မြန်မာပြည်အရှေ့တောင်ပိုင်းရှိ မိန်းကလေးများအခွင့်အရေးနှင့် အကာအကွယ်ပေးမှုဆိုင်ရာ စိန်ခေါ်မှုများ

Description: 

"ယနေ့ကျရောက်သော နိုင်ငံတကာမိန်းကလေးများနေ့တွင် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ အမျိုသမီး ငယ်လေးများ ရင်ဆိုင်နေရသော အခက်အခဲများကို မီးမောင်းထိုးပြလိုပါသည်။ ၎င်းတို့အတွက် ငြိမ်း ချမ်းစွာ အသက်ရှင်နေထိုင်နိုင်ရန်၊ အစားအစာလုံလောက်ရန်၊ ပညာသင်ယူခွင့် ရရှိရန်၊ ကျန်းမာရေး လက်လှမ်းမီနိုင်ရန် နှင့် တရားမျှတမှုရရှိရန် အခက်အခဲများစွာ ရှိပါသည်။ ၎င်းတို့မှ ကလေးသူငယ် များကဲ့သို့ အသက်ရှင်ပြီး လုံခြုံသည့်ပတ်ဝန်းကျင်တွင်ကြီးထွားလာရန် အခက်အခဲများစွာရှိနေပါ သည်။ ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ မိန်းကလေးများနေ့တွင် ကရင်လူ့အခွင့်အရေးအဖွဲ့နှင့် ကရင်အမျိုးသမီးအစည်းအရုံးတို့မှ မိန်းကလေးများအား အကြပ်အ တည်းထဲသို့ တွန်းပို့စေသည့် မြန်မာပြည်အတွင်းဖြစ်ပေါ်နေသော အကြမ်းဖက်မှုများကိုရပ်တန့်နိုင်ရန် အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအား လုပ်ဆောင်သင့်သည့် အရာများကို အကောင်အထည်ဖော်ရန် တိုက်တွန်းလိုပါသည်။ မိန်းကလေးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏အကြမ်းဖက်မှုများနှင့် ထိုးစစ်ဆင်မှုများ ကြောင့် ကရင်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်ရသူ ၃၅၀၀၀၀ ကျော်ရှိလာသည်။ အမျိုးသမီး များသည် နေရပ်ရွှေ့ပြောင်းနေထိုင်ရမှုများကို မတူကွဲပြားစွာ ရင်ဆိုင်နေရပြီး ထွက်ပြေး တိမ်းရှောင် နေရသူထက်ဝက်သည် ကလေးသူငယ်များဖြစ်နေပါသည်။ ထိုကလေးငယ်များ ထက်ဝက် သည် မိန်းကလေးများဖြစ်ကြသည်။ ထွက်ပြေးတိမ်းရှောင်နေရသူများသည် ထိခိုက်ဒဏ်ရာ ရရှိမှု၊ မြေမြှုပ် မိုင်းပေါက်ကွဲမှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး အန္တရာယ်များကို ရင်ဆိုင်ကြရသည်။ ထွက်ပြေးတိမ်းရှောင်နေရချိန်တွင်လည်း ဆင်းရဲကြမ်းတမ်းမှုများအတွင်း နေထိုင်ကြရပြီး စစ်ကောင်စီ စစ်သားများနှင့် ၎င်းတို့၏ ပစ်ခတ်တိုက်ခိုက်မှုများကို ရှောင်ရှားရန် မကြာခဏနှင့် အလျှင်အမြန်ရှောင် တိမ်း ကြရသည်။ ၎င်းတို့သည် သောက်ရေသန့်၊ အစားအစာ၊ ပညာရေး၊ ရေဆိုးစနစ်နှင့် မိခင်နှင့်က လေးကျန်းမာရေး ကဲ့သို့သော ကျန်းမာရေးစောင့်ရှောက်မှု စသည်များကို လက်လှမ်းမီနိုင်ခြင်း မရှိကြ ပါ။[1] စစ်ကောင်စီ၏ ဖမ်းဆီးမှုနှင့် ညှင်းပန်းနှိပ်စက်မှုများကို အမျိုးသားများမှ ရှောင်ရှားနေချိန်တွင် ကျေး ရွာများအတွင်း ရှိနေသေးသော အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် စစ်ကောင်စီ စစ်သား များ၏ ခြိမ်းခြောက်မှုနှင့် တိုက်ခိုက်မှုအန္တရာယ်များကို ရင်ဆိုင်ကြရသည်။ ကရင်လူ့အခွင့်အရေး အဖွဲ၏ အစီရင်ခံစာတစ်ခုထဲတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သံသယရှိသူ အမျိုးသား၏ အ ကြောင်းကိုသိရှိရန် စစ်ကောင်စီစစ်သားများမှ ထိုအမျိုးသား၏ ဇနီးနှင့် ကလေးကို ညှင်းပန်းနှိပ်စက် ခဲ့ပါသည်။[2] မြန်မာပြည်အတွင်း မိန်းကလေးများအပေါ် အဓ္ဓမခိုင်းစေမှု၊ လူသားဒိုင်း အဖြစ်အသုံးပြုမှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှု၊ လူကုန်ကူးမှု၊နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စသည့် လူ့အခွင့်အရေးချိုးဖောက်မှု အများကို စစ်ကောင်စီမှ ချိုးဖောက်နေပါသည်။ ကရင်ပြည်နယ် အတွင်းတွင် မိန်းကလေးငယ်များ၏ အခွင့်အရေးများသည် နေ့စဉ်နှင့်အမျှ ချိုးဖောက်ခံနေရပါသည်။ အကာအကွယ်ရရှိမှုဆိုင်ရာ စိန်ခေါ်မှုများနှင့် တရားမျှတမှု လွန်ခဲ့သည့်စစ်အုပ်ချုပ်မှုများ အောက်တွင် အထူးသဖြင့် ပေါ်တာထမ်းခိုင်းမှုများနှင့်ဆက်စပ်ပြီး စစ် သားများသည် အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် လိင်အကြမ်းဖက်မှုများ၊ အုပ်စုလိုက် မုဒိန်း ကျင့်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်ခဲ့ကြသည်။ ထိုကျူးလွန်သူစစ်ခေါင်းဆောင်များနှင့် စစ် သားများသည် ၎င်းတို့ကျူးလွန်ခဲ့သောပြစ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် အပြည့်အဝ ရရှိခဲ့ကြ သည်။ မြန်မာပြည်၏ အရပ်သားတရားရေးစနစ်မှ စစ်တပ်အပေါ် လွမ်းမိုးနိုင်မှုမရှိခြင်းသည် ကျား၊မ အခြေပြု အကြမ်းဖက်မှုများကို ကာကွယ်တားဆီးရန် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်cခဲ့သည်။ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်စဉ် ပြီးနောက်ပိုင်းတွင် ကရင်ပြည်နယ်အတွင်းရှိရွာသားများသည် စစ်ကောင်စီ စစ်သားများ ရွာအတွင်း သို့မဟုတ် ရွာအနီးတွင်စခန်းချသောအခါ အမျိုးသမီးငယ်များကို ပုန်းခိုသည့် နေရာများသို့ပို့ ဆောင်ကြကြောင်းတင်ပြခဲ့ကြပါသည်။ စစ်ကောင်စီစစ်သားများကျူးလွန်သော လိင်ပိုင်းဆိုင်ရာနှင့်ဆက်စပ်သည့် ပြစ်မှုများသည် ပြစ်ဒဏ် ကင်းလွတ်ခွင့် အလေ့အထ ရှိနေသောကြောင့် ကျူးလွန်ခံရသူများအနေဖြင့် တိုင်ကြားခြင်းမပြုကြပါ။ စစ်အာဏာသိမ်းကတည်းက ကရင်ဒေသအတွင်း တိုင်ကြားခဲ့ကြသော ကျား၊မ အခြေပြုလိင်အကြမ်း ဖက်မှုများသည် လူမှုအသိုင်းအဝိုင်းအတွင်းနှင့် မိသားစုဝင်များ ကျူးလွန်သော ပြစ်မှုများသာ ဖြစ်ကြ သည်။ ဒေသတွင်းရှိနေသော တရားရေးစနစ်များသည် အရင်းအမြစ်နှင့် လုံခြုံရေး အားနည်းသော် လည်း ထိုပြစ်မှုများကို ကိုင်တွယ်ဖြေရှင်းပေးနေကြရသည်။ ယခုဖြစ်ပွားနေသော ပဋိပက္ခများသည် ဥပဒေပြုရေးနှင့် တရားမျှတမှုယန္တရားများကို နှောင့်နှေးစေပါသည်။ လူမှုအသိုက်အဝန်းမှ လိင်အ ကြမ်းဖက်မှု ကျူးလွန်ခံရသူများအား အပြစ်တင်ဝေဖန်မှုပြုခြင်းသည်လည်း လိင်အကြမ်းဖက်မှုနှင့် ပတ်သက်သည့် တိုင်ကြားမှု၊ တရားမျှတမှုဆိုင်ရာ ရှာဖွေရေးလုပ်ငန်းစဉ်များနှင့် ကျူးလွန်ခံရသူများ၏ ကိုယ်စိတ်ကျန်းမာရေး နှင့်လုံခြုံရေးများကို ထိခိုက်စေပါသည်။ လိင်အကြမ်းဖက်မှု ကျူးလွန်ခံရသည့် မိန်းကလေးငယ်များသည် ယခုလက်ရှိအချိန်တွင် တရားမျှတမှုရရှိရန် မျှော်လင့်ချက် နည်းနေသေး