What happens to the body if it is infected with the Coronavirus? - ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရင် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမှာလဲ

Description: 

"၂၀၁၉ ဒီဇင်ဘာကတည်းက တရုတ်နိုင်ငံကနေ စဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ သုံးလကြာအပြီးမှာလည်း အရှိန်လျော့သွားတဲ့လက္ခဏာမပြဘဲ ဆက်ပြီးကူးစက်ပျံ့နှံ့နေသေးတယ်။ အခုဆိုရင် ကမ္ဘာ့နိုင်ငံပေါင်း ၅၅နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောက်ရှိနေတယ်။ လူပေါင်း ရှစ်သောင်းကျော်ကူးစက်ခံထားရပြီး သေဆုံးသူ ၃၀၀၀ ကျော်ရှိနေပါပြီ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကလည်း ဒီကူးစက်ပျံ့နှံ့မှုကို ကမ္ဘာတစ်ခုလုံးမှာ အမြင့်ဆုံးခြိမ်းခြောက်မှုအဖြစ် ပြောင်းလဲသတ်မှတ်ထားပါတယ်။ ဒီရောဂါဟာ ဘာလို့ကြောက်ဖို့ကောင်းနေတာလဲ။ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရရင် ခန္ဓာကိုယ်မှာဘာတွေပြောင်းလဲဖြစ်ပေါ်လာမှာလဲ၊ ဘာတွေခံစားရမလဲဆိုတာကို ဒီဆောင်းပါးမှာ ပြောပြထားပါတယ်။ အဆုတ် အသက်ရှူလမ်းကြောင်းကနေ ကူးစက်တဲ့ရောဂါဆိုတော့ ပထမဆုံးထိခိုက်မယ့်အစိတ်အပိုင်းက အဆုတ်ပါ။ ရောဂါပိုးရှိတဲ့သူတစ်ယောက်က ချောင်းဆိုးနှာချေလိုက်တာကနေ ဗိုင်းရပ်စ်တွေက သူ့ရဲ့ နှာရည်၊ တံတွေးတို့မှာပါသွားပြီး တခြားတစ်ယောက်ကို ကူးစက်နိုင်တယ်။ ပထမဆုံးစပြီး ဖြစ်မယ့် လက္ခဏာတွေကတော့ ရိုးရိုးတုပ်ကွေးမိတဲ့လက္ခဏာတွေဖြစ်တဲ့ ဖျားတာ၊ ချောင်းဆိုးတာ၊ အသက်ရှူရခက်တာနဲ့ အဆုတ်ရောင်တာတွေဖြစ်နိုင်တယ်။ စကူးစက်ပြီး ၂ရက်ကနေ ၁၄ရက်အတွင်းဖြစ်နိုင်တယ် (ဒါပေမယ့် မသေချာသေးဘူး။ တချို့အခြေအနေတွေမှာ တော်တော်ကြာမှဖြစ်တာမျိုးတွေလည်းတွေ့နေရတယ်)။ အသက်ကြီးတဲ့သူတွေနဲ့ နဂိုရောဂါအခံရှိတဲ့သူတွေက ရောဂါရဲ့ဒဏ်ကို ပိုခံစားရတယ်။ ပိုပြင်းထန်တတ်တယ်။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အဆုတ်ကိုထိခိုက်တဲ့ပုံစံဟာ သူ့ညီနောင်ရောဂါတွေဖြစ်တဲ့ SARS နဲ့ MERS ရောဂါတွေနဲ့ဆင်တူတယ်လို့ဆိုပါတယ်။ ဒီအတိုင်းဆိုရင် အဆုတ်ကို ထိခိုက်တဲ့ပုံစံက အဆင့် (၃)ဆင့်ရှိတယ်။ ပထမဆုံးဗိုင်းရပ်စ်တွေပွားမယ်။ ပွားလာတဲ့ဗိုင်းရပ်စ်တွေက ဘာမှန်းမသိတဲ့အခါ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ပြင်းပြင်းထန်ထန်တုံ့ပြန််မှုတွေဆက်ဖြစ်တယ်။ ကိုယ်ခံအားစနစ်တုံ့ပြန်မှုကြောင့် ရောင်ရမ်းမှုတွေဆက်ဖြစ်ပြီးရင်တော့ အဆုတ်မှာထိခိုက်ပြီး အဆုတ်ပျက်စီးမယ်။ ဗိုင်းရပ်စ်ကိုတိုက်ခိုက်ဖို့အတွက် ပြင်းပြင်ထန်ထန်တုံ့ပြန်တဲ့ ကိုယ်ခံအားစနစ်က ရောင်းရမ်းမှုတွေဖြစ်ပေါ်စေတာကြောင့် အဆုတ်မှာရှိတဲ့ သွေးကြောတွေကိုထိခိုက်စေပြီး သွေးကြောငယ်တွေကနေ အရည်တွေစိမ့်ထွက်စေတယ်။ အဲဒီအရည်တွေက အဆုတ်ရဲ့ လေလဲလှယ်တဲ့လေပူပေါင်းငယ်လေးတွေ (alveoli) တွေမှာစုကုန်တဲ့အတွက်ကြောင့် အဆုတ်က သူ့အလုပ်ဖြစ်တဲ့ အောက်ဆီဂျင်ကိုရယူဖို့အတွက် ခက်ခဲလာတာကြောင့်အသက်ရှူရခက်လာမယ်။ နောက်ပိုင်းမှာ လုံးဝကို လေလဲလှယ်မှုမလုပ်နိုင်တော့တဲ့အခြေအနေဖြစ်ပြီး သေဆုံးနိုင်တယ်။ တကယ်လို့ မသေဆုံးဘူးဆိုရင်တောင်မှ အဆုတ်မှာ အမာရွတ်တွေကျန်သွားမယ်။.."

Source/publisher: 

"DVB" (Myanmar)

Date of Publication: 

2020-03-02

Date of entry: 

2020-03-02

Grouping: 

  • Individual Documents

Category: 

Countries: 

China

Geographic coverage: 

Global

Language: 

Burmese (မြန်မာဘာသာ)

Resource Type: 

text

Text quality: 

    • Good