Message from CRPH to Eid Mubarak - အီဒုလ်ဖိသိရ် ဝါကျွတ် အီးဒ်ပွဲတော်နေ့သဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"အီဒုလ်ဖိသိရ် ဝါကျွတ် အီးဒ်ပွဲတော်နေ့သဝဏ်လွှာ =============== ရ က် စွဲ - ၂၀၂၁ ခုနှစ် ၊ မေလ (၁၃)ရက်။ ------------------------- အစ္စလာမ်ဘာသာဝင်တို့၏ အီဒုလ်ဖိသိရ် ဝါကျွတ် အီးဒ်ပွဲတော်နေ့တွင် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း နှုတ်ခွန်းဆက်သပါသည်။ နှစ်စဉ် ရမဒွါန် လမြတ်ရောက်တိုင်း တစ်လလုံးလုံး နံနက် နေမထွက်မီမှ နေဝင်ချိန်တိုင် အစားအသောက်ရှောင်၍ ဥပုသ်ဆောက်တည်ခြင်း၊ အလ္လာဟ် အရှင်မြတ်အား တသ သတိရ ဝတ်ပြု ဆုတောင်းခြင်း၊ မရှိနွမ်းပါးသူများကို ကိုယ်ချင်းစာ တရားထားကာ အလှူဒါနပြုခြင်း စသည့် ကောင်းမှုများကို ပြုကျင့် ဆောက်တည်ကြပြီး (ရာမဒွါန်) လမြတ်ကုန်ဆုံးချိန်၌ ပြုခဲ့သမျှသော ကောင်းမှုများအတွက် ရွှင်လန်းချမ်းမြေ့စွာ အီဒုလ်ဖိသိရ် ဝါကျွတ် အီးဒ်ပွဲတော်ကို ဆင်နွှဲကြကြောင်း သိရှိရပါသည်။ ယနေ့ကာလသည် မိမိတို့နိုင်ငံ စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး လှုပ်ရှားရုန်းကန် နေရသည့် တော်လှန်ရေးကာလဖြစ်သည့်အတွက် အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးကြိုးပမ်းရာတွင် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ခွင့်တူညီမျှရေး နှင့် ခွဲခြားဆက်ဆံမှုကင်းသော လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ထွန်းလာရေးအတွက် လက်တွဲညီညီဖြင့် တူညီသောပန်းတိုင်ဆီသို့ ချီတက်ရုန်းကန်သွားကြမည်ဖြစ်ကြောင်း ဖော်ပြလိုပါသည်။ သို့ဖြစ်ပါ၍ ယနေ့ကျရောက်သော ပြည်ထောင်စုသား အစ္စလာမ်ဘာသာဝင်များ၏ ဝါကျွတ် အီးဒ်နေ့ အခါသမယတွင် ကိုယ်ကျန်းမာလျှက် စိတ်ချမ်းသာကြပါစေကြောင်း ဘေးအန္တရာယ်ခပ်သိမ်း ကင်းဝေးပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း ဤသဝဏ်လွှာကို ပေးပို့လိုက်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ..."

ရင်းမြစ်: 

Committee Representing Pyidaungsu Hluttaw (CRPH)

Date of Publication: 

2021-05-13

Date of entry: 

2021-05-14

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

282.61 KB

Resource Type: 

text

Text quality: 

    • Good