National Unity Government: Ministry of Foreign Affairs Statement No.18/2022 - အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အမှတ် (၁၈/၂၀၂၂)

Description: 

"အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့မှ နိုဝင်ဘာ ၈ ရက် ၂၀၂၂ တွင် တရားမဝင် စစ်အုပ်စုနှင့် ၎င်းတို့နှင့်ဆက်နွယ်နေသည့် ခရိုနီများကို စီးပွားရေးပိတ်ဆို့မှု အသစ်များ ထပ်မံ တိုးမြှင့်ဆောင်ရွက်ခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရမှ လှိုက်လှဲစွာကြိုဆိုပါသည်။ ယခုအချိန်သည် နိုဝင်ဘာ ၈ ရက် ၂၀၂၀ နေ့က ကျင်းပခဲ့သည့် အများစုက လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုလက်ခံခဲ့ကြသည့် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၏ ၂ နှစ်ပြည့် အချိန်ကာလလည်းဖြစ်ပါသည်။ ယခု ထပ်မံတိုးမြှင့်သည့် အရေးယူ ဆောင်ရွက်မှုများသည် မြန်မာပြည်သူများနှင့် မြန်မာပြည်သူများအား တရားဝင်အသိအမှတ် ပြုနိုင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ အပေါ် ထောက်ခံအားပေးကြောင်း သတင်းစကားပါး လိုက်ခြင်းလည်းဖြစ်ပါသည်။ တဖက်တွင်လည်း စစ်ရာဇဝတ်မှုများကို တိုးမြှင့်လုပ်ဆောင်နေသည့် အကြမ်းဖက်စစ်အုပ်စုအားလည်း သတိပေးလိုက်ခြင်းလည်းဖြစ်ပါသည်။ ဥရောပသမဂ္ဂ၏ ထပ်မံတိုးမြှင့်လိုက်သည့် စီးပွားရေးပိတ်ဆို့မှုများသည် လူပုဂ္ဂိုလ် ၁၉ ဦးနှင့် စစ်အုပ်စုနှင့် ဆက်နွယ်နေသည့်အဖွဲ့အစည်းတခုကို အရေးယူလိုက်ခြင်းဖြစ်ပြီး ယခုအကြိမ်သည် ၅ ကြိမ်မြောက် ထပ်လောင်း အရေးယူခဲ့ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၏ ယခုအကြိမ် အရေးယူမှုသည် စစ်အုပ်စု၏ စစ်လေယာဥ်နှင့် ဆက်စပ်အစိတ်အပိုင်းများ ဝယ်ယူ‌ထောက်ပံ့နေ သူများကို ဦးတည်အရေးယူခြင်း ဖြစ်သည်။ အဆိုပါအရေးယူမှုသည် အောက်တိုဘာ ၂၃ ရက် ၂၀၂၂ ခုနှစ်က အကြမ်းဖက် စစ်အုပ်စုက ကချင်တိုင်းရင်းသားတို့၏ ဖျော်ဖြေရေးအခမ်းအနားတခုကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး လူပေါင်း တရာခန့် ထိခိုက်သေဆုံးခဲ့ရသော အကြမ်းဖက်ဖြစ်စဥ် နောက်ပိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မြန်မာပြည်သူများ အရေးအတွက် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့မှ ဦးစီး ဦးဆောင်ပြု၍ ဆောင်ရွက်နေမှုများကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရမှ ကျေးဇူးတင်ရှိအပ်ပါသည်။..."

Source/publisher: 

Ministry of Foreign Affairs - Myanmar - NUG

Date of Publication: 

2022-11-09

Date of entry: 

2022-11-09

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

351.92 KB

Resource Type: 

text

Text quality: 

    • Good