အထူးပြုလေ့လာပြီး ကင်မ်ဂျိုလိဖ်သည် လုံခြုံရေး ၊
အထောက်အပံ့ဆိုင်ရာ မူဝါဒ နှင့် တိုင်းရင်းသား ပဋိပက္ခဆိုင်ရာ ကိစ္စရပ်များတွင် လေ့လာခဲ့ပါသည်။ သုတေသနစာတမ်းအတွက်
ရန်ပုံငွေထောက်ပံ့ပေးသော အဖွဲ့အစည်းမှာ ဗြိတိန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးဌာန (DFID) ဖြစ်ပါသည်။ ယခုစာတမ်းတွင်
ဖော်ပြထား သော အယူအဆများသည် စာရေးသူသုတေသီများ၏ အယူအဆများသာဖြစ်ပြီး DFID သို့မဟုတ် အာရှဖောင်ဒေးရှင်းတို့၏
အယူအဆများဖြစ်သည်ဟု မမှတ်ယူနိုင်ပါ။
Source/publisher:
Asia Foundation
Date of Publication:
2016-07-00
Date of entry:
2016-08-07
Grouping:
- Individual Documents
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
4.79 MB
