Description:
"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန
ထုတ်ပြန်ကြေညာချက်အမှတ်(၂/၂၀၂၁)
၂၀၂၁ ခုနှစ်၊ မေလ (၁၅) ရက်
၁။ ယနေ့နံနက်မှစ၍အကြမ်းဖက်စစ်ကောင်စီ၏ မြေပြင်နှင့်ဝေဟင် တိုက်ခိုက်မှုများကြောင့် မင်းတပ်မြို့သည် စစ်မြေပြင်ကဲ့သို့ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီအနေဖြင့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ကာ ဖမ်းဆီးခံရသည့် ပြည်သူလူထုအား လူသားဒိုင်းအဖြစ်အသုံးပြု၍ ပြင်းထန်စွာ ထိုးစစ်ဆင်နေကြောင်း သိရသည်။
၂။ မင်းတပ်မြို့ရှိ တိုက်ပွဲများကြားတွင် ပိတ်မိနေသော အရွယ်မရောက်သေးသည့် ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ အတွက် အထူးစိုးရိမ်မိပါသည်။
၃။ အကြမ်းဖက်စစ်ကောင်စီသည် ဖမ်းဆီးခံအမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုများ ရှိနေကြောင်းလည်း သက်သေအချက်အလက်များဖြင့် တိုင်ကြားမှုများ ရှိနေပါသည်။ စစ်ကောင်စီ အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အာဆီယံ၏ တောင်းဆိုချက်များအပေါ် လိုက်နာရန်၊ မင်းတပ်မြို့ရှိ ပြည်သူလူထုအား ဝေဟင်စစ်ကြောင်း၊ မြေပြင်စစ်ကြောင်းများဖြင့် အင်အား အလွန်အကျွံသုံးပြီး တိုက်ခိုက်မှုများကိုရပ်တန့်ရန်၊ ဒေသခံလူထုများအပေါ် ဓားစာခံအဖြစ် အသုံးချခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ကျုးလွန်နေခြင်းတို့ကို ချက်ချင်းရပ်တန့်ရန် ထုတ်ပြန်လိုက်သည်။
၄။ ဝန်ကြီးဌာနအနေဖြင့် မင်းတပ်မြို့ရှိ ပြည်သူများ တရားမျှတမှုရရှိစေရန်အတွက် နိုင်ငံတကာ စစ်ခုံရုံးများတွင် အကြမ်းဖက်စစ်ကောင်စီ၏ ကျူးလွန်မှုများကို တိုင်ကြားသွားမည် ဖြစ်ပါသည်။ ထို့အပြင် မင်းတပ်မြို့လူထုအတွက် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများ အလျင်အမြန် ရရှိနိုင်ရန်လည်း ကူညီသွားမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ..."
Source/publisher:
Ministry of Women, Youths and Children Affairs
Date of Publication:
2021-05-15
Date of entry:
2021-05-15
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
178.49 KB
Resource Type:
text
Text quality:
- Good
Remote URL:
fbml (Burmese version)