Report of the Investigation Commission for Letpadaung Copper Mining Project

Description: 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ ... နိဒါန်း ၁။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌တင်သွင်းခဲ့သည့် အရေးကြီးအဆိုတွင် စစ်ကိုင်းတိုင်းဒေ သကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းနှင့် စပ်လျဉ်း၍ ကြေးနီမိုင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ခွင့်ပြုရန် သင့်မသင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာအမှတ် (၉၅/၂၀၁၂) အရ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပါသည်။ ၂။ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များသည် စီမံကိန်းနှင့်ပတ်သက်၍ ကျေးရွာလူထု ခံစားနေရသည့် ပြည်သူ့အသံများအပါအဝင် စီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်များကို စုံစမ်းပြီး သုံးသပ်ချက်နှင့်တကွ တင်ပြနိုင်ရန် အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

Source/publisher: 

Letpadaung Investigation Commission via Burma Partnership

Date of Publication: 

2013-03-12

Date of entry: 

2013-03-24

Grouping: 

  • Individual Documents

Category: 

Language: 

Burmese/ မြန်မာဘာသာ

Format: 

Size: