ဣတ္ထိယသွေး နွေဦးတေး အစီရင်ခံစာ

Description: 

"၂၀၂၁ နွေဦးတော်လှန်ရေးမှာ မြန်မာနိုင်ငံအဝှမ်း အလွှာပေါင်းစုံက အမျိုးသမီးထုရဲ့ တော်လှန်စိတ်ဓာတ်နဲ့ ရဲရင့်ပြောင်မြောက်စွာ ဦးဆောင်မှုတွေဟာ အာဏာလု စစ်အုပ်စုကို သွေးပျက်မတတ် ထိတ်လန့် တုန်လှုပ်စေခဲ့တာပါ။ မြန်မာ့သမိုင်းမှာ ပထမဦးဆုံးအဖြစ် ထမီအလံလွှင့်ထူပြီး ငါတို့ထမီ၊ ငါတို့အလံ၊ ငါတို့အောင်ပွဲ ဆိုတဲ့ ဣတ္ထိယ နွေဦးတေးဟာ နိုင်ငံနယ်နမိတ် အပြင်ဘက်ထိ တုန်ဟီးစေခဲ့တယ်။ ပြည်တွင်းသာမက ကမ္ဘာ့တဝှမ်းက ပြည်သူအပေါင်း မြန်မာ့အမျိုးသမီးထုရဲ့ တော်လှန်စိတ်ဓာတ်ကို လေးစားတန်ဖိုးထား အသိအမှတ်ပြုခဲ့ကြရပါတယ်။ အကြမ်းဖက် စစ်အုပ်စုဟာ စစ်အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း ဆန့်ကျင်သူတိုင်းကို လက်နက်အားကိုးပြီး ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွဲခဲ့တယ်။ အကြောက်တရားနဲ့ အုပ်ချုပ်နိုင်အောင်ကြိုးစားခဲ့တယ်။ သို့သော်လည်း ပြည်သူလူထုတရပ်လုံးက နောက်မဆုတ်စတမ်း တိုက်ပွဲဝင်လာတာဟာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ဆိုရင် တစ်နှစ်တင်းတင်းပြည့်ခဲ့ပေမယ့် တော်လှန်စိတ်ဓာတ်ဟာ ပြင်းသထက် ပြင်းထန်ပြီး ခိုင်မာသထက် ခိုင်မာလာတာကို တွေ့မြင်နေတာပါ။ ဒီအထဲမှာ အမျိုးသမီးတွေဟာလည်း ရှေ့တန်းက အားကောင်းစွာ ပါဝင်တော်လှန်နေဆဲပါပဲ။ တနှစ်ပြည့်တဲ့အချိန်မှာ အကြမ်း ဖက်စစ်အုပ်စုဟာ ထောင်ချီတဲ့ အမျိုးသမီးများကို ထောင်သွင်း အကျဉ်းချထားခဲ့တယ်။ ရာချီတဲ့ အမျိုးသမီးများဟာ အကြမ်း ဖက်စစ်အုပ်စုရဲ့ ညှဉ်းပန်းနှိပ်စက် ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရတယ်။ ယန္တရားမျိုးစုံကို အသုံးပြုပြီး ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်နေဆဲဖြစ်တယ်။ သို့သော်လည်း အမျိုးသမီးထုဟာ စစ်အာဏာရှင်စနစ် အကြွင်းမဲ့ ကျဆုံးရေး၊ ပြည်သူ့လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီအခွင့်အရေးအပြည့်အဝ ရရှိရေးအတွက် ဘဝတွေ၊ အသက်တွေကို ပေးဆပ်ရင်း ရှေ့တန်းက ရဲ့ရင့်စွာ တိုက်ပွဲဝင်နေတုန်းပါ။ ဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံအဝှမ်း တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်တဲ့ အမျိုးသမီးထုရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ ပေးဆပ်မှုနဲ့ တော်လှန်စိတ်ဓာတ်ကို ဂုဏ်ပြု မှတ်တမ်းတင်ရင်း နွေဦးတော်လှန်ရေးအတွင်း အကြမ်းဖက်စစ်အုပ်စုလက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ အမျိုးသမီးသူရဲကောင်းများအား အလေးပြု မော်ကွန်းတင်လိုက်တဲ့ အစီရင်စာတစ်စောင်ပဲ ဖြစ်ပါတယ်။..."

Source/publisher: 

Assistance Association for Political Prisoners

Date of Publication: 

2022-01-31

Date of entry: 

2022-02-17

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf pdf

Size: 

10.65 MB (Original version), 4.73 MB (Reduce version) - 74 pages

Resource Type: 

text

Text quality: 

    • Good

Remote URL: