ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၄) နှစ်ပြည့် နှစ်ပတ်လည်နေ့သို့ ပေးပို့သည့် သဝဏ်လွှာ

Description: 

"၁။ ၁၉၈၈ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့တွင် စစ်အာဏာရှင်နေဝင်း၏ အကြမ်းဖက် စစ်တပ်မှ တက္ကသိုလ်ပရဝုဏ်အတွင်း၌ပင် ပစ်သတ်ခဲ့ခြင်းကြောင့် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများဖြစ်သည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးသွားခဲ့ရာ ယနေ့ဆိုလျှင် (၃၄) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်များ၏ လူမဆန်သော လုပ်ရပ်များကြောင့် ကျဆုံးသွားခဲ့ရသည့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ် ကျောင်းသား လူငယ်များအတွက် အထူးဝမ်းနည်းရပါကြောင်း ယနေ့အခမ်းအနားမှတဆင့် ပြောကြား လိုပါသည်။ ၂။ တရားမျှတမှု၊ လွတ်လပ်မှု၊ အခြေခံအခွင့်အရေးများအတွက် ဆန့်ကျင်တော်လှန်ခဲ့ ကြသည့် ခေတ်အဆက်ဆက် တော်လှန်ရေးများတွင် ရဲရင့်မှု၊ သတ္တိနှင့် ဥာဏ်ပညာရှိမှုတို့ဖြင့် တက္ကသိုလ်ကျောင်းသားလူငယ်များက ဦးဆောင်ကြိုးပမ်းခဲ့ကြသည်မှာ သမိုင်းစာမျက်နှာများ တွင် ဂုဏ်ယူစွာ တွေ့မြင်နိုင်သကဲ့သို့ ယနေ့ နွေဦးတော်လှန်ရေးတွင်လည်း Generation Z ဟု လူသိများသည့် မျိုးဆက်သစ်ကျောင်းသားလူငယ်များ၏ တက်ကြွသော ပါဝင်မှုသည်လည်း တိုင်းပြည်အနာဂတ်အတွက် အားတက်ဖွယ် ဖြစ်ပါသည်။ ၃။ နှစ်ပေါင်းများစွာကြာ စစ်အာရှင်အုပ်စုက တိုင်းပြည်နှင့် လူမျိုးဘဝ ဖွံ့ဖြိုးတိုးတက် ရေးထက် ၎င်းတို့ အာဏာတည်မြဲရေးအတွက် လက်နက်အားကိုးဖြင့် ပြည်သူလူထုအား မတရားအုပ်ချုပ်ခဲ့ခြင်းကြောင့် ကျောင်းသားလူငယ်များသည် စစ်အာဏာရှင်များက တားဆီး ပိတ်ပင်မှုများကြားမှပင် ပညာသင်ယူကြရင်း စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်ကိုလည်း သမိုင်းစဉ်တစ်လျှောက် လက်ဆင့်ကမ်းနိုင်ခဲ့ကြပါသည်။ ၄။ နှစ်ပေါင်းများစွာကြာ ကြိုးပမ်းခဲ့ကြသည့် မြန်မာ့ဒီမိုကရေစီခရီးလမ်းတွင် အသက်၊ သွေး၊ ချွေးများဖြင့် စွန့်လွှတ်ပေးဆပ်ခဲ့ကြသော ဒီမိုကရေစီသူရဲကောင်း ကျောင်းသားလူငယ် များအား အသိအမှတ်ပြု တန်ဖိုးထားပြီး ယနေ့ကျောင်းသားလူငယ်များသည် သမိုင်းပေး တာဝန်များကို ထမ်းရွက်လျက် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ဦးဆောင်သွားကြရမည့် မျိုးဆက် ဖြစ်ပါသည်။ ၅။ လွန်ခဲ့သော (၃၄) နှစ်ကသို့ပင် ယနေ့အချိန်တွင်လည်း လူသတ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူတို့အပေါ်၌ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်ပိုင်ဆိုင်မှုတို့ကို သိမ်းဆည်းခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းတို့ကို လူမဆန်စွာ ကျူးလွန်လျက်ရှိပြီး ပြည်သူတို့၏ လွတ်လပ်မှု၊ တရားမျှတမှု၊ နိုင်ငံသား အခွင့်အရေးစသည်တို့သည် လက်နက်အားကိုးဖြင့် ပိတ်ပင်တား ဆီးခြင်း ခံနေရပြီး ဆုံးရှုံးနေ သည့် လူ့အခွင့်အရေးများ ပြန်လည်ရရှိရေး မိမိတို့က စည်းလုံးညီညွတ်စွာ ဆက်လက်ကြိုးပမ်း သွားကြရမည် ဖြစ်ပါသည်။ ၆။ ခေတ်အဆက်ဆက် အသက်၊ သွေး၊ ချွေးများဖြင့် ကြိုးပမ်းခဲ့ကြသည့် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်များ အပြီးတိုင်း ပပျောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ အပြည့်အဝ ရရှိရေး၊ မိမိတို့၏ ဘုံရည်မှန်းချက်ဖြစ်သည့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး တို့အတွက် ကျောင်းသားလူငယ်များ၊ ပြည်သူလူထုများ၊ တော်လှန်ရေးအင်အားစု၊ တိုင်းရင်း သား တော်လှန်ရေးအင်အားစုများဖြင့် အတူတကွ ဆက်လက် လက်တွဲကြိုးပမ်းသွားမည် ဖြစ်ပြီး အနာဂတ်မျိုးဆက်သစ်များအတွက် ငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်သော အနာဂတ် နိုင်ငံ တော်သစ်တည်ဆောက်ရေး ဝိုင်းဝန်းကြိုးပမ်းသွားကြပါစို့ဟု တိုက်တွန်းရင်း သဝဏ်လွှာ ပေးပို့ အပ်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2022-03-13

Date of entry: 

2022-03-13

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

321.7 KB

Resource Type: 

text

Text quality: 

    • Good