ဖော်ပြချက်/အကြောင်းအရာ:
တချို့က အရှေ့ချင်းလဲန်းဟုခေါ်ဆိုသော ချင်းအမျိုးသားတို့၏ ဗဟိုဌာနကို ဤနေရာ၌ ချင်းလဲန်းဟု အဆင်ပြေစေရန် သုံးစွဲထားခြင်းဖြစ်ပါသည်။ ချင်းလဲန်းသည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အကြားရှိ မြေပြန့်နှင့်ကုန်းမြင့်များအပါအဝင် ပါတ်ကွိုင်တောင်တန်းမှ၊ ဘင်္ဂလားပင်လယ်အော် နိုက်ဂရိုက်ရေလက်ကြားအထိ သွယ်တန်းနေသော တောင်တန်းများပါဝင်လျှက် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အနောက်ဖက်တွင် တည်ရှိပါသည်။
ချင်းလဲန်းအမြင့်ဆုံးဒေသမှာ စာရမေတိတောင်ထိပ်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက်ပေ (၁၂၀၀၀) ရှိသည်။ ဒုတိယအမြင့်ဆုံးမှာ ဝတိုရိယတောင်ထိပ်ဖြစ်ပြီး ပင်လယ်ရေမျက်နှာ်ပြင်အထက်ပေ (၁၀၀၀၀) ကျော်ရှိပါသည်။ အနိမ့်ဆုံးဒေသမှာ ဘင်္ဂလားပင်လယ်ဝမှ မိုင် (၁၂၀) ခန့်ဝေးသော ပလက်ဝမြို့ဖြစ်ပြီး ကုလားတန်မြစ်၀ ဒီရေများရောက်နိုင်သော နေရာဖြစ်ပါသည်။
ချင်းလဲန်းသည် သဘာဝသစ်တောမျိုးစုံဖြင့် လှပစိမ်းလန်းနေသောဒေသဖြစ်ပါသည်။ ဤ သဘာဝသစ်တောနှင့် သယံဇာတပစ္စည်းများ စီးပွားရေးဖြစ်ထုတ်လုပ်နိုင်ရေးကို တော်လှန်ရေးကောင်စီ၊ ဆိုရှယ်လစ်အစိုးရနှင့် လက်ရှိစစ်အစိုးရတို့က အဟန့်အတားပြုလျက်ရှိသဖြင့် ချင်းလဲန်သည် ပြည်ထောင်စုပြည်နယ်များအနက် ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံး ပြည်နယ်တခုဖြစ်ခဲ့ပါသည်။ ...
ရင်းမြစ်:
The Chin Forum
Date of Publication:
2004-05-00
Date of entry:
2010-09-15
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Language:
English, Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
434.88 KB