သတင်းထုတ်ပြန်ချက် PRF - ပြည်သူ့တော်လှန်ရေး ထောက်ပို့ မိသားစု မှ ရရှိသော ဘဏ္ဍာငွေ သုံးစွဲမှုများနှင့် စပ်လျင်း၍ သတင်းထုတ်ပြန်ချက်

Description: 

"၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေ ရှာဖွေရေး အစီအစဉ်တစ်ခု ဖြစ်သည့် PRF - ပြည်သူ့တော်လှန်ရေး ထောက်ပို့ မိသားစု အစီအစဉ် စတင်ခဲ့သည့်အချိန်ကပင် ယနေ့ထက်တိုင် လစဉ်မပျက် ထည့်ဝင်ပေးခဲ့ကြသော ထောက်ပို့ မိသားစု ရဲဘော်များ ၊ Fundraiser များ နှင့် OFP အဖွဲ့ဝင်များအားလုံးကို ကျေးဇူး အထူး တင်ရှိပါကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ ၂။ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့တော်လှန်ရေး ထောက်ပို့ မိသားစု အစီအစဉ်မှ တဆင့် (၁၅) လ တာ ကာလအတွင်း ဘဏ္ဍာငွေ ခန့်မှန်းအမေရိကန်ဒေါ်လာ (၉.၄၂) သန်း ရရှိခဲ့ပါသည်။ အဆိုပါ ဘဏ္ဍာငွေများကို ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များ၏ ရိက္ခာထောက်ပံ့ငွေအဖြစ် သုံးစွဲခဲ့ပြီး စုစုပေါင်း ရိက္ခာ ထောက်ပံ့ငွေ ၏ ၇၅ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ ၃။ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့တော်လှန်ရေး ထောက်ပို့ မိသားစု အစီအစဉ်မှ ရရှိသည့် ဘဏ္ဍာငွေ များကို စနစ်တကျလက်ခံ၍ တပ်ရင်းများ၏ ရိက္ခာဖူလုံရေးကိစ္စရပ်များတွင် အဓိက အသုံးပြုနေပြီး လစဉ် အသုံးပြုနေ မှုများကို သင့်တော်သလို သတင်းထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။..."

Source/publisher: 

Ministry of Defence - National Unity Government of Myanmar

Date of Publication: 

2023-03-31

Date of entry: 

2023-03-31

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

194.21 KB

Resource Type: 

text

Text quality: 

    • Good