Message from the Director - ဒါရိုက်တာ ထံမှ သတင်းစကား

Description: 

"This is the first Myanmar Centre for Responsible Business (MCRB) e-newsletter since the military took over on 1 February. Rather than the usual format, this message to MCRB stakeholders takes a wider look at responsible business in the current political crisis, and what this means for MCRB’s future activities. Since 1 February MCRB has been focused on our team’s welfare and safety. We have seen that employee and customer safety is also the top priority of all businesses, both local and foreign. We have shared tips with companies and other organisations how they can support staff digital safety and mental welfare, including responding to detention of loved ones. The MCRB team has also taken up the opportunity of a group workplace counselling session to share their feelings. Counselling Corner also have regular free online sessions. We know the other main priority of business in Myanmar right now is commercial survival. The survey undertaken in April by ten Chambers of Commerce demonstrated very clearly the massive economic impact of the coup on the Myanmar economy and employment, and showed this to be far more significant than COVID-19. Main challenges for business are disruptions to banking (77%), internet (70%) and employee safety (66%). The survey also showed that the biggest impact has been felt by Myanmar companies, particularly SMEs which unlike multinationals, have little ability to absorb it. Against this very negative business outlook, and with foreign investors now scaling back and avoiding Myanmar, MCRB has been reflecting on what responsible business means in the current crisis and how the Centre can be useful to our stakeholders.....ဤ အီလက်ထရောနစ် သတင်းလွှာသည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းပြီး သည့်နောက် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) မှ ပထမဆုံးအကြိမ် ထုတ်ပြန်သည့် သတင်းလွှာ ဖြစ်ပါသည်။ ဤ တွင် MCRB နှင့် ပတ်သက်ဆက်နွယ်သူများ (stakeholders) အတွက် ပုံမှန်ထုတ်ပြန်နေကြပုံစံထက် လက်ရှိနိုင်ငံရေး အကျပ်အတည်းကာလနှင့် ဆိုင်သော တာ၀န်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အကြောင်း ပိုမိုကျယ်ပြန့်စွာ ကြည့်ရှုရန် နှင့် MCRB ၏ အနာဂတ် လုပ်ငန်းများအတွက် မည်သို့ဆိုလိုသည်ကို တင်ပြရန်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ MCRB သည် MCRB အဖွဲ့သားများ ၏ အဆင်ပြေစိတ်အေးချမ်းမှု (welfare) နှင့် ဘေးကင်းလုံခြုံမှု (safety) ကို အဓိကထားခဲ့ပါသည်။ ထိုနည်းတူစွာ ပြည်တွင်း နှင့် နိုင်ငံခြား စီးပွားရေးလုပ်ငန်း အားလုံးအတွက်လည်း ၎င်းတို့၏ ဝန်ထမ်းများနှင့် ဝယ်ယူစားသုံးသူများ/ ဝန်ဆောင်မှု ဌားရမ်းသူများ (customer) ၏ ဘေးကင်း လုံခြုံမှုသည် ပထမဦးစားပေး ဖြစ်ကြောင်းကို ကျွန်ုပ်တို့ တွေ့ရှိခဲ့ပါသည်။ ကျွန်ုပ်တို့သည် ကုမ္ပဏီများ၊ အခြားသော အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ဝန်ထမ်းများ အတွက် ချစ်ခင်သူများ အထိန်းသိမ်းခံရပါက မည်သို့လုပ်ဆောင်သင့်ကြောင်း အပါအဝင် ဒစ်ဂျစ်တယ် လုံခြုံရေး (digital safety) နှင့် စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်အဆင်ပြေစေရေး (mental welfare) အတွက် မည်သို့ ပံ့ပိုးကူညီပေးနိုင်ကြောင်း အကြံဥာဏ်များကို မျှဝေခဲ့ပါသည်။ MCRB အဖွဲ့သားများ အနေဖြင့် ၎င်းတို့၏ စိတ်ခံစားချက်များကို မျှဝေရန် လုပ်ငန်းခွင်အတွင်း အဖွဲ့လိုက် ကောင်းစလင်း ဆွေးနွေးခြင်း အစီအစဥ် (workplace counselling session) တစ်ခု ပြုလုပ်ခဲ့ပါသည်။ Counselling Corner တွင်လည်း အခမဲ့ အွန်လိုင်း အစီအစဥ်များ ပုံမှန်ရှိပါသည်။ လက်ရှိတွင် မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်းများ အတွက် အခြားသော အဓိကဦးစားပေးမှာ စီးပွားရေးဆက်လက်ရှင်သန်နိုင်ရန် (commercial survival) ဖြစ်ကြောင်းသိရှိပါသည်။ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာကုန်သည်အသင်း ၁၀ ခု မှ ဧပြီလတွင် ပြုလုပ်ခဲ့သည့် စစ်တမ်းကောက်ယူမှု အရ အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေးနှင့် အလုပ်အကိုင်အပေါ် ကြီးမားသော ဆိုးကျိုး သက်ရောက်မှုမှာ COVID-19 ထက်ပို၍ သိသာထင်ရှားကြောင်း ရှင်းလင်းစွာ ဖော်ပြခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းများအတွက် အဓိကစိန်ခေါ်မှုများမှာ ဘဏ်လုပ်ငန်း (၇၇%)၊ အင်တာနက် (၇၀%) နှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှု (၆၆%) ဆိုင်ရာ မငြိမ်မသက်မှုများကြောင့်ဖြစ်ပါသည်။ ၎င်းစစ်တမ်း ဖော်ပြချက်အရ မြန်မာကုမ္ပဏီများ၊ အထူးသဖြင့် နိုင်ငံစုံကုမ္ပဏီများနှင့်မတူသည့် ခံနိုင်ရည်မရှိသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အပေါ် အကြီးမားဆုံး သက်ရောက်မှုများ ဖြစ်စေခဲ့ပါသည်။ ဤ အနုတ်သဘောဆောင်သည့် စီးပွားရေးအလားအလာကို မလိုလားကြသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် ယခုအခါ မြန်မာနိုင်ငံကို ရှောင်ရှားခြင်းနှင့် မြန်မာနိုင်ငံမှ ပြန်လည်ဆုတ်ခွာခြင်း တို့ကြောင့် MCRB သည် လက်ရှိ အကျပ်အတည်းတွင် တာ၀န်ယူမှုရှိသော စီးပွားရေး လုပ်ငန်းဆိုသည်မှာ မည်သည်ကို ဆိုလိုကြောင်းနှင့် ကျွန်ုပ်တို့နှင့် ပတ်သက်ဆက်နွယ်သူများ အတွက် စင်တာ (Centre) မှာ မည်သို့ အသုံးဝင်နိုင်မည်ကို အလေးအနက်ထား စဉ်းစားသုံးသပ်နေပါသည်။..."

Creator/author: 

Vicky Bowman

Source/publisher: 

Myanmar Centre for Responsible Business

Date of Publication: 

2021-05-21

Date of entry: 

2021-05-21

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

English, Burmese (မြန်မာဘာသာ)

Resource Type: 

text

Text quality: 

    • Good