The deeply disturbing situation in Insein Prison once again shows the brutality and cruelty of the genocidal military junta’s regime in Myanmar - အင်းစိန်ဗဟိုအကျဉ်းထောင်မှ လွန်စွာစိုးရိမ်ထိတ်လန့်ဖွယ်ရာကောင်းသော အခြေအနေများသည်၊ လူမျိုးတုံးသတ်ဖြတ်နေသည့် မြန်မာနိုင်ငံရှိစစ်အာဏာရှင်၏အကြင်နာမဲ့ ရက်စက်မှုများကို တဖန်ပြန်လည် ပြသနေခြင်းဖြစ်သည်။

Description: 

"The deeply disturbing situation in Insein Prison once again shows the brutality and cruelty of the genocidal military junta’s regime in Myanmar. While the whole world is fighting to protect humanity from Covid-19, which has no respect for international borders, political affiliations, colour nor culture, race nor religion, yet instead the military junta in Myanmar, led by failed coup leader Min Aung Hlaing, are doing just the opposite. Before it becomes too late to stop the spreading across international borders, and onto the whole world, the International Community must come together and unite to fight this uncontrolled third wave of the Covid-19 Delta Variant which is surging across the prisons - the concentration camps run by the military junta in Myanmar - and across the Nation.....အင်းစိန်ဗဟိုအကျဉ်းထောင်မှ လွန်စွာစိုးရိမ်ထိတ်လန့်ဖွယ်ရာကောင်းသော အခြေအနေများသည်၊ လူမျိုးတုံးသတ်ဖြတ်နေသည့် မြန်မာနိုင်ငံရှိစစ်အာဏာရှင်၏အကြင်နာမဲ့ ရက်စက်မှုများကို တဖန်ပြန်လည် ပြသနေခြင်းဖြစ်သည်။ ကမ္ဘာတဝှမ်းလုံးသည် လူသားမျိုးနွယ်အား၊ နိုင်ငံတကာ နယ်နိမိတ် စည်းများအပေါ် လေးစားမှုမရှိသော၊ နိုင်ငံရေးနှင့်ပတ်သက် ဆက်နွယ်မှုလည်းမရှိသော၊ အသားအရောင်၊ ဓလေ့ထုံးစံ၊ လူမျိုးရေး၊ဘာသာရေး စသည်တို့ကို သိရှိနားလည်ခြင်းနှင့် လေးစားမှု အလျင်းမရှိသည့် Covid-19 ရောဂါမှ ကာကွယ်နိုင်ရန်အတွက် အပြင်းအထန်တိုက်ခိုက် နေရချိန်တွင်၊ ရှုံးနိမ့်နေပြီဖြစ်သော အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်း စစ်တပ်သည် ကမ္ဘာတဝှမ်းလုံး၏ ဆောင်ရွက်ချက်များနှင့် ဆန့်ကျင်စွာပြုမူ လျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာ နယ်နိမိတ် များမှတဆင့်၊ ကမ္ဘာတဝှမ်းသို့ ရောဂါကူးစက်ပြန့်နှံ့ မှုများမဖြစ်ပွားမီ ဆောလျင်စွာ အချိန်မလင့်နောက်မကျခင် တားဆီးထိန်းချုပ်ရန်လိုအပ်ပါသည်။ အာဏာသိမ်းစစ်တပ်၏ အုပ်ချုပ်မှုအောက် ကျရောက်နေသော မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသား များထားရာ အကျဉ်းထောင်များတွင် ကူးစက်မှုနှုန်းမြင့်တက်လျက်ရှိပြီး ကမ္ဘာတဝှမ်းလုံး အရှိန်အဟုန်နှင့် ကူးစက်ပြန့်ပွားနေသော မထိန်းချုပ်နိုင်သေးသည့် Covid-19 Delta မျိုးကွဲ တတိယလှိုင်းကို အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းများ အနေဖြင့် အတူတကွပူးပေါင်း၍ ညီညီညွတ်ညွတ် တိုက်ထုတ်ကြရမည်ဖြစ်သည်။..."

Source/publisher: 

Ministry of International Cooperation Myanmar

Date of Publication: 

2021-07-24

Date of entry: 

2021-07-24

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

English, Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

297.27 KB

Resource Type: 

text

Text quality: 

    • Good

Remote URL: