Justice Delayed, Justice Denied တရားမှု ရှာဖို့ နှောင့်နှေးခြင်းမှာ

Description: 

ခြုံငုံတင်ပြချက် မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်းမှစတင်၍ ဖြစ်ပေါ်လျှက်ရှိသော ဒီမိုကရေစီအသွင်ကူး ပြောင်းမှုဟူ သည့်အောက်၌ နိုင်ငံရေးအာဏာ၏ အခန်းကဏ္ဍအားပို၍ အလေးထားလာကြသည့် သဘောရှိသည်။ ဤတွင် ရှုပ်ထွေးမှုများ ရှိလာသည်။ ဒီမိုကရေစီရေး အင်အားစုများ၊ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် (အထူးသဖြင့် အစိုးရနှင့်လက်ဝါးရိုက်၍ ဖွဲ့စည်းထားသည့်) အန်ဂျီအို အဖွဲ့အစည်းများသည်လည်းကောင်း၊ ဒီမိုကရေစီခေါင်းဆောင်နှင့် နိုင်ငံတကာ နိုင်ငံအတော်များများသည်လည်းကောင်း၊ နိုင်ငံရေးအာဏာ ရရှိထားသူများနှင့် ပူးပေါင်း လက်တွဲရေး၊ အနည်းဆုံးအားဖြင့် ဖက်လှဲတကင်း ဆက်ဆံပေါင်းသင်းရေး မူဝါဒကို ကျင့်သုံးလာကြသည်။ အဆိုပါ နိုင်ငံရေးအာဏာသည် ဒေသခံတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားလူမျိုး ပေါင်းစုံ၏ စစ်မှန်သော သဘောဆန္ဒကို အခြေပြု၍ ပေါ်ပေါက်လာခြင်းဟုတ်မဟုတ် စစ်ကြောခြင်း မပြုကြတော့။ သို့ဖြင့် နိုင်ငံရေးအာဏာ ကို ဆည်းကပ်ကိုးကွယ်မှုပြု၊ ပို၍ပို၍ အလေးထားလာခြင်းမှာ ရှုတ်ထွေးမှုများ ပိုမိုပေါ်ပေါက်လာသည့် အကြောင်းခံ ဖြစ်လာသည်။ ယင်းမှ မကောင်းသည့် အကျိုးသက်ရောက်မှုအနေဖြင့် လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဖိုး၊ အထူးသဖြင့် လူ့အခွင့် အရေးဟူသော ဝေါဟာရများမှာ အသံသာရှိပြီး အဆန်မရှိသည့် သြင်္ကန်အမြောက်သဖွယ် ဖြစ်လာသည်။ တာဝန်ခံမှု ဟူသည်မှာ ၂၀၁၁ ခုနှစ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသိန်းစိန် သမ္မတအဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့စဉ်က လှည့်ဖြားပြောဆိုခဲ့သည့် နိုင်ငံရေးကြွေးကြော်သံ သက်သက်ဖြင့်သာ တည်ရှိလာခဲ့သည်။ လက်တွေ့အားဖြင့် မည်သည့်အစိုးရဌာနဆိုင်ရာ တခုတလေတွင်မျှ တာဝန်ခံမှုကို ကြီးကြပ်ဖော်ဆောင် နိုင်ခဲ့ခြင်း မရှိပါ။ ပြစ်မှုကျူးလွန်ပြီးနောက် လွတ်ငြိမ်းခွင့်ရနေသော အခြေအနေသည် ဆုံးသွမ်းသံတရာအနေနှင့် ဆက်လက် တည်ရှိနေဆဲဖြစ်သည်။ မျက်မှောက်အချိန်တွင် တရားမျှတမှု ရှာဖွေရေးဟူသည်မှာ ပြစ်မှုကျူးလွန်ခံရသူများ အဝန်း အဝိုင်းအတွင်းတွင်သာ ရေရွတ်မြည်တမ်းရမည့် အဆင့်ရှိသည်။ လူထုကြီးတရပ်လုံးအကြားတွင် ရေပန်းမစားလှ တော့ပါ။ ယင်းသို့သော နောက်ခံအခြေအနေများအောက်တွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့၌ မြန်မာစစ်တပ်မှ စစ်သားများက ကျူးလွန်သည်ဟု စွပ်စွဲခံရသော ကြီးမားလှသည့်ပြစ်မှုကြီး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကျူးလွန်ခံရသူ များမှာ ငယ်ရွယ်နုပျိုသည့် ကချင်အမျိုးသမီး လုပ်အားပေးဆရာမနှစ်ဦး ဖြစ်သည်။ ပြစ်မှုဖြစ်ပွားသည့်နေ့မှ စတင်ရေ တွက်လျှင် ၁၀ လ နည်းပါးမျှကြာခဲ့ပြီ ဖြစ်သော်လည်း ကျူးလွန်ခဲ့သူများမှာ လွတ်မြောက်နေဆဲဖြစ်သည်။ တရားခံအ စစ်များအား ရဲများကထုတ်ဖော်နိုင် ခြင်းမရှိ။ ပြစ်မှုကျူးလွန်ခံရသူများကို အဓိကထား၍ အမှုကိုကိုင်တွယ်ဆောင်ရွက် ရမည့်အစား ပြစ်မှုကျူးလွန်သူများ အကျိုးဖြစ်စေမည့် တစ်ဖက်သတ်စုံစမ်း စစ်ဆေးမှုများကိုသာ အာဏာပိုင်များက ဆောင်ရွက်လျက်ရှိသည်။ ပြစ်မှုကျူးလွန်သူကို အပြစ်ပေးရေးနှင့် ပြစ်မှုကျူးလွန်ခံရသူများ ကုစားခွင့်အပါအဝင် တရားမျှတမှုရစေရေးတို့မှာ စိတ်ကူးယဉ်သဖွယ်ဖြစ်နေဆဲပင်။ တရားမျှတမှုရှာဖွေရေးမှာ သိသာစွာ နှောင့်နှေးကြန့် ကြာနေခြင်းကြောင့် တရားမျှတမှု ငြင်းပယ်ခံရသည့် အခြေအနေမှာ မလွဲသာမရှောင်သာ ပေါ်ပေါက်လျက်ရှိသည်။ ယင်းမှာ အတိတ်နမိတ်မကောင်းလှသော ငြိမ်သက်မှုကြီး ဖြစ်နေခြင်းပင်။ သို့ဖြစ်၍ မဝေးလှသော အနာဂတ် ၌ ပို၍ကြီးမားဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှု ကြီးများ စဉ်တိုက်ဆက်တိုက် ဖြစ်ပွားလာတော့မည့် အ ကြောင်းခံ ဖြစ်လာလျက်ရှိသည

Source/publisher: 

Kachin Women?s Association in Thailand (KWAT)

Date of Publication: 

2016-01-00

Date of entry: 

2016-01-19

Grouping: 

  • Individual Documents

Category: 

Language: 

Burmese (မြန်မာဘာသာ), English

Local URL: 

Format: 

pdf

Size: 

1.74 MB