The International Organization for Migration continues to provide essential humanitarian and livelihoods assistance to migrants and migrant communities in need - ရွှေ့ပြောင်းသွားလာ နေထိုင်သူများနှင့် ၎င်းတို့၏ရပ်ရွာလူထုများအား လိုအပ်သော လူသားချင်းစာနာထောက်ထားမှုနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အကူအညီများကို IOM မှ ဆက်လက်ထောက်ပံ့ပေးလျက်ရှိ

Description: 

"Despite the ongoing challenges IOM and partners continue providing assistance to support vulnerable migrants and communities Humanitarian assistance Myanmar has always been a country of significant human mobility and one in four people are internal or international migrants. It is therefore not uncommon to see many leveraging migration to complement their income and livelihoods as Ko Kyaw Latt*, a young internal migrant from Mandalay Region explained: “I was a household electrician and regularly travelled from my village to other townships for work. Although this was tiring, I could earn a worthy salary”. However, the ability of internal migrants and communities to benefit from the positive impacts of migration, such as the diversification of livelihoods and incomes, remittances, and the circulation of skills and knowledge, has been disrupted by the multiple crises. COVID-19 control measures such as travel bans and stay-at-home orders continue making migration difficult. As a result, many migrants have lost their jobs and sources of income, leaving them with few options but to put migration plans on hold or return home. The International Organization for Migration (IOM) and partners have been providing humanitarian assistance to internal migrants and migrant families in situations of vulnerability. In 2021, 9,508 internal migrants and migrant-sending families, primarily from Rakhine and Ayeyarwady, have been supported with safe return, food and cash allowances, and hygiene kits. International migrants face similar challenges to those of internal migrants when returning to Myanmar. Renewed outbreaks of COVID-19 in neighbouring countries, particularly in Thailand, have resulted in less job opportunities at usual migrant destinations. Facing decreasing incomes and unable to send regular remittances, an increasing number of migrants have returned despite the challenging socioeconomic and COVID-19 situation in Myanmar in recent months, with estimates of over 50,000 migrants having returned through official border crossings at the Thai-Myanmar border since February. Having left much behind and facing quarantine immediately upon return, many returning migrants are in need of urgent humanitarian assistance. Through its network of Migrant Resource Centres across the country, IOM has mobilized humanitarian assistance to support migrants returning to Myanmar due to the increasingly difficult livelihoods situation abroad. Since May, a total of 7,434 migrants have been supported with migration