ကာဒီနယ်ချားစ်ဘိုနှင့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်တွေ့ဆုံခြင်းအပေါ် ICJM ၏ သဘောထားထုတ်ပြန်ချက်

Description: 

"(၂၃.၁၂.၂၁) နေ့တွင် ကာဒီနယ်ချားစ်ဘိုနှင့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အဖွဲ့တွေ့ဆုံခြင်းအပေါ်ကက်သလစ်ဘာသာဝင်များအနေဖြင့် အင်မတန်ထိတ်လန့်တုန်လှုပ် ဝမ်းနည်းစိတ်ပျက် ရပါသည်။ ၎င်းတွေ့ဆုံခြင်းသည် မြန်မာပြည် ကက်သလစ် ဘာသာဝင်များအားလုံးနီးပါး၏ ဆန္ဒနှင့် ဆန့်ကျင်သည့်အတွက်ကြောင့်ဘာသာဝင်များကို ကိုယ်စားမပြုပါ။ အကြမ်းဖက်စစ်ကောင်စီအား မည်သို့သော အကြောင်းပြချက်များအားဖြင့်ဖြစ်စေ အသိအမှတ်ပြုနေသော ကာဒီနယ်ချားစ်ဘို နှင့်တကွ မည်သည့်ပုဂ္ဂိုလ်/အဖွဲ့အစည်းကိုမဆို ICJM အနေဖြင့် ပြင်းထန်စွာ ရှုတ်ချပါသည်။ ယနေ့လုပ်ရပ်သည် အကြမ်းဖက်အာဏာသိမ်းချိန်ကာလမှစ၍ ယခုအချိန်အထိ မတရားသတ်ဖြတ်ဖမ်းဆီးခံခဲ့ရသူများနှင့်ဘုရားကျောင်းများ ဖျက်ဆီးခံခဲ့ရမှုအပေါ် မျက်နှာလွှဲကာ စော်ကားခြင်းဖြစ်သည်ဟု သတ်မှတ်ပါသည်။ ICJM သည် တရားမျှတမှုအတွက် ရပ်တည်သော အဖွဲ့အစည်းဖြစ်သည့်အလျှောက် မတရားမှုကိုကျူးလွန်နေသောသူများနှင့်ပူးပေါင်းနေသူများအား ချွင်းချက်မရှိ ဆန့်ကျင်ပြီး တရားမျှတမှုအတွက် တော်လှန်တိုက်ပွဲဝင်နေကြသောသူများနှင့်အတူအမြဲ ရပ်တည်သွားမည်။ "မတရားသောသူတို့၏ တိုက်တွန်းခြင်း သို့ မလိုက်။ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင် ပြုသောသူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဉ့်မပြတ်ဆင်ခြင် အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ မတရားသောသူတို့မူကား ထိုကဲ့သို့ မဟုတ်။ လေတိုက်၍ လွင့်သော ဖွဲနှင့်တူကြ၏။ ထို့ကြောင့် တရားဆုံး ဖြတ်တော်မူရာကာလ၌ မတရားသောသူတို့သည် မတည်မနေရကြ။ ဖြောင့်မတ်သောသူတို့၏ အပေါင်းအသင်းထဲသို့ လူဆိုးတို့သည် မဝင်ရကြ။ အကြောင်းမူကား ဖြောင့်မတ်သောသူတို့၏ လမ်းကို ထာဝရဘုရားသိကျွမ်းတော်မူ၏။ မတရားသော သူတို့၏လမ်းသည် ဆုံးရှုံးခြင်း သို့ ရောက်ရလိမ့်သတည်း။( ဆာလံ-၁)"..."

Source/publisher: 

Independent Catholics for Justice in Myanmar

Date of Publication: 

2021-12-23

Date of entry: 

2021-12-24

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

189.75 KB

Resource Type: 

text

Text quality: 

    • Good