Guiding Drug Law Reform in Myanmar- မြန်မာနိုင်ငံ၏ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးမျ�

Description: 

"၂၀၁၇ ခုနှစ် မတ်လအတွင်း ၁၉၉၃ ခုနှစ် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေ ပြင်ဆင်ချက်ဥပဒေမူကြမ်းကို အများပြည်သူဝေဖန် အကြံပြုနိုင်ရန် သတင်းစာ၌ ပုံနှိပ်ထုတ်ပြန်ခဲ့သည်။ ထို့နောက် ပြင်ဆင်ချက်ဥပဒေကြမ်းကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၆ ရက် နေ့တွင် အမျိုးသားလွှတ်တော်၌ အဆိုပြုတင်ပြခဲ့ပြီးဖြစ်သည်။ ဥပဒေမူကြမ်း၌ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဥပဒေအတွက် အရေးကြီးသည့် အပြောင်းအလဲများကို မိတ်ဆက်တင်ပြထားသည်။ အထင်ရှားဆုံးအချက်တစ်ခုအနေဖြင့် တိုင်းပြည်၏ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမဟာဗျူဟာ ဗဟိုချက်နေရာ၌ အများပြည်သူ၏ကျန်းမာရေးကို ဦးစားပေးရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများ ရရှိလာစေရန် ပံ့ပိုးကူညီသည့် အနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုအတွက် နှစ်ရှည်ထောင်ဒဏ် ချမှတ်မှုကို ပယ်ဖျက်ပေးခဲ့သည်။ ဤအချက်များက အပြုသဘောဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်စားပြုလျက်ရှိသဖြင့် ခေတ်မီ သည့် အရေးယူဆောင်ရွက်ချက် တစ်ရပ်အဖြစ်ချီးကျူးဂုဏ်ပြုသင့်ပါသည်။ သို့ပါသော်ငြားလည်း ဥပဒေမူကြမ်း၌ အခြေခံကျပြီး မရှိမဖြစ်အရေးပါသည့် အောက်ခြေအပြောင်းအလဲအနည်းငယ် ပြုလုပ် ရုံမျှဖြင့်ကိုင်တွယ်ဖြေရှင်းနိုင်သည့် လိုအပ်ချက်အချို့ပါဝင်နေဆဲဖြစ်သည်။ ဤစာတမ်းသည် ဥပဒေပြဋ္ဌာန်းချက်များ၏ အသေးစိတ်အချက်အလက်များကို ကုလသမဂ္ဂ မူးယစ် ဆေးဝါးထိန်းချုပ်ရေး ပဋိဉာဉ်သဘောတူစာချုပ်များ၊ နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံနှုန်းများ၊ မျက်မှောက်ခေတ် အထောက်အထားများ၊ အကောင်းဆုံးနိုင်ငံတကာအလေ့အထများနှင့် နှိုင်းယှဉ် သုံးသပ်၍ နှိုက်နှိုက်ချွတ်ချွတ် ဆန်းစစ်သုံးသပ်ထားခြင်းဖြစ်သည်။ ဤ စာတမ်းသည် မြန်မာ နိုင်ငံ၏ မူးယစ်ဆေးဝါးဥပဒေနှင့် မူဝါဒပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များ၌ ပါဝင်ဆောင် ရွက်လျက် ရှိသည့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြားမူဝါဒချမှတ်သူများအတွက် အသုံးဝင် သည့် ကိရိယာတစ်ခုဖြစ်လာမည်ဟု မျှော်လင့်ပါသည်။ ဤနည်းအားဖြင့် လက်ရှိဥပဒေ ပြဋ္ဌာန်းချက်များ တိုးတက်ကောင်းမွန်လာစေရန် အထောက်အကူပြုမည်ဟု ယုံကြည်ပါသည်။..."

Creator/author: 

Drug Policy Advocacy Group

Source/publisher: 

Drug Policy Advocacy Group via Transnational Institute (TNI)

Date of Publication: 

2017-11-29

Date of entry: 

2017-12-29

Grouping: 

  • Individual Documents

Category: 

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

3.59 MB