National Unity Government: Ministry of Labour Announcement No. 2/2021 - အလုပ်သမားဝန်ကြီးဌာန ကြေငြာချက်အမှတ် ၂/၂၀၂၁

Description: 

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန ကြေညာချက်အမှတ် ၂/၂၀၂၁ ၁၃၈၃ ခုနှစ်၊ နယုန်လပြည့်ကျော် (၂)ရက် ၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၂၆)ရက် ၁။ အရပ်သားအစိုးရထံမှ မတရားအာဏာသိမ်းယူထားသော အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် အလုပ်သမားအဖွဲ့ချုပ်များနှင့် အလုပ်သမားရေးဆောင်ရွက်နေသော အဖွဲ့အစည်း ၁၆ ဖွဲ့အား တရားဝင်အဖွဲ့အစည်းများမဟုတ်ကြောင်း၊ ယင်းတို့၏လှုပ်ရှားဆောင်ရွက်မှုများသည်လည်း ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း ဆက်လက်လှုပ်ရှား ဆောင်ရွက်ပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ( ၁၊ ၀၃၊ ၂၀၂၁) ရက်နေ့တွင် ကြေငြာခဲ့သည်။ (၁) ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(ABFTU)၊ (၂) အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီ‌ရေးအဖွဲ့ (၃) အနာဂါတ် အလင်းတန်းဆုံမှတ်အဖွဲ့ (၄) Action Labor Rights (၅) All Myanmar Trade Union’s Network (၆) Agriculture Freedom of Myanmar (၇) Association for Labour Development(ALD) (၈) Federation of General Workers Myanmar (၉)Freedom and Labour Action Group (၁၀) Labour Power Group (၁၁) We Generation Network (၁၂) ရောင်ခြည်ဦးအလုပ်သမားအဖွဲ့၊ (၁၃) သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(မြန်မာ)STUM (၁၄) အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(Cooperation Committee of Trade Unions-CCTU) (၁၅) မြန်မာနိုင်ငံလုံးဆိုင်ရာ ရေနံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (၁၆) စက်မှုလုပ်ငန်းဆိုင်ရာအမျိုးသမီးအလုပ်သမားများအစည်းအရုံး(Industrial Woman Worker Organization-IWWO) ၂။ မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO)၏ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့် Freedom of Association Convention 87 ကို လက်မှတ်ထိုးထားသော နိုင်ငံတနိုင်ငံဖြစ်သည်။ အလုပ်သမားတိုင်းသည် မိမိတို့ အလုပ်သမားအရေး ဆောင်ရွက်ရန် အလို့ငှါ အဖွဲ့အစည်းများကို လွတ်လပ်စွာစည်းရုံး ဖွဲ့စည်းခွင့် လှုပ်ရှားဆောင်ရွက်ခွင့် ရှိသည်။ ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဖွဲ့စည်းခွင့် ဥပဒေသည် မှတ်ပုံတင်ဥပဒေသာဖြစ်သည်။ အဆိုပါ ဥပဒေနှင့်အညီ မှတ်ပုံမတင်သော အလုပ်သမားအဖွဲ့အစည်းများကို တရားမဝင်အဖွဲ့များအဖြစ် သတ်မှတ်ခွင့်မရှိပါ။ ယခုလို အရပ်သားအစိုးရထံမှ မတရားအာဏာလုယူထားသော အကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ပြန်ချက်သည် ဂျီနီဗာ ကွန်ဗင်းရှင်းကို ဖောက်ဖျက်ရာလည်း ရောက်နေပါသည်။ သို့ဖြစ်ရာ အထက်ပါ အလုပ်သမား‌ရေး‌ဆောင်ရွက်နေသော အဖွဲ့အစည်း ၁၆ ဖွဲ့သည် မိမိတို့၏ အဖွဲ့အစည်းများကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိကြောင်းနှင့် မိမိတို့၏ သက်ဆိုင်ရာ အလုပ်သမားရေးရာ လုပ်ငန်းများကို လွတ်လပ်စွာ ဆောက်ရွက်ခွင့် ရှိကြောင်း ကြေငြာလိုက်သည်။..... ပုံ နိုင်သုဝဏ္ဏ ပြည်ထောင်စုဝန်ကြီး အလုပ်သမားဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်..."

Source/publisher: 

Ministry of Labour

Date of Publication: 

2021-05-26

Date of entry: 

2021-06-26

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

212.59 KB

Resource Type: 

text

Text quality: 

    • Good