National Unity Government: Ministry of Home Affairs and Immigration Notification No.3/2022 - အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်(၀၃/ ၂၀၂၂)

Sub-title: 

လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများ ကိုယ်စားပြု ကော်မတီအား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန အဖြစ် ပြောင်းလဲဖွဲ့စည်းခြင်း

Description: 

"၁။ ၂၀၂၁ ခုနှစ် ဖေ‌ဖော်ဝါရီလ (၁)ရက်နေ့မှစ၍ နိုင်ငံတော်အာဏာကို အကြမ်းဖက် လုယူသိမ်းပိုက်ခဲ့သည့် စစ်ကောင်စီ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိသော မြန်မာနိုင်ငံအရပ်ရပ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ CDM ဝန်ထမ်းများ အား ဆက်သွယ်ချိတ်ဆက် စုစည်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၏ ဦးဆောင်မှုအောက်တွင် လိုက်ပါဆောင်ရွက်နိုင်ရေး အတွက် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများ ကိုယ်စားပြုကော်မတီအား ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ (၃၀ - ၁၀- ၂၀၂၁) ရက်စွဲပါ အမိန့်အမှတ်၊ (၈/ ၂၀၂၁) ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးနယ်မြေများနှင့် ထိန်းချုပ်နယ်မြေများ၌ စစ်ကောင်စီ၏ လစ်လပ်သွားသော မိမိဌာနလုပ်ငန်းများတွင် အစားဝင်ရောက်၍ ကြားကာလ အစိုးရ ယန္တရားများ ပိုမိုပီပြင်စွာ ဆောင်ရွက်နိုင်စေရေး၊ အမျိုးသား ညီညွတ်ရေးအစိုးရ၏ မူဝါဒများ၊ လုပ်ငန်းလမ်းညွှန်မှုများနှင့်အညီ စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်နိုင် ရေးအတွက် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများ ကိုယ်စားပြုကော်မတီ အား (၂၃- ၄- ၂၀၂၂) ရက်နေ့မှ စ၍ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန အဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက်သည်။..."

Source/publisher: 

Ministry of Home Affairs and Immigration - Myanmar

Date of Publication: 

2022-04-24

Date of entry: 

2022-04-24

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

100.73 KB

Resource Type: 

text

Text quality: 

    • Good