သောကြောင့် ဤနေ့သည်ကျွန်ုပ်တို့အတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းအဖက်မှုအတွက် တရားမျှတမှု ရရှိနိုင်သည့်နေ့တစ်နေ့မဟုတ်သေးပါ။ လုပ်ဆောင်ရန်ဖိတ်ခေါ်ခြင်း မြန်မာပြည်၏လက်ရှိအခြေအနေတွင် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ မိန်းကလေးငယ်များသည် အ ကြမ်းဖက်မှုနှင့် မလုံခြုံမှုများကိုပို၍ ရင်ဆိုင်လာရပါသည်။ ကရင်အမျိုးသမီးအစည်းအရုံးနှင့် ကရင်လူ့ အခွင့်အရေးအဖွဲ့တို့မှ နိုင်ငံတကာအသိုင်းအဝိုင်းကိုအောက်ပါအတိုင်းတိုက်တွန်းလိုပါသည်။ မိန်းကလေးများကို သတ်ဖြတ်ခြင်းများ၊ ထိခိုက်ဒဏ်ရာရစေခြင်းများနှင့် မိန်းကလေးများ အ ပေါ် ကျူးလွန်သည့်အကြမ်းဖက်မှုများ ရပ်တန့်သွားစေရန် စစ်ကောင်စီအပေါ် ဖိအားများ ပေးရန်။ စစ်ကောင်စီအား စစ်လက်နက်၊ လက်နက်ခဲယမ်းများ၊ လေယဉ်များနှင့် လေယဉ်ဆီများ ရောင်းချခြင်းများကို ရပ်တန့်ပြီး စစ်ကောင်စီအား လက်နက်ရောင်းချရာတွင်ပါဝင်သည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ရန်။ လိင်အကြမ်းဖက်မှုအပါအဝင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ်ကျူးလွန်သည့် အကြမ်းဖက်မှုများကို ဖြစ်နိုင်လျှင် ပိတ်ဆို့အရေးယူမှုအတွက် သတ်မှတ်ချက်တစ်ခုအဖြစ် ထားရှိပြီး နောက်ထပ်ပြုလုပ်မည့် ပိတ်ဆို့အရေးယူမှုများတွင်ထည့်သွင်းသွားရန်။ ကျား၊မ အခြေပြုလိ င်အကြမ်းဖက်မှုကျူးလွန်ခံရသူများအား အကာအကွယ်ပေး နိုင်ရန်အ တွက် ငွေကြေးထောက်ပံ့မှုများထားရှိပြီး မြေပြင်တွင်လှုပ်ရှားလုပ်ကိုင်နေ‌သော အရပ်ဖက်နှင့် လူထုအခြေပြုအဖွဲ့အစည်းများသို့ ထောက်ပံ့မှုများအားတိုက်ရိုက်ပေးသွားရန်။ သို့မှသာလျှင် ၎င်းတို့မှ ကလေးသူငယ်များအတွက် အကာအကွယ်ပေးရေး ဝန်ဆောင်မှုအပါအဝင် ထောက် ပံ့မှုအစီအစဉ်များနှင့် ဝန်ဆောင်မှုများကို ချဲ့ထွင်လုပ်ဆောင် နိုင်မည်။ ဝန်ဆောင်မှုများပေးဆောင်ရာတွင် ဒေသခံများနှင့်ပုံမှန်ထိတွေ့မှုရှိပြီး ၎င်းတို့၏ ယုံကြည်မှုကို ရရှိထားသော စွမ်းရည်နှင့်ကွန်ယက်ရှိပြီးသား ဒေသခံ CSO/CBO များနှင့် ဝန်ဆောင်မှုပေး သည့် တိုင်းရင်းသားအဖွဲ့အစည်းများကို ဦးစားပေးရန်နှင့် ထိုအစုအဖွဲ့များ၏ ဝန်ဆောင်မှုပေး သည့် နည်းလမ်းများကို အားဖြည့်လုပ်ဆောင်ပေးရန်။ စစ်ကောင်စီကို အသိအမှတ်ပြုစေမည့်အရာများကို မပြုလုပ်ရန်။ စစ်ကောင်စီနှင့်ပူးပေါင်းပြီး မည့်သည့်ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများကို မပြုလုပ်ရ။ ကလေးသူငယ်များအပေါ် ညှင်းပန်းနှိပ်စက်မှုများနှင့် ကျား၊မအခြေပြု လိင်အကြမ်းဖက်မှုများ အား ခွင့်ပြုခဲ့ပြီး စနစ်တကျကျူးလွန်ခဲ့သော စစ်ခေါင်းဆောင်များကို နိုင်ငံတကာ ခုံရုံးများတွင် အရေးယူလုပ်ဆောင်မှုများ ချက်ချင်းလုပ်ဆောင်ရန်။..."

Source/publisher: 

Karen Human Rights Group

Date of Publication: 

2022-10-11

Date of entry: 

2022-10-11

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

145.64 KB

Resource Type: 

text

Text quality: 

    • Good