information services and humanitarian assistance, including onward transportation to their communities of origin, as well as with meals, clothes and hygiene kits. Migration in Myanmar Most Myanmar nationals migrate for better economic opportunities, and 4.25 million Myanmar migrants are abroad, according to a 2019 estimate by MOLIP. Myanmar is a country of vast internal migration, with around 9.4 million Myanmar nationals migrating within the country – approximately 17 per cent of the population. The majority of remittances in Myanmar are received from abroad, and 2020 estimates by MOLIP indicate USD 2.8 billion and USD 5.2 billion remittances were received last year through formal and informal channels, respectively. Livelihood assistance The strengthening of migrants’ skills to enable access to improved livelihood opportunities, remains a key priority for supporting the resilience of migrant households and communities in light of heightened socio-economic vulnerabilities. While operational constraints remain, IOM has maintained skills development programming and in 2021, IOM and partners have supported 1,130 internal and returned migrants to gain enhanced skills and livelihood opportunities through skills development training on a range of topics, including electrical wiring, sewing, food and beverage, English and Japanese language training, among others. Kyaw Kyaw was one of the beneficiaries of the skills training. After he was unable to continue as an electrician due to the crises since February, he undertook the motorbike repair training. “It was very useful for me. Though I had no skills in motorbike repair, I have become sufficiently skilled that I now train others at my village and can gain some income”, he said. IOM and partners in Chin, Shan, Mon and Kayin States and Mandalay, Magway, and Tanintharyi Regions have also been providing micro-enterprise coaching to migrants who successfully complete skills development training. A total of 616 migrants have successfully completed micro-enterprise coaching and launched small businesses. While the context remains challenging, migrants like Kyaw Kyaw retain their aspirations for the future. “My future goal is setting up my own motorbike repair shop. When all this passes, I plan to migrate with the skills I have learned and practice motorbike repair in other places.” IOM and its partners remain committed to support all migrant populations and communities and will continue doing their utmost to ensure essential assistance reaches those in need across Myanmar. * Name changed to protect identity. IOM’s critical work in Myanmar has been made possible thanks to the generous support of the United States Agency for International Development (USAID), the Government of Japan, the European Union, Swiss Development Cooperation (SDC), the Global Fund, and the Livelihoods and Food Security Fund (LIFT). ရွှေ့ပြောင်းသွားလာ နေထိုင်သူများနှင့် ၎င်းတို့၏ရပ်ရွာလူထုများအား လိုအပ်သော လူသားချင်းစာနာထောက်ထားမှုနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အကူအညီများကို IOM မှ ဆက်လက်ထောက်ပံ့ပေးလျက်ရှိ လက်ရှိတွင်ဖြစ်ပေါ်လျက်ရှိသော စိန်ခေါ်မှုများကြားမှ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများသည် အကူအညီများကို အားနည်း၍ လိုအပ်ချက်များပြားသည့် အခြေအနေတွင်ရှိနေသော ရွှေ့ပြောင်းသွားလာနေထိုင်သူများနှင့် ၎င်းတို့၏ရပ်ရွာလူထုများအား ဆက်လက်ပံ့ပိုးလျက်ရှိနေပါသည်။ လူသားချင်းစာနာထောက်ထားမှု အကူအညီ မြန်မာနိုင်ငံသည် လူဦးရေအရ ရွှေ့ပြောင်းသွားလာနေထိုင်မှု အစဉ်အမြဲ သိသာများပြားသော နိုင်ငံတစ်ခုဖြစ်ပြီး လူလေးဦးတွင် တစ်ဦးသည် ပြည်တွင်း (သို့) ပြည်ပသို့ ရွှေ့ပြောင်းသွားလာနေထိုင်နေကြသည်။ ထို့ကြောင့် များစွာသောသူတို့သည် ၎င်းတို့၏ ဝင်ငွေနှင့် အသက်မွေးဝမ်းကျောင်းလိုအပ်ချက်များကို ဖြည့်စွက်ရန် ရွှေ့ပြောင်းသွားလာနေထိုင်နေကြသည်ကို မြင်ရခြင်းမှာ အဆန်းမဟုတ်တော့ကြောင်း မန္တလေးတိုင်းမှ ပြည်တွင်းရွှေ့ပြောင်းသွားလာနေထိုင်သူ လူငယ်တစ်ဦးမှ ဆိုသည်။ "ကျွန်တော်အရင်က အိမ်တွေမှာ လျှပ်စစ်ပညာရှင်အနေနဲ့ အလုပ်လိုက်လုပ်တယ်။ ကျွန်တော့ရွာကနေ တခြားမြို့တွေကို ခရီးပုံမှန်သွားရတာဆိုတော့ ပင်ပန်းတာပေါ့။ ဒါပေမဲ့ ထိုက်တန်တဲ့ လစာတော့ရတာပေါ့" ဟု ကိုကျော်ကျော်လတ်က ဆိုသည်။ သို့သော်လည်း ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းမှ ရနိုင်သော အကျိုးကျေးဇူးများဖြစ်သည့် အသက်မွေးဝမ်းကျောင်းပြုရန်နှင် ဝင်ငွေရရှိနိုင်ရန် အခွင့်အလမ်းများတိုးပွါးလာခြင်း၊ အိမ်သို့ ငွေပြန်ပို့နိုင်ခြင်း၊ အတတ်ပညာနှင့် ဗဟုသုတများ ဖြန့်ဝေပေးနိုင်ခြင်း စသည်တို့ကို ခံစာနိုင်ရန် အနှောင့်အယှက် အကျပ်အတည်းမျိုးစုံရှိနေခြင်းကြောင့် ရွှေ့ပြောင်းသွားလာနေထိုင်သူများနှင့် ၎င်းတို့၏ရပ်ရွာလူထုများမှ အပြည့်အဝ မခံစားရဘဲ ရှိနေသည်။ COVID-19 ထိန်းချုပ်ရေး အစီအမံများဖြစ်သည့် ခရီးသွားလာခွင့် ပိတ်ပင်ခြင်းနှင့် stay-at-home ကဲ့သို့သော အိမ်တွင်းသာနေထိုင်ရန် အမိန့်များကြောင့် ရွှေ့ပြောင်းသွားလာနေထိုင်မှုပြုလုပ်ရန် ခက်ခဲလျက်ရှိနေသည်။ အကျိုးဆက်အနေဖြင့် များစွာသော ရွှေ့ပြောင်းသွားလာနေထိုင်သူတို့သည် အလုပ်အကိုင်နှင့် ဝင်ငွေများ ဆုံးရှုံးနေပြီး ရွေးချယ်နိုင်သည့် အခွင့်အလမ်း နည်းပါးကာ ရွှေ့ပြောင်းသွားလာနေထိုင်မှုပြုလုပ်ရန်အစီအစဥ်များအား ဆိုင်းငံ့၍ မိမိနေရပ်သို့ ပြန်ရသည်များရှိနေသည်။ IOM နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် အားနည်းသော အခြေအနေတွင်ရှိသော ပြည်တွင်းရွှေ့ပြောင်းသွားလာနေထိုင်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို စဉ်ဆက်မပြတ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးလျက်ရှိပါသည်။ ၂၀၂၁ ခုနှစ်အတွင်း ၉၅၀၈ ဦးသော ရွှေ့ပြောင်းသွားလာနေထိုင်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များ (ရခိုင်နှင့် ဧရာဝတီတိုင်းမှ အများစု) ကို ငွေကြေးအထောက်အပံ့၊ တစ်ကိုယ်ရည်သန့်ရှင်းမှုသုံး ပစ္စည်းများနှင့် လုံခြုံစွာဖြင့် နေရပ်ပြန်နိုင်ရေးတို့ ကူညီပံ့ပိုးပေးခဲ့ပါသည်။ ပြည်တွင်းရွှေ့ပြောင်းသွားလာနေထိုင်သူများနည်းတူ ပြည်ပရွှေ့ပြောင်းသွားလာနေထိုင်သူတို့သည်လည်း မြန်မာနိုင်ငံသို့ ပြန်လာရာတွင် အခက်အခဲများ ကြုံတွေ့ကြရသည်။ အထူးသဖြင့် ပုံမှန်ရွှေ့ပြောင်းသွားလာနေထိုင်မှုများသောနေရာများဖြစ်သည့် အိမ်နီးချင်း ထိုင်းနိုင်ငံကဲ့သို့သော နိုင်ငံများတွင် COVID-19 ကူးစက်မှုအသစ်များ ဖြစ်ပွါးမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးလာခဲ့သည်။ မြန်မာနိုင်ငံအတွင်းလူမှုစီးပွားအခက်အခဲများနှင့် COVID-19 အခြေအနေများ ရှိနေသည့်သော်လည်း ဝင်ငွေလျော့နည်းလာခြင်းနှင့် မိမိအိမ်သို့ ပုံမှန်ငွေလွှဲခြင်းများ မပြုလုပ်နိုင်ကြသဖြင့် မြန်မာနိုင်ငံသို့ ပြန်လာကြသည့် ရွှေ့ပြောင်းသွားလာနေထိုင်သူ အရေအတွက်မှာ ပြီးခဲ့သည့်လများအတွင်း ပို၍ပင် တိုးလာခဲ့ပြီး ဖေဖော်ဝါရီလမှ စတင်ကာ ခန့်မှန်းခြေ ၅၀၀၀၀ ကျော်သော ရွှေ့ပြောင်းသွားလာနေထိုင်သူများသည် ထိုင်း-မြန်မာ တရားဝင်နပ်စပ်ဖြတ်ကျော်မှုမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်လာခဲ့ကြသည်။ များစွာသောအရာတို့ကို မျက်နှာလွှဲ ချန်ထားခဲ့ရပြီး မြန်မာနိုင်ငံသို့ ရောက်ရောက်ချင်းတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်ရန်အတွက် သတ်မှတ်ထားသောနေရာများတွင် သီးသန့်ခွဲခြားထိုင်ရသဖြင့် ပြန်လည်ရောက်ရှိလာကြသော ရွှေ့ပြောင်းနေထိုင်သူအများအပြားသည် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများလိုအပ်နေခဲ့ပါသည်။ ပြည်ပတွင် အသက်မွေးဝမ်းကျောင်းပြုရန် အခက်အခဲများ ပိုမိုများပြားလာ၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံတစ်ဝှမ်းရှိ ရွှေ့ပြောင်းလုပ်သား ထောက်ပံ့ကူညီရေး ဗဟိုဌာနများမှတစ်ဆင့် IOM သည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးခဲ့ပါသည်။ မေလမှစတင်ကာ စုစုပေါင်း ၇၄၃၄ ယောက်သော ရွှေ့ပြောင်းသွားလာနေထိုင်သူများကို နေရပ်ပြန်ရန်လိုအပ်သည့် ပို့ဆောင်ဆက်သွယ်ရေးပံ့ပိုးမှု၊ အစားအသောက်၊ အဝတ်အထည်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှု အသုံးအဆောင်ပစ္စည်းများ စသည့် လူသားခြင်းစာနာထောက်ထားမှု အကူအညီများနှင့် ရွှေ့ပြောင်းသွားလာနေထိုင်မှုနှင့်ဆိုင်သာ သတင်းအချက်အလက် ဝန်ဆောင်မှုများကိုလည်း ပံ့ပို့ပေးခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ရွှေ့ပြောင်းသွားလာနေထိုင်မှု အခြေအနေ အများစုသော မြန်မာနိုင်ငံသားများသည် ပိုမိုကောင်းမွန်သော စီးပွါးရေး အခွင့်အလမ်းများအတွက် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းကို ပြုကြသည်။ ၂၀၁၉ ခုနှစ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ ၄.၂၅ သန်းသော မြန်မာနိုင်ငံသားများသည် ပြည်ပရွှေ့ပြောင်းသွားလာနေထိုင်သူများဖြစ်သည်။ မြန်မာနိုင်ငံသည် ပြည်တွင်း ရွှေ့ပြောင်းသွားလာနေထိုင်သူ ၉.၄သန်းခန့်ရှိသည့် ပြည်တွင်းရွှေ့ပြောင်းသွားလာနေထိုင်မှု ကျယ်ပြန့်များပြားသော နိုင်ငံတစ်ခုဖြစ်ပြီး ၎င်းမှာ နိုင်ငံလူဦးရေ၏ ၁၇ ရာခိုင်နှုန်းခန့်ရှိသည်။ မြန်မာနိုင်ငံသည် လွှဲငွေအများစုကို ပြည်ပမှ လက်ခံရရှိပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ၂၀၂၀ ခန့်မှန်းချက်အရ ယမန်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံ နှင့် ၅.၂ ဘီလီယံ တန်ဖိုးရှိ လွှဲငွေများကို တရားဝင်လမ်းကြောင်း နှင့် အလွတ်သဘောမဟုတ်သော လမ်းကြောင်းအသီးသီးတို့မှ ရရှိခဲ့သည်။ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကူအညီ အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများ များပြားလာစေရန်အတွက် ရွှေ့ပြောင်းလုပ်သားများ၏ ကျွမ်းကျင်မှုများကို အားသန်လာအောင်ထောက်ပံ့ပေးခြင်းသည် လက်ရှိဖြစ်ပေါ်လျက်ရှိသော လူမှုစီးပွား အားနည်းချက်များကြားမှ ရွှေ့ပြောင်းသွားလာနေထိုင်သူများရှိသည့် အိမ်ထောင်စုများနှင့် ရပ်ရွာလူထုများ ကြံ့ကြံ့ခံ ရပ်တည်နိုင်ရန်အတွက် အဓိကကြသော အထောက်အပံ့တစ်ခု ဖြစ်ပါသည်။ လုပ်ငန်းလည်ပတ်မှု ကန့်သတ်ချက်များ ရှိနေသည့်ကြားမှ ၂၀၂၁ ခုနှစ်တွင် IOM အနေဖြင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်များကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး