Open Letter to ASEAN Leaders: Recommendations from CSOs in Myanmar and in Southeast Asia to the Special ASEAN Summit on Myanmar - အာဆီယံ ခေါင်းဆောင်များသို့ အိတ်ဖွင့်ပေးစာ – မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှရှိ အရပ်ဘက်လူထုအဖွဲ့အစည်းများမှ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးထိပ်သီးအစည်းအဝေးသို့ ပေးပို့သောအကြံပြုတိုက်တွန်းချက်များ

Description: 

"Your Excellencies, In alignment with the upcoming Special ASEAN Summit on Myanmar on 24 April 2021, we, the undersigned 744 individuals, 402 civil society organisations in Myanmar and 444 in other Southeast Asian nations and globally, call on the ASEAN, its leaders and Member States to come up with an effective and sustainable strategy jointly with the United Nations Security Council, the United Nations Human Rights Council, the International Criminal Court (ICC), and other international community actors in addressing the illegitimate and brutal coup and atrocity crimes committed by the military junta in Myanmar. We welcome the decision to hold the Special ASEAN Summit on Myanmar, based on the proposal made by President Joko Widodo of the Republic of Indonesia to discuss the worsening situation in Myanmar following the violent crackdown against peaceful protesters and the terror campaign against civilians launched by the junta. The decision hopefully constitutes a precedent and reflects the commitment of ASEAN Member States leaders to address Myanmar’s appalling situation using its highest-level policy-making body. However, in view of ASEAN Member States’ differing positions on the coup in Myanmar, we remain extremely concerned that the ASEAN Summit’s response might be to consider the crisis as solely within Myanmar’s domestic affairs and therefore deciding to refrain from any meaningful action in line with the “ASEAN Way” of non-interference and overzealous respect for ‘state sovereignty’. The differing positions of ASEAN Member States have made it difficult for ASEAN to reach a consensus and resulted in equivocations and delayed responses from ASEAN, while the military junta continued its deliberate, murderous attacks on Myanmar’s people, including various violence against women and girls, much to our sorrow and anger. As evidenced from the outputs produced by the Informal ASEAN Foreign Ministers Meeting (IAFMM), ASEAN responses fall well short of meeting the will of the people of Myanmar. The chair’s statement of the IAFMM meeting neither specifically publicly called out the junta’s brutality nor called for stronger cooperation with the UN Security Council and Human Rights Council. Further, it also fails to mention ASEAN’s commitment to supporting targeted economic sanctions against military personnel and business entities and global arms embargo and referral of the Myanmar situation to the ICC. With the different interests and political will of ASEAN Member States at the moment, we are concerned to what extent the Special ASEAN Summit can create an immediate and meaningful intervention to resolve the situation of Myanmar. ASEAN’s collective