ဂမ်ဘီယာ နှင့် မြန်မာနိုင်ငံမှုခင်းအပေါ် ကမ္ဘာ့တရားရုံး ICJ တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကြားနာမှု နှင့် စပ်လျဉ်း၍ ဥပဒေရေးရာ သုံးသပ်ချက်

Description: 

"၁။ နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံး (International Criminal Court - ICC) နှင့် မတူဘဲ ICJ သည် ကုလသမဂ္ဂ၏ အဓိက တရားစီရင်ရေး ယန္တရားဖြစ်သည်။1 နိုင်ငံတကာဥပဒေ၏ ပင်မဖြစ်သော ကုလသမဂ္ဂ ၏ ပဋိညာဉ်2 ကို လေးစားလိုက်နာဖော်ဆောင်ရန်တာဝန်ရှိသည်။ ယနေ့ကြားနာစစ်ဆေးမှုတွင်ICJ သည် ကုလသမဂ္ဂ၏ အထွေထွေညီလာခံ၊ လူ့အခွင့်အရေးကောင်စီ၊ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး အစ ရှိသည့် အခြားယန္တရားများနှင့် ဆန့်ကျင်ရပ်တည်သွားခဲ့သည်။ တရားရုံးတိုင်း၏ အရင်းခံတာဝန်သည် အမှန်တရားကို ဖော်ထုတ်ပြီးတရားမျှတမှု ကို ရှာဖွေရန်ဖြစ်သည်။ ယနေ့စစ်ဆေးမှုတွင် ICJ သည် နိုင်ငံတကာဥပဒေ၏ စံချိန်စံညွန်း3 ကို မျက်ကွယ်ပြုရာရောက်သည်။ နိုင်ငံတကာဥပဒေအပေါ် အများ ယုံကြည်နိုင်မှု4 ကိုထိခိုက်စေသည်။ ယင်းကိုကန့်ကွက်ပါသည်။ ၂။ ယခင်ကြားနာမှုတွင်မြန်မာနိုင်ငံကိုကိုယ်စားပြု၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရင်ဆိုင်ဖြေရှင်းခဲ့ကြောင်း နှင့်သူမသည်ယခု မတရားချုပ်နှောင်တရားစွဲဆိုခံနေရကြောင်း ICJ အသိဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့သည့် NLD အစိုးရနေရာတွင် တာဝန်ယူလာသည့် အမျိုးသားညီညွတ်ရေး အစိုးရကလည်း မြန်မာနိုင်ငံကို ကိုယ်စားပြုကာ မှုခင်းကို ရင်ဆိုင်ဖြေရှင်းသွားရန် အသင့်ရှိကြောင်း တရားရုံးကို ဆက်သွယ်အကြောင်းကြားခဲ့ပြီးဖြစ်သည်။ ယင်းအခြေအနေနှစ်ရပ်အကြား မှပင် ICJ သည်စစ်ကောင်စီကို လျို့ဝှက်ဆက်သွယ်ကာ မြန်မာနိုင်ငံကိုယ်စားအမှုကို ရင်ဆိုင်ဖြေရှင်းရန် ခွင့်ပြုခဲ့သည်။ စင်စစ်အားဖြင့်ယနေ့မှုခင်းစစခြင်းမှာပင်အထက်ပါအခြေအနေနှစ်ရပ်အား အဘယ်ကြောင့် မျက်ကွယ်ပြုခဲ့ခြင်းဖြစ်ကြောင်းလည်း တရားရုံးသည် နည်းလမ်းတကျ ဆုံးဖြတ်ချက်ချပေးရန် တာဝန်ရှိ သည်။ ယင်းသို့မဆောင်ရွက်ဘဲ ဘာမှ မဖြစ်သကဲ့သို့ပုံမှန်သဘောမျိုးဖြင့် မှုခင်းကို ကြားနာသွားခြင်းမှာ တရားရုံး၏ လုပ်ထုံးလုပ်နည်းနှင့်လည်း ဆန့်ကျင်သည်။5 1 The principal judicial organ of the UN 2 The Charter of the UN 3 The peremptory norms of general international law or Jus Cogens and Erga Omnes obligations 4 The credibility of international law 5 Rules of the Court 1978 <https://www.icj-cij.org/en/rules> Article 31: In every case submitted to the Court, the President shall ascertain