IOM ၏ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူနှင့် နေရပ်ပြန် ရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၁၁၃၀ ဦးကို ကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများ မြှင့်တင်နိုင်ရန် လျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်း၊ စက်ချုပ်သင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ၊ အင်္ဂလိပ်စာ၊ ဂျပန်စာ စသည့် သင်တန်းများအပါအဝင် သင်တန်းအမျိုးမျိုးတို့ဖြင့် ပံ့ပိုးနိုင်ခဲ့ပါသည်။ ကျော်ကျော်သည် ထိုသင်တန်းများမှ အကျိုးခံစားရသူ တစ်ဦးဖြစ်ပါသည်။ ဖေဖော်ဝါရီလမှ စတင်ကာ ဖြစ်ပွါးခဲ့သည့် အကျပ်အတည်းကြောင့် ကျော်ကျော်သည် လျှပ်စစ်ပညာရှင်အဖြစ် ဆက်လက်ရပ်တည်ရန် ခက်ခဲခဲ့ပြီးနောက်တွင် မော်တော်ဆိုင်ကယ်ပြုပြင်ခြင်း သင်တန်းကို တက်ရောက်ခဲ့ပါသည်။ "ဒီသင်တန်းက ကျွန်တော့်အတွက် အရမ်းအထောက်အကူဖြစ်ခဲ့ပါတယ်။ ကျွန်တော်အရင်က ဆိုင်ကယ်မပြင်တတ်ခဲ့ပေမဲ့ အခုတော့ လိုအပ်တဲ့ ကျွန်းကျင်မှုလည်း ရှိလာတော့ ရွာမှာ တခြားသူတွေကိုလည်း ပြန်သင်ပေးတယ်။ အဲ့တော့ ဝင်ငွေလည်း ရလာတာပေါ့" IOM နှင့်တကွ ချင်းပြည်နည်၊ ရှမ်းပြည်နည်၊ မွန်ပြည်နည်၊ ကရင်ပြည်နည်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင်ရှိသော မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းကာ ကျွမ်းကျင်မှုတိုးတက်ရေးသင်တန်းများ ပြီးစီးထားသော ရွှေ့ပြောင်းသွားလာနေထိုင်သူများကို အသေးစား စီးပွားရေးလုပ်ငန်းလုပ်ကိုင်ပုံသင်တန်းကိုလည်း ယခုအခါ ပြုလုပ်ပေးလျက်ရှိပါသည်။ ယခုအခါ ထိုအသေးစား စီးပွါးရေးလုပ်ငန်းလုပ်ကိုင်ပုံ သင်တန်းမှ ၆၁၆ ယောက်သော ရွှေ့ပြောင်းသွားလာနေထိုင်သူတို့သည် သင်တန်းကို အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်၍ အသေးစားစီးပွါရေးလုပ်ငန်းများကို စတင်အကောင်အထည်ဖော် လုပ်ဆောင်နေပြီလည်း ဖြစ်ပါသည်။ အခက်အခဲများ ရှိနေသည့်ကြားမှ ကျော်ကျော်ကဲ့သို့သော ရွှေ့ပြောင်းသွားလာနေထိုင်သူများသည် ၎င်းတို့၏ မျှော်မှန်းချက်များကို ဆက်လက် ထားရှိနိုင်ခဲ့ကြပါသည်။ "ကျွန်တော့်ရဲ့ ရည်မှန်းချက်ကတော့ ကိုယ်ပိုင် ဆိုင်ကယ်ပြင်ဆိုင်လေး ဖွင့်နိုင်ဖို့ပါပဲ။ အခုအခြေအနေတွေအားလုံးပြီးသွားတဲ့အခါ ကျွန်တော်သင်ယူတတ်မြောက်ထားတဲ့ကျွမ်းကျင်မှုနဲ့ တခြားနေရာတွေကို ရွှေ့ပြောင်းသွားလာနေထိုင်ပြီးတော့ ဒီဆိုင်ကယ်ပြုပြင်တဲ့ အလုပ်ကို လုပ်ဖို့ ရည်ရွယ်ထားပါတယ်။" IOM နှင့် ၎င်း၏ မိတ်ဆက်အဖွဲ့အစည်းများအနေဖြင့် ရွှေ့ပြောင်းသွားလာနေထိုင်သူ လူထုအားလုံးနှင့် ၎င်းတို့၏ရပ်ရွာလူထုများကို တစိုက်မတ်မတ် ကူညီပံ့ပိုးလျက်ရှိပြီး ဆက်လက်၍လည်း လိုအပ်လျက်ရှိသော အကူညီများ မြန်မာနိုင်ငံတစ်ဝှမ်း အနှံ့အပြားရောက်ရှိနိုင်ရန် အစွမ်းကုန် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ပါသည်။ * အမည်လွှဲကို အသုံးပြုထားပါသည်။ မြန်မာနိုင်ငံအတွင်း IOM ၏ အရေးပါသော လုပ်ဆောင်ချက်များသည် United States Agency for International Development (USAID)၊ the Government of Japan၊ the European Union၊ Swiss Development Cooperation (SDC)၊ the Global Fund နှင့် the Livelihoods and Food Security Fund (LIFT) တို့၏ ရက်ရောသော ပံ့ပိုးမှုတို့ကြောင့် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။..."

Source/publisher: 

United Nations Myanmar

Date of Publication: 

2021-10-01

Date of entry: 

2021-10-01

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

English, Burmese (မြန်မာဘာသာ)

Resource Type: 

text

Text quality: 

    • Good