and meaningful action to uphold democracy is warranted at this time. Any decision by the ASEAN leaders to treat the military junta as the legitimate representative of Myanmar in the Summit will serve to legitimize the military junta’s crimes and will thus damage not only the relationship of ASEAN with the peoples of Myanmar but the people’s movement for democracy and human rights in the region as a whole. Further, the ASEAN and its Member States must recognise the legitimacy of the National Unity Government (NUG), the legitimate and democratically-elected government of Myanmar, given that it represents 76% of elected Members of the Union Parliament, ethnic leaders, the civil disobedience movement, and general strike committees endorsed by the people of Myanmar. Therefore, Myanmar must be represented by the NUG; not by the illegal junta who is trying to take full control of the country through its unprecedented brutality. As we send this letter to the ASEAN Leaders, the violence and killings by the Myanmar military against protesters and supporters continue with no sign of abating. The junta have so far arbitrarily killed 739 and arrested 3,331 people, including women, elderly people and children.[1] In Karen and Kachin ethnic areas, the junta has been bombing villages, displacing more than 30,000 villagers.[2] In these bombing attacks, civilians including children lost their lives as well as faced difficulties not only about their safety, but also for health, shelter and food. Among those fleeing were women, children, elderly and pregnant women who are due to give birth. There was also a case of a woman who gave birth to her child while she was fleeing. Given the gravity of the situation, the increasing number of victims, and the impact of the crisis on the region’s security and political stability, we strongly urge ASEAN to take firm and effective actions to address the Myanmar coup through the Special ASEAN Summit. We urge all ASEAN leaders to listen to, strongly consider, and to heed the aspirations and will of the peoples of Myanmar. The voices of Myanmar people who have risked their lives in defense of democracy and justice must be the anchor, the conscience, behind any modality and outcome of the Special ASEAN Summit on Myanmar.....၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ထိပ်သီးအစည်းအဝေးနှင့်အညီ အာဆီယံခေါင်းဆောင်များနှင့် အဖွဲ့ဝင်နိုင်ငံများကို မြန်မာနိုင်ငံတွင် ဖြစ်နေသည့် တရားမဝင် ရက်စက်သော အာဏာသိမ်းမှုနှင့် စစ်အုပ်စုက ကျူးလွန်သော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကုသသမဂ္ဂ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၊ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) နှင့် အခြားသက်ဆိုင်ရာ နိုင်ငံတကာအသိုင်းအဝိုင်းများနှင့်အတူ ထိရောက်ခိုင်မာသော မဟာဗျူဟာတစ်ခုကို ပူးတွဲလုပ်ဆောင်ရန် အောက်တွင် လက်မှတ်ရေးထိုးထားသော တစ်သီးပုဂ္ဂလ ၇၄၄ ဦး၊ မြန်မာနိုင်ငံမှ အရပ်ဘက်လူထုအဖွဲ့အစည်း ၄၀၂ ဖွဲ့နှင့် အခြား အရှေ့တောင်အာရှနိုင်ငံများမှ အရပ်ဘက်လူထုအဖွဲ့အစည်း ၄၄၄ ဖွဲ့တို့က တောင်းဆိုလိုက်သည်။ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒို (Joko Widodo) ၏ အဆိုပြုချက်အပေါ် အခြေခံပြီး မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် စစ်အုပ်စုမှ လုပ်ဆောင်သော အကြမ်းဖက် ဖြိုခွဲမှုများနှင့် အရပ်သားများအပေါ် ကြောက်မက်ဖွယ် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့်နောက်ပိုင်း ပိုမိုဆိုးရွားလာနေသော အခြေအနေများကို ဆွေးနွေးရန်အတွက် အာဆီယံအထူးထိပ်သီးအစည်းအဝေးကို ကျင်းပပြုလုပ်ရန် ဆုံးဖြတ်ချက်ကို မိမိတို့မှ ထောက်ခံကြိုဆိုသည်။ ယင်းဆုံးဖြတ်ချက်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များမှ ၎င်းတို့၏ အမြင့်ဆုံးအဆင့် မူဝါဒရေးဆွဲချမှတ်သည့်အဖွဲ့ကို အသုံးပြုပြီး မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ဆိုးရွားလှသည့် အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် ကတိကဝတ်ပြုမှုကို ထင်ဟပ်သည့်အပြင် လိုက်နာရမည့်ထုံးတမ်းစဉ်လာဖြစ်လာလိမ့်မည်ဟု မျှော်လင့်ပါသည်။ သို့ရာတွင် မြန်မာနိုင်ငံရှိ အာဏာသိမ်းမှုအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ မတူကွဲပြားနေသော ရပ်တည်ချက်များကို ကြည့်ခြင်းအားဖြင့် အာဆီယံထိပ်သီးအစည်းအဝေးမှ မြန်မာနိုင်ငံ၏ အကြပ်အတည်းကို ပြည်တွင်းရေးသာဖြစ်ပြီး “အာဆီယံနည်း” အရ ဝင်ရောက်စွက်ဖက်မှု မပြုခြင်းနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာအပေါ် အလွန်အကျွံ လေးစားမှုတို့ကြောင့် အဓိပ္ပါယ်ပြည့်၀သော အရေးယူ ဆောင်ရွက်မှု လုပ်ဆောင်ခြင်းမှ ရှောင်ကြဥ်သွားမည်ကို မိမိတို့မှ စိုးရိမ်မိပါသည်။ စစ်အုပ်စုမှ မြန်မာပြည်သူများအပေါ် တမင်ရည်ရွယ်သော သတ်ဖြတ်တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေချိန်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား မတူကွဲပြားသော ရပ်တည်ချက်များက အာဆီယံအတွက် ဘုံသဘောတူညီချက် ရရှိရန် အခက်အခဲဖြစ်စေပြီး မရေရာမှုများကို ထွက်ပေါ်စေခြင်းနှင့် အာဆီယံ၏ တုံ့ပြန်မှုများ နှောင့်နှေးကြန့်ကြာနေမှုသည် မိမိတို့အား ဝမ်းနည်း အမြတ်ဒေါသ ဖြစ်စေပါသည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေး (IAFMM) မှ ထွက်ပေါ်လာသော ရလဒ်များက ဖော်ပြနေသည်မှာ အာဆီယံ၏ တုံ့ပြန်မှုသည် မြန်မာပြည်သူများ၏ ဆန္ဒနှင့် ကိုက်ညီမှု မရှိပေ။ IAFMM အစည်းအဝေး ဥက္ကဌ၏ ကြေညာချက်သည် စစ်အုပ်စု၏ ရက်စက်ယုတ်မာမှုများကို တိကျစွာ လူသိရှင်ကြား ဝေဖန်ရှုတ်ချခြင်း မရှိသကဲ့သို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီများနှင့် ပိုမိုအားကောင်းသော ပူးပေါင်းဆောင်ရွက်ရေးအတွက် တောင်းဆို ခဲ့ခြင်းလည်း မရှိပေ။ ထို့အပြင် အာဆီယံသည် စစ်အုပ်စု ခေါင်းဆောင်များနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ပစ်မှတ်ထား စီးပွားရေးအရေးယူပိတ်ဆို့မှုများ၊ ကမ္ဘာတစ်ဝှမ်း လက်နက်ခဲယမ်း ပိတ်ဆို့မှု နှင့် မြန်မာနိုင်ငံ အခြေအနေကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းရေး တောင်းဆိုချက်များအပေါ် ထောက်ခံရေး ၎င်း၏ ကတိကဝတ်ကို ဖော်ပြရန်လည်း ပျက်ကွက်ခဲ့သည်။ လက်ရှိအချိန်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ မတူညီသော အကျိုးစီးပွားနှင့် နိုင်ငံရေးစိတ်ဆန္ဒများ ရှိနေခြင်းကြောင့် မြန်မာနိုင်ငံ၏ အခြေအနေကို ဖြေရှင်းရန် အာဆီယံအထူးထိပ်သီးအစည်းအဝေးမှ လျင်မြန်ပြီး အဓိပ္ပာယ်ပြည့်ဝသော ကြားဝင်ဖြေရှင်းမှုကို မည်သည့်အတိုင်းအတာအထိ ဖော်ဆောင်နိုင်မည် ဆိုသည့်အပေါ် မိမိတို့မှ စိုးရိမ်ပူပန်သည်။ ယခုအချိန်တွင် ဒီမိုကရေစီ ထိန်းသိမ်းရေးအတွက် အာဆီယံ၏ အဓိပ္ပါယ်ပြည့်ဝသော စုပေါင်းအရေးယူဆောင်ရွက်မှုကို လိုအပ်သည်။ လာမည့် ထိပ်သီးအစည်းအဝေးတွင် အာဆီယံ ခေါင်းဆောင်များမှ စစ်အုပ်စုအား မြန်မာနိုင်ငံ၏ တရားဝင်သော ကိုယ်စားလှယ်အဖြစ် သတ်မှတ်ဆက်ဆံရန် ဆုံးဖြတ်ပါက စစ်အုပ်စု၏ ရာဇဝတ်မှုများကို တရားဝင်စေမည်ဖြစ်သဖြင့် အာဆီယံနှင့် မြန်မာပြည်သူတို့၏ ဆက်ဆံရေးကိုသာမက ဒေသတွင်းတစ်ခုလုံး၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှု