Description:
"This report reviews Myanmar?s drug laws and related policies, including
the 1917 Burma Excise Act; the 1993 Narcotic Drugs and Psychotropic
Substances Law; and the 1995 Rules relating to Narcotic Drugs and
Psychotropic Substances. Since these laws were enacted several
important changes have taken place inside and outside of Myanmar.
The decision of the Myanmar Government to review the law is not only
timely but also offers a prospect to improve the drugs legislation and
to ensure that the laws address drug-related problems in the country
more effectively. It is an opportunity to ensure that affected populations
have access to health care and development, taking into account both
national conditions and international developments and best practices.
This review paper will first give an overview of Myanmar?s current legal and
policy framework related to drugs, followed by an overall analysis. After that
it will make specific comments on a number of key articles. In addition, the
review will outline some international obligations and best practices. Finally,
the paper will make some overall conclusions and recommendations..."
"ဤအစီရင်ခံစာသည် ၁၉၁၇ ခုနှစ် မြန်မာနိုင်ငံယစ်မျိုးအက်ဥပဒေ၊ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ ၁၉၉၅ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ နည်းဥပဒေ တို့အပါအဝင် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့် မူဝါဒများကို ဆန်းစစ်သုံးသပ်ထားခြင်းဖြစ်သည်။ အဆိုပါဥပဒေများ စတင်အသက်ဝင် ပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းနှင့် နိုင်ငံတကာ၌ အရေးပါသည့် အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။ ဥပဒေကို စိစစ်ပြင်ဆင်မည့် မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်သည် အချိန်ကိုက်ဖြစ်ရုံမျှမက မူးယစ်ဆေးဝါးဆိုင်ရာဥပဒေ ပြဋ္ဌာန်းချက်များကို ပိုမိုတိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်မည့် အလားအလာကောင်းများကို ဖော်ထုတ် ပေးပြီးမြန်မာနိုင်ငံအတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာ ရပ်များကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်သည့် ဥပဒေများပေါ်ပေါက်လာ အောင်အထောက်အကူပြုလျက်ရှိသည်။
ပြည်တွင်းအနေအထားများ၊ နိုင်ငံတကာ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အကောင်းဆုံးအလေ့အထများကို ထည့်သွင်းပေါင်းစပ်၍ မူးယစ်ဆေးဝါးကြောင့် ထိခိုက်ခံစားရလျက်ရှိသည့် လူထုအတွက် လိုအပ်လျက်ရှိသည့် ကျန်းမာရေး ပြုစုစောင့်ရှောက်မှုနှင့် ဖွံ့ဖြိုးရေးအကူအညီများကို လက်လှမ်းမီအသုံးပြု နိုင်အောင် ဆောင်ရွက်ပေးနိုင်မည့် အလားအလာကောင်းတစ်ရပ်ဖြစ်သည်။
ဤဆန်းစစ်သုံးသပ်ချက်စာတမ်း၌ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် မြန်မာ နိုင်ငံ၏ တည်ဆဲဥပဒေနှင့် မူဝါဒရေးရာမူဘောင်နှင့် ပတ်သက်၍ ခြုံငုံဆန်းစစ်ချက် အကျဉ်းပါရှိသည့် ယေဘုယျသုံးသပ်ချက်ဖြင့် စတင်ထားပါသည်။ ထို့နောက် ဥပဒေပါ အချို့သောပုဒ်မများအပေါ် အသေးစိတ်စိစစ်သုံးသပ်ချက်များဖြင့် ဆက်လက်ရှင်း လင်းဖော်ပြထားပါသည်။ ထို့ပြင် ဆန်းစစ်သုံးသပ်မှုအတွင်း နိုင်ငံတကာတာဝန်ဝတ္တရား များနှင့် အကောင်းဆုံးအလေ့အထများကိုလည်း မီးမောင်းထိုးပြထားပါသည်။ နောက်ဆုံး အနေဖြင့် စာတမ်းအဆုံးပိုင်း၌ နိဂုံးချုပ်သုံးသပ်ချက်များနှင့် အကြံပြုထောက်ခံချက် အချို့ကို သုံးသပ်တင်ပြထားပါသည်။...."
Source/publisher:
Transnational Institute (TNI)
Date of Publication:
2015-02-00
Date of entry:
2015-02-16
Grouping:
- Individual Documents
Category:
Language:
English & Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
200.85 KB