နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ပက်သက်သော အခြေအမြစ် မရှိသည့် တရားစီရင်မှုအပေါ် ရှုံ့ချခြင်း

Description: 

"နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက မဟုတ်မမှန် တရားစွဲဆိုမှုတွင် စွပ်စွဲခံရသူဖက်မှ ခုခံချေပခွင့်လည်းမရှိ၊ အများပြည်သူရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ စီရင်ခြင်းလည်း မရှိ၊ အပြစ်ရှိသည်ဟု (၅) မိနစ်အတွင်း ဆုံးဖြတ်ချက် ချမှတ်သော “ဟန်ပြ” တရားခွင်သည် အများပြည်သူ ယုံကြည်လက်ခံနိုင်မှုကိုသော်လည်းကောင်း တရားမျှတမှုကိုသော်လည်းကောင်း ဆောင်ကြဉ်း နိုင်သည်မဟုတ်ပါ။ ယခုကဲ့သို့ ဝါဒဖြန့် “ဟန်ပြ” တရားခွင်သည် အကြမ်းဖက် စစ်ကောင်စီ၏ သဘောထား (၂) ချက်ကို ပိုမို ပေါ်လွင်စေသည်။ ပထမတစ်ချက် ၎င်းတို့အနေဖြင့် မြန်မာပြည်သူများအပေါ် မလျော်ကန်စွာ သက်ရောက်စေသည့် တရားစီရင်ရေး အတုအယောင်ကို အရှက်သိက္ခာကင်းမဲ့စွာ အသုံးချရန် ဝန်မလေးခြင်းနှင့် ဒုတိယတစ်ချက်အနေဖြင့် ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်သူ ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို ကြောက်ရွံ့နေသေးခြင်း တို့ မှာ သိသာထင်ရှားသည်။ အများပြည်သူ ယုံကြည်လေးစားရသူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေါ်လာ (၆) သိန်းတန်ဖိုးရှိ ရွှေချောင်းများကို လာဘ်ပေးလာဘ်ယူ ပြုမူခဲ့သည့် သက်သေများရှိသည်ဟု စစ်ကောင်စီက တရားခွင်တွင် မဟုတ်မမှန် လိမ်လည် ပြောကြားခဲ့သည်။ နေအိမ်အကျယ်ချုပ်နှင့် ထောင်သွင်း အကျဉ်းချခံရခြင်းများဖြင့် သူမဘဝတစ်လျောက် မြန်မာပြည်သူလူထု လွတ်လပ်ရန် တစ်စိုက်မက်မက် ကြိုးစားခဲ့သော ဒေါ်အောင်ဆန်းစုကြည်အား ယခုကဲ့သို့ စွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်း သိသာစေပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ၎င်းစွပ်စွဲချက်ကို အခြေအမြစ်မရှိကြောင်း ပြောဆိုပယ်ချခဲ့သည်။ ယခုအပတ်အတွင်း ချမှတ်သော အတုအယောင် တရားခွင်သည် စစ်ကောင်စီအနေဖြင့် လူထုခေါင်းဆောင်အပေါ် စီရင်နေသော မလျော်ကန်သည့် တရားခွင်များအနက်မှ လက်တလော နောက်ဆုံး တရားခွင်တစ်ခုပင် ဖြစ်သည်။ အသစ်ပြန်လည်တည်ဆောက်မည့် မြန်မာနိုင်ငံတော်ကြီးတွင် ဒီမိုကရေစီစနစ် ပြန်လည် ဆောင်ကြဉ်း၍ လွတ်လပ်ပြီးတရားမျှတသော တရားစီရင်ရေးစနစ်ကို ဖော်ဆောင်ပြီး ယခုကဲ့သို့ ယုတ်မာရက်စက်သော မတရားမှုများကို အဆုံးသတ်မည် ဖြစ်ပါသည်။ စစ်ကောင်စီလက်အောက်မှ အုပ်ချုပ်မှုကင်းလွတ်နေသည့် စိုးမိုးနယ်မြေများတွင် ကြားကာလ တရားစီရင်ရေးစနစ်ကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနက စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။..... အမျိုးသားညီညွတ်ရေးအစိုးရ..... တရားရေးဝန်ကြီးဌာန..."

Source/publisher: 

Ministry of Justice - NUG

Date of Publication: 

2022-05-02

Date of entry: 

2022-05-02

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

201.79 KB

Resource Type: 

text

Text quality: 

    • Good