ကိုလည်း ပျက်စီးစေလိမ့်မည်။ ထို့အပြင် အာဆီယံနှင့် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရွေးကောက်တင်မြှောက်ခံထားရသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၆%၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုနှင့် အထွေထွေသပိတ်ကော်မတီများဖြင့် ပါဝင်ဖွဲ့စည်းထားသော မြန်မာပြည်သူများ ထောက်ခံ ထားသည့် တရားဝင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံ မြန်မာနိုင်ငံ၏ အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင်မှုကို အသိအမှတ်ပြုရမည်။ ထို့ကြောင့် အမျိုးသားညီညွတ်ရေး အစိုးရကသာ မြန်မာနိုင်ငံကို ကိုယ်စားပြုရမည်ဖြစ်ပြီး ဆိုးရွားလှသည့်ရက်စက်ကြမ်းကြုတ်မှုများမှတစ်ဆင့် နိုင်ငံကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည့် တရားမဝင် စစ်အုပ်စုက မဖြစ်ရပေ။ ဤစာကို အာဆီယံခေါင်းဆောင်များထံ ပေးပို့သည့်အချိန်တွင်ပင် ဆန္ဒပြသူများအပေါ် လုပ်ဆောင်နေသော စစ်အုပ်စု၏ အကြမ်းဖက်မှုများနှင့် သတ်ဖြတ်မှုများသည် လျော့နည်းလာမည့်လက္ခဏာ မရှိဘဲ ဆက်လက်ဖြစ်ပွားနေသည်။ လက်ရှိအချိန်ထိတွင် စစ်အုပ်စုမှ လူဦးရေ ၃,၂၂၉ ဦး မတရားဖမ်းဆီး ထိန်းသိမ်းထားပြီး လူပေါင်း ၇၃၇ ဦးကို သတ်ဖြတ်ခဲ့ကာ ထိုအထဲတွင် အမျိုးသမီး၊ သက်ကြီးရွယ်အိုများနှင့် ကလေးများ ပါဝင်သည်။[1] ကရင်နှင့် ကချင် တိုင်းရင်းသား နယ်မြေများတွင် စစ်အုပ်စုက ကျေးရွာများအား ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားပေါင်း ၃၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်။[2] ထိုဗုံးကြဲ တိုက်ခိုက်မှုများတွင် ကလေးငယ်များအပါအဝင် အရပ်သားများ အသက်ဆုံးရှုံးရမှုများအပြင် ၎င်းတို့၏ လုံခြုံမှုအတွက်သာမက ကျန်းမာရေး၊ နေထိုင်ရေးနှင့် အစားအသောက်တို့အတွက်ပါ အခက်အခဲများ ကြုံတွေ့ရသည်။ ထိုထွက်ပြေးရသူများထဲတွင် အမျိုးသမီးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မွေးဖွားခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးတို့ ပါဝင်သည်။ ထိုအထဲတွင် ထွက်ပြေးတိမ်းရှောင်ရင်း မီးဖွားခဲ့ရသော အမျိုးသမီးတစ်ဦး၏ ဖြစ်ရပ်လည်း ရှိခဲ့သည်။ အခြေအနေ၏ ဆိုးရွားမှု၊ ကျူးလွန်ချိုးဖောက် ခံနေရသူ အရေအတွက် များပြားလာမှုနှင့် ဒေသတွင်း လုံခြုံရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုတို့အပေါ် မြန်မာနိုင်ငံ အကြပ်အတည်း၏ သက်ရောက်မှုကြောင့် အာဆီယံထိပ်သီး အစည်းအဝေးမှတစ်ဆင့် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို ဖြေရှင်းရန်အတွက် အာဆီယံအနေဖြင့် ခိုင်မာထိရောက်သော အရေးယူဆောင်ရွက် မှုများ လုပ်ဆောင်ရန် မိမိတို့မှ တိုက်တွန်း တောင်းဆိုသည်။ အာဆီယံ ခေါင်းဆောင်များမှ မြန်မာပြည်သူများ၏ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒကို နားထောင်ပြီး အလေးအနက်ထား ထည့်သွင်းစဥ်းစားလုပ်ဆောင်ရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။ ဒီမိုကရေစီနှင့် တရားမျှတမှု ကာကွယ်ရာတွင် ၎င်းတို့၏ အသက်များကို စတေးထားသော မြန်မာပြည်သူများ၏ အသံများသည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးထိပ်သီးအစည်းအဝေး၏ လုပ်ဆောင်မှုပုံစံနှင့် ရလဒ်များ၏ အခြေခံကျောရိုး ဖြစ်ရမည်။..."

Source/publisher: 

744 individuals, 402 civil society organisations in Myanmar, 444 in other Southeast Asian nations and globally via "Progressive Voice"

Date of Publication: 

2021-04-23

Date of entry: 

2021-04-23

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

English, Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf pdf

Size: 

155.85 KB 317.76 KB

Resource Type: 

text

Text quality: 

    • Good

Alternate URLs: 

Remote URL:

Remote URL: