"The Third Amendment to the Public Debt Management Law” - '' ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေကို တတိယအကြိမ်ပြင်ဆင်ခြင်း''

Description: 

" ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက အောက်ပါရည်ရွယ်ချက်များဖြင့် ပေးပို့လာသော''ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှု ဥပဒေကို တတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေ'' အား ပြည်ထောင်စုလွှတ်တော်က အတည်ပြုထုတ်ပြန်လိုက်သည်။ '' ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေကို တတိယအကြိမ်ပြင်ဆင်ရခြင်း ရည်ရွယ်ချက်'' ၁) ပြည်သူ့ကြွေးမြီဆိုသည်မှာ ပြည်သူလူထု၏ကိုယ်စား အစိုးရအဖွဲ့က တာဝန်ယူ၊ တာဝန်ခံ၍ချေးငွေများကိုရယူပြီး ပြည်သူလူထုအကျိုးစီးပွားအတွက် အစိုးရအဖွဲ့က စီမံခန့်ခွဲသုံးစွဲခြင်းကြောင့်တင်ရှိလာသည့် ကြွေးမြီများသာဖြစ်ပါသည်။ ၂) ပြည်သူလူထုကို ကိုယ်စားပြုခြင်း အလျဉ်းမရှိသော တရားမဝင်အာဏာသိမ်းစစ်ကောင်စီက ပြည်သူလူထုထံမှ နိုင်ငံတော်အာဏာအား အတင်းအဓမ္မလုယူထားသည့်အပြင် ပြည်သူလူထုအားအကြမ်းဖက်နှိပ်စက်သတ်ဖြတ်ရန်အတွက် လိုအပ်သည့်ဘဏ္ဍာရန်ပုံငွေအား ဖြည့်ဆည်းရန်ပြည်တွင်းပြည်ပမှ ချေးငွေများကို ရယူခြင်းသည် ခွင့်လွှတ်လက်ခံနိုင်ဖွယ် လုံး၀မရှိသော လုပ်ရပ်ဖြစ်သည်။ ၃) ထိုကဲ့သို့သော လုပ်ရပ်များကို အမြန်ဆုံး ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန် ရည်ရွယ်၍ ဤဥပဒေကို ပြင်ဆင်ပြဌာန်းရခြင်း ဖြစ်သည်။ “Purpose of the Third Amendment to the Public Debt Management Law” 1) Public debts are liabilities incurred as a result of borrowing by the Government in the name of and on behalf of the people, and are managed and spent in the interest of the people. 2) It is unforgiveable and impermissible for the illegal military council, which has no claim to represent the people, and which has usurped State power by force from the people, to fund their apparatus of terror, persecution and slaughter by borrowing from domestic or foreign lenders under the guise of raising public debt. 3) This law was amended with the purpose to preclude, expeditiously and effectively, any such borrowing. ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw (CRPH)

Date of Publication: 

2021-06-14

Date of entry: 

2021-06-15

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf pdf

Size: 

264.85 KB 919.04 KB

Resource Type: 

text

Text quality: 

    • Good

Remote URL: