ဖော်ပြချက်/အကြောင်းအရာ:
"၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလသည် စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးအင်အားစုများ၏ အခန်းကဏ္ဍကို လေးနက်စွာ အသိအမှတ်ပြုပြီး ယင်းအဖွဲ့အစည်းအသီးသီး၏ အခြေအနေအရပ်ရပ်ကို မပြတ်စောင့်ကြည့် လေ့လာ ဆန်းစစ်လျက်ရှိသည်။
၂။ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန် တိုက်ပွဲဝင်နေသည့် မြေပြင်တော်လှန်ရေး ခေါင်းဆောင်များကို အသိအမှတ်ပြုခြင်းနှင့် တော်လှန်ရေး အတွက် စုစည်းညီညွတ်မှုကို အခြေတည်လျက် ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့သည် ၂၀၂၃ခုနှစ်၊ မေလ (၂) ရက်နေ့တွင် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ခေါင်းဆောင် ဗိုလ်နဂါးကို Zoom Meeting မှတဆင့် လက်ခံတွေ့ဆုံခဲ့ပါသည်။
၃။ တွေ့ဆုံခြင်း၏ အဓိကရည်ရွယ်ချက်များမှာ ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်များ စစ်ဒေသအလိုက် တည်ဆောက်ထားသည့် Chain of Command (COC) တွင် ပါဝင်ဆောင်ရွက်ကြရန်၊ အမျိုးသားညီညွတ်ရေးအစိုးရက မြေပြင်တွင် တည်ဆောက်လျက်ရှိသော အုပ်ချုပ်ရေး၊ ကာကွယ်ရေး ဆိုင်ရာယန္တရားများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊ တော်လှန်ရေးအလွန် ကာလတွင် အကောင်အထည် ဖော်ရမည့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီအစဉ်များတွင် လက်ခံပါဝင် ဆောင်ရွက်ရန် အဆိုပါကိစ္စရပ်များကို အလေးထားပြောဆိုခဲ့ကြသည်။
၄။ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်အနေဖြင့် အထက်ပါ ဆွေးနွေးချက်များမှလွဲ၍ အခြားမည်သည့် ဆွေးနွေးချက်၊ သဘောတူညီချက် တစုံတရာ လုံးဝ မရှိခဲ့ပါ။..."
ရင်းမြစ်:
President Office, National Unity Government
Date of Publication:
2023-09-12
Date of entry:
2023-09-12
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
155.51 KB
Resource Type:
text
Text quality:
- Good