National Unity Government: Ministry of Labour Announcement No. 12/2022 - အလုပ်သမားဝန်ကြီးဌာန ကြေငြာချက်အမှတ် ၁၂/၂၀၂၂

Sub-title: 

အမည်ပျက်စာရင်း ကြေညာခြင်းနှင့်ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း

Description: 

"ကြေညာချက်အမှတ် (၁၂/၂၀၂၂) ၁၃၈၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက် (၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့) အမည်ပျက်စာရင်း ကြေညာခြင်းနှင့်ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံ့ဝန်ထမ်း များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏လက်အောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်ဘဲ ဓမ္မဘက်မှရပ်တည်၍ ပြည်သူနှင့်တသားတည်းဖြစ်စေရန်နှင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ကြစေရန် အကြိမ်ကြိမ်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီးဖြစ်ပါသည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင် ခဲ့ကြသည့် ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းသူရဲကောင်းများ၏ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေး နှင့် ဖိအားကင်းစင်ရေး တို့အတွက် အလေးထားဆောင်ရွက်လျက် ရှိပါသည်။ ၃။ သို့ဖြစ်ပါ၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန် ထမ်းဆောင်နေပြီး CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ တရားစွဲဆိုခြင်းနှင့် ဥပဒေနှင့်အညီပြန်ဆပ်ရန်မလိုတော့သည့် လစာ ချေးငွေများအား အတင်းအဓမ္မ ပြန်လည်ပေးဆပ်ခိုင်းခြင်းများစသည့် အမျိုးမျိုးသော ဖိနှိပ်မှုများကို ကျူးလွန်နေသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ အောက်ဖေါ်ပြပါ ဝန်ထမ်းများအားအမည်ပျက်စာရင်းသွင်းလိုက်ပြီးဝန်ထမ်းအဖြစ်မှထုတ်ပယ် (Dismiss) လိုက်သည်- (ပုံ)နိုင်သုဝဏ္ဏ ပြည်ထောင်စုဝန်ကြီး စာအမှတ်။ ၁၃/၁-မမ(စီမံ)/၂၀၂၂(၁၁၁) ရက်စွဲ။ ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလ ၁၀ ရက် ဖြန့်ဝေခြင်း နိုင်ငံတော်သမ္မတရုံး ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ပြည်ထောင်စုဝန်ကြီးဌာနအားလုံး မိတ္တူကို ရုံးလက်ခံ မျှောစာတွဲ..."

Source/publisher: 

Ministry of Labour - National Unity Government of Myanmar

Date of Publication: 

2022-09-10

Date of entry: 

2022-09-10

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

1.01 MB

Resource Type: 

text

Text quality: 

    • Good