နှစ် (၆၀) ပြည့် ဆဲဗင်းဂျူလိုင်နေ့သို့ပေးပို့သည့် သဝဏ်လွှာ

Description: 

"၁။ အာဏာတည်မြဲရေးအတွက် ပြည်သူလူထုအား ဖိနှိပ်မှုအမျိုးမျိုးဖြင့် အုပ်ချုပ်နိုင်ရန် ကြိုးပမ်းခဲ့ကြသည့် စစ်အာဏာရှင်များက ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် ယင်းတို့အား ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ကျောင်းသားလူငယ်များအား သွေးချောင်းစီးအောင် ဖြိုခွင်း သတ်ဖြတ်ခဲ့သည့် ဝမ်းနည်းဖွယ်အဖြစ်အပျက်သည် ယနေ့ဆိုလျှင် နှစ်ပေါင်း (၆၀) ပြည့်မြောက် ခဲ့ပြီ ဖြစ်ပါသည်။ ၂။ စစ်အာဏာရှင်နေဝင်းဦးဆောင်သော အာဏာသိမ်းအစိုးရသည် တက္ကသိုလ် ကျောင်းသားထုအား ဖိနှိပ်ချုပ်ချယ်သည့် ကျောင်းဆောင်စည်းကမ်းသစ် (၂၂) ချက်ကို ထုတ်ပြန် ခဲ့ရာ မတရားမှုကိုလက်ခံနိုင်ခြင်းမရှိသော ကျောင်းသားထုနှင့်ကျောင်းသားသမဂ္ဂတို့က ၎င်းကိစ္စ ကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပါသည်။ ထို့ကြောင့် ၁၉၆၂ခုနှစ်၊ ဇူလိုင်လ၊ ၇ရက်နေ့တွင် စစ်တပ်သည် လက်နက်သုံး၍ အင်အားအလုံးအရင်းဖြင့် သွေးချောင်းစီးအောင် ဖြိုခွဲရာ ကျောင်းသားများ ရာချီသေဆုံးခဲ့ကြရပြီး ကျောင်းသားသမဂ္ဂ အဆောင်ကိုလည်း ဗုန်းခွဲဖျက်စီးခံ ခဲ့ကြပါသည်။ ထိုအချိန်မှစ၍ စစ်အစိုးရအဆက်ဆက်သည် ကျောင်းသားသမဂ္ဂများကို တရားဝင် ရပ်တည်ခွင့်မပေးဘဲ ကွယ်ပျောက်သွားစေရန် ကြိုးပမ်းခဲ့ကြပါသည်။ ၃။ မည်သို့ပင် ဖိနှိပ်ချုပ်ချယ်ပိတ်ပင်ခဲ့သော်လည်း ကျောင်းသားသမဂ္ဂများသည် ထိုအချိန် မှစ၍ ခေတ်အဆက်ဆက်တွင် ဒီမိုကရေစီအရေး၊ ပညာရေး၊ ငြိမ်းချမ်းရေး၊ ကျောင်းသားများ၏ အခွင့်အရေးအား ကာကွယ်နိုင်ရေးတို့အတွက် စစ်အာဏာရှင်များ၏ မတရားသော ဖိနှိပ်မှုများကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်တော်လှန်ခဲ့ကြပါသည်။ ၄။ ကျောင်းသားပြည်သူများက စုပေါင်းအားဖြင့် အသက်သွေးချွေးများစွာ စတေး၍ ခက်ခဲပင်ပန်းစွာရယူခဲ့ရသည့် မြန်မာ့ဒီမိုကရေစီဖွံ့ဖြိုးမှုတို့အား လက်နက်အားကိုးဖြင့် သိမ်းယူရန် ကြိုးပမ်းခဲ့သည့် လူသတ်‌‌ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်အာဏာသိမ်းအုပ်စုအား ဆန့်ကျင်တော်လှန်နေသည့် မြန်မာ့နွေဦးတော်လှန်ရေးခရီးကြမ်းတွင်လည်း ကျောင်းသားလူငယ် တို့သည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါသည်။ ၅။ အာဏာရှင်များအား ခေတ်‌အဆက်ဆက်တွင် နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန် ခဲ့သည့်နည်းတူ ယနေ့အချိန်တွင်လည်း နည်းပညာ၊ ကျွမ်းကျင်မှုတို့အပြင် ခက်ခဲကြမ်းတမ်းသော လက်နက်ကိုင်ခုခံဆန့်ကျင်ရာတွင်လည်း အင်အားကြီးသောအစုအဖွဲ့အဖြစ် ရပ်တည်လျက်ရှိ ပါသည်။ စစ်အာဏာရှင်တို့က အလိမ်အညာလှည့်ဖြားမှုများဖြင့် တော်လှန်ရေးအရှိန်ကျသွား စေရန် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းလုပ်ဆောင်နေသော်လည်း ကျောင်းသားလူငယ်များ၏ ပြင်းပြသောစိတ်ဓာတ်၊ ခိုင်မာသော လုံ့လအားစိုက်မှုတို့အား များစွာဂုဏ်ယူလေးစားပါကြောင်း ဖော်ပြအပ် ပါသည်။ ၆။ အကြမ်းဖက် စစ်အာဏာရှင်တို့သည် မသမာသော လုပ်ရပ်အမျိုးမျိုးဖြင့် တော်လှန်ရေး ပျက်ပြားစေရန် ကြိုးပမ်းနေစေကာမူ တိုင်းရင်းသား ပြည်သူများနှင့်အတူ ဒီမိုကရေစီအရေးအတွက် ဆက်လက်ပါဝင်ဆင်နွှဲသွားကြမည့် ကျောင်းသားလူငယ်တို့နှင့် မိမိတို့အားလုံး၏ ထပ်တူညီသော ဆန္ဒဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ ယုံကြည်ချက်အပြည့် အဝဖြင့် ဆက်လက်ချီတက်ကြပါစို့ဟု တိုက်တွန်းရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2022-07-07

Date of entry: 

2022-07-07

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

301.75 KB

Resource Type: 

text

Text quality: 

    • Good