Description:
"မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၂၀၁၉ ဩဂုတ်လ (၉) ရက်နေ့တွင် မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအုပ်စု ရဲပြားကုန်းကျေးရွာ
အနီးရှိ မလတ်တောင်ပြိုကျခဲ့ပြီး လူနေ အိမ် (၂၈) အိမ် ပျက်စီးကာ လူ (၇၂) ဦးသေဆုံးခဲ့သည်။
မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၏ပြောကြား ချက်အရ မြေပြိုမှုအတွင်း နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသည့်သူများအတွက်မွန်ပြည်နယ်အစိုးရကနေအိမ်
အသစ် ပြန်လည်ဆောက်လုပ်ပေးမည်ဖြစ်ပြီး...ိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်
၂၀၁၉ ဩဂုတ်လ (၉) ရက်နေ့တွင် မွန်ပြည်နယ်
ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအုပ်စု ရဲပြားကုန်း
ကျေးရွာအနီးရှိ မလတ်တောင်ပြိုကျခဲ့ပြီး လူနေ
အိမ် (၂၈) အိမ် ပျက်စီးကာ လူ (၇၂) ဦးသေဆုံးခဲ့
သည်။
မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၏ပြောကြား
ချက်အရ မြေပြိုမှုအတွင်း နေအိမ်ပျက်စီးဆုံးရှုံးခဲ့
ရသည့်သူများအတွက် မွန်ပြည်နယ်အစိုးရကနေ
အိမ်အသစ် ပြန်လည်ဆောက်လုပ်ပေးမည်ဖြစ်ပြီး
အသက်ဆုံးရှုံးခဲ့ရသူများအတွက်လည်း မွန်ပြည်
နယ် အစိုးရနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ကကျပ်
(၃) သိန်းစီဖြင့် တစ်ဦးလျှင် ကျပ် (၆) သိန်းစီ
ထောက်ပံ့ပေးအပ်သွားမည်ဖြစ် ကြောင်းသိရ
သည်။
“ပြန်လည်နေရာချထားရေးအပိုင်း ဖြစ်
တဲ့အတွက် ရေရှည်စီမံဆောင်ရွက်ရမှာ ဖြစ်
တယ်။ သူတို့ကို ပြန်လည်နေရာချထားဖို့ အစိုးရ
စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေနေရာကို (အရင်) ရှာရ
မယ်။ စားကျက်မြေလို မြေမျိုးပေါ့။ ရှာလို့ရတဲ့
အပေါ်မူတည်ပြီး နောက်တစ်ကြိမ်ဒီလိုမဖြစ်နိုင်တဲ့
နေရာမျိုး၊ မြေနိမ့်ပိုင်းမဟုတ်တဲ့ မြေနေရာမျိုးမှာ
ရေရှည်ဆောင် ရွက်သွားရမယ်” ဟု မွန်ပြည်နယ်
အစိုးရ အဖွဲ့၏ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက
ပြောပါသည်။
ပြည်နယ်အစိုးရက ထိခိုက်ခံစားခဲ့ရသူ
များကို မြေနေရာသစ်သို့ ပြောင်းရွှေ့နေထိုင်ရန်
စီစဉ်နေသော်လည်း ၎င်းတို့ကမူလနေရာတွင်သာ
ပြန်လည်နေထိုင်လိုကြသည်။ မူလနေရာတွင်
ပြန်လည်နေထိုင်ရန် သင့်မသင့်ကို ပညာရှင်များ
က စမ်းသပ်စစ်ဆေးပြီးမှသာ အတည်ပြုနိုင်မည်
ဟု ၎င်းက ဆက်ပြောပါသည်။..."
Source/publisher:
Human Rights Foundation of Monland - Burma (HURFOM)
Date of Publication:
2019-10-15
Date of entry:
2020-01-19
Grouping:
- Individual Documents
Category:
Countries:
Myanmar
Administrative areas of Burma/Myanmar:
Mon State
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
6.6 MB
Resource Type:
text
Text quality:
- Good