ဖော်ပြချက်/အကြောင်းအရာ:
စကားချီး။ ။
ဤပုံနှိပ်ထုတ်ဝေမှုသည် TNI ၏ ၂၀၀၉ ခုနှစ်တွင် ထုတ်
ဝေခဲ့သည့် ?ရွှေတြိဂံနယ်မြေမှ ဆေးပြတ်စဝေဒနာများ၊ ဖရိုဖရဲဖြစ်နေ
သည့် မူးယစ်ဆေးဝါးဈေးကွက်? (Withdrawal Symptoms in the Golden
Triangle: A Drugs Market in Disarray) ဟူသည့် အစီရင်ခံစာ၏ နောက်
ဆကတ် အွဲ ကျိုးဆက ်တစခ် ြုဖစသ် ည။် ဤအစရီ ငခ် စံ ာသည ်အရေ့ ှတောင်
အာရှမူးယစ်ဆေးဝါးဈေးကွက်၏ ပြောင်းလဲမှုကို လေ့လာသုံးသပ်၍ အစား
ထိုးအပြောင်းအလဲ ပြုလုပ်နိုင်မည့် ရွေးချယ်စရာမူဝါဒများကို ရေးဆွဲဖော်
ထုတ်ရန် ကြိုးပမ်းခဲ့သည့် ကနဦးအားထုတ်မှုတစ်ရပ်ဖြစ်သည်။ အစီရင်ခံ
စာ၌အရှေ့ တောင ် အာရှေ ဒသတစလ် ာွှ းမ ှ ဘနိ ်းအဓကိ စကို ပ် ျိုးထတု လ် ပု ်
လျက်ရှိသည့် ရြွှေတဂိ ဟံ ု လူသိများသည့် မြန်မာ၊ လာအိုနှင့်ထိုင်းနိုင်ငံ
တို့၌ ၁၉၉၈ မှ ၂၀၀၆ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု သိသိ
သာသာလျော့ကျသွားစေခဲ့သည့် အဓိကမောင်းနှင်အားများနှင့် နောက်
ဆက်တွဲသက်ရောက်မှုများကို ဆန်းစစ်သုံးသပ်ထားခြင်း ဖြစ်သည်။
ထို့ပြင် အိမ်နီးချင်းတိုင်းပြည်များဖြစ်သည့် အရှေ့မြောက်အိန္ဒိယနှင့်
တရုတ်နိုင်ငံ၏ ယူနန်ပြည်နယ်များရှိ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
နှင့်လည်း ဆက်စပ်လျက်ရှိသည်။ အစီရင်ခံစာအတွင်း မြန်မာနှင့် လာအို
နိုင်ငံရှိ ဘိန်းတိုက်ဖျက်ရေးလုပ်ငန်းများ၏ ရေရှည်တည်တံ့ခိုင်မြဲမှုကို
မေးခွန်းထုတ်ခဲ့ပြီး အခြားဒေသများသ့ို ရေ့ွှ ပြောင်း ပျံ့ နံ့ှသာွ းခသဲ့ ည့် ဘနိ ်း
စိုက်ပျိုးထုတ်လုပ်မှုလမ်းကြောင်းများကို မီးမောင်းထိုးပြထားသည်။
?ဆေးပြတ်စဝေဒနာများ? (Withdrawal Symptoms) ကို ပုံနှိပ်
ထုတ်ဝေခဲ့ချိန်မှစ၍ အရှေ့တောင်အာရှ မူးယစ်ဆေးဝါးဈေးကွက်အတွင်း
သိသိသာသာ ပြောင်းလဲမှုများကို တွေ့ရှိလာရသည်။ သိသာထင်ရှားမှု
အရှိဆုံးဖြစ်ရပ်တစ်ခုမှာ တစ်ကျော့ပြန် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည်
၂၀၀၆ ခုနှစ် ထုတ်လုပ်မှုပမာဏထက် နှစ်ဆကျော် မြင့်မားလာခဲ့ခြင်း
ဖြစ်သည်။ ဤသို့မြှင့်တက်လာခြင်းကြောင့် လက်ရှိတည်ဆဲ မူးယစ်
ဆေးဝါးတားဆီးနှိမ်နှင်းရေး မူဝါဒများ၏ ထိရောက်အကျိုးရှိမှုနှင့်
အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ၂၀၁၅ မူးယစ်ကင်းစင်ရေးဒေသတွင်း
ရည်မှန်းချက်ပန်းတိုင်ကြီးကို လက်လှမ်းမီနိုင်ခြင်းရှိမရှိ မေးခွန်းထုတ်
စရာဖြစ်လာခဲ့သည်။ ခြုံငသုံ းုံသပရ် မညဆ် ပို ါက ဒေသတငွ ်း ရ ှိ မးူယစ်
ဆေးဝါးဆုငိ ်ရာ ပြဿနာရပမ် ျားအပေါ် ကငို တ် ယွ သ် ည့် မဝူ ါဒများသည်
တားဆီးချုပ်ချယ်မှု တင်းကျပ်လွန်းအားကြီးသည်။ ယင်းမူဝါဒများသည်
မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း သို့မဟုတ် မူးယစ်ဆေးဝါးသုံးစွဲလျက်ရှိသည့်
လူအုပ်စုများအတွက် ဆိုးရွားပြင်းထန်သည့် နောက်ဆက်တွဲဆိုးကျိုးများ
သာဖြစ်ပေါ်စေခဲ့သည်။ အထူးသဖြင့် အပယ်ခံ လူ့အသိုက်အဝန်းများနှင့်
အဆင်းရဲဆုံး ရပ်ရွာလူထုများအများဆုံး ထိခိုက်ခံစားကြရသည်။
?တစ်ကျော့ပြန်? အစီရင်ခံစာသည် ဒေသတွင်းရှိ မူးယစ်ဆေးဝါး
ထုတ်လုပ်မှုနှင့် သုံးစွဲမှုဆိုင်ရာအခြေအနေများ၏ အကြောင်းတရား
များနှင့် သက်ရောက်ထိခိုက်မှုများကို လေ့လာဆန်းစစ်ထားခြင်းဖြစ်သည်။
ခြငွ ်း ချကမ် ရှိ တားဆီးပိတ်ပင်ခြင်းနှင့် ရက်အကန့်အသတ်အပေါ်အခြေ
ခံ၍ စဉ်းစားတွေးခေါ်မှုသည် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပြဿနာ
ရပ်များကို ပိုမိုကြီးထွားလာစေကြောင်း ဝေဖန်သုံးသပ်ထားခြင်းဖြစ်သည်။
အစီရင်ခံစာ၌အဆိုပြုထားသည့် ရွေးချယ်စရာမူဝါဒများသည် နိုင်ငံတကာ
အလေ့အထကောင်းများ၊ လူ့အခွင့်အရေးစံ သတ်မှတ်ချက်များနှင့်
ကိုက်ညီမှုရှိသည့် အပြင်ကရုဏာတရားနှင့် အထောက်အထားအပေါ်
အခြေပြု၍ ယုတ္တိကျကျဖြင့် ထိထိရောက်ရောက်အကောင်အထည်ဖော်
နိုင်သည့် မူဝါဒများလည်းဖြစ်သည်။
ရင်းမြစ်:
Transnational Institute (TNI)
Date of Publication:
2014-06-14
Date of entry:
2015-12-28
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
7.28 MB