the views of the parties with regard to questions of procedure. For this purpose he shall summon the agents of the parties to meet him as soon as possible after their appointment, and whenever necessary thereafter. Article 61(2): The Court may, during the hearing, put questions to the agents, counsel and advocates, and may ask them for explanations. ၃။ ယနေ့ကြားနာမှုတခုလုံးတွင်စစ်ကောင်စီကိုကိုယ်စားပြုကာ Mr. Christopher Staker ဦးဆောင်သည့် ရှေ့နေအဖွဲ့က ဂမ်ဘီယာသည် OIC ၏ ကိုယ်စားလှယ်အဖြစ်6 သာစွဲဆိုခြင်းဖြစ်ကြောင်း၊ ထိခိုက်နစ်နာသည့်နိုင်ငံ7 မဟုတ်ကြောင်း၊ လူမျိုးတုံးသတ်ဖြတ်မှုကိုဆန့်ကျင်ခြင်းဆိုင်ရာ နိုင်ငံတကာစာချုပ် အပိုဒ် ၈ ကို မြန်မာနိုင်ငံကချွင်းချက်ပြုထားကြောင်း၊ ဂမ်ဘီယာက မြန်မာနိုင်ငံကို တရားမစွဲခင်ပေးပို့ သောစာမှာလည်း လိုအပ်ချက်များရှိနေကြောင်း အစရှိသည်တို့ဖြင့် လုပ်ထုံးလုပ်နည်းအရ ချို့ ယွင်းချက်များ8 ရှိနေကြောင်းဖြင့် ထောက်ပြကာ ICJ တွင်စီရင်ပိုင်ခွင့်မရှိကြောင်း တင်သွင်းသွားခဲ့သည်။ ICJ က အဆိုပါတင်သွင်းမှုများကိုလက်ခံကာ ဂမ်ဘီယာ၏ စွဲဆိုမှုကိုပယ်ချလိုက်လျင်မြန်မာနိုင်ငံဘက်က နိုင်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံဘက်က နိုင်သွားခြင်းမှာ စစ်ကောင်စီက နိုင်ခြင်းသာ ဖြစ်ပါမည်။ စင်စစ် အားဖြင့်စစ်ကောင်စီရှေ့နေများ၏ ကန့်ကွက်ချက်အများစုအပေါ် ICJ က ဆုံးဖြတ်ချက်ချပေးပြီးဖြစ်သည်။9 ၄။ တရားစီရင်မှုတိုင်းတွင်နှစ်ပိုင်းရှိပါသည်။ လုပ်ထုံးလုပ်နည်းအရ တရားမျှတမှုကို ရှာဖွေခြင်း10 နှင့် အနှစ်သာရအရ တရားမျှတမှုရှာဖွေခြင်း11 တို့ဖြစ်သည်။ လုပ်ထုံးလုပ်နည်းအရ တရားမျှတမှုကို ရှာဖွေခြင်း သည်အနှစ်သာရအရတရားမျှတမှုရှာဖွေခြင်း ကို ပံ့ပိုးရန်ဖြစ်သည်။ ဖျက်ဆီးရန်မဟုတ်။ လုပ်ထုံးလုပ်နည်း အားနည်းချက်များကို ထောက်ကါ စီရင်ပိုင်ခွင့်မရှိဟု ICJ က ဆုံးဖြတ်ပြီး မှုခင်းကို ပယ်ချလိုက်ပါက အနှစ်သာရအရ တရားမျှတမှုရှာဖွေခြင်းကို ဖျက်ဆီးလိုက်ခြင်းဖြစ်ပါမည်။ တိုင်းပြည်၏ကိုယ်စားလှယ် ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံနေရမှုကို လျစ်လျူရှုခြင်း၊ NUG ၏ ကိုယ်စားပြုခွင့်ကို ငြင်းဆိုလိုက်ခြင်းတို့မှာ တရားရုံးသည်စစ်ကောင်စီဘက်က လုပ်ထုံးလုပ်နည်း ချိုးဖောက်မှုများအား အား ပေးသည့် သဘောသက်ရောက်နေသည်။ ယင်းကို ဂမ်ဘီယာဘက်က ပြန်လည်ထောက်ပြကန့်ကွက်ပါမူ တရားရုံးဘက်က ပြင်ဆင်ကောင်းပြင်ဆင်နိုင်ဘွယ်ရှိသည်။ ၂၃ ရက်နေ့တွင်စောင့်ကြည့်ရပါမည်။..."

Source/publisher: 

Legal Aid Network

Date of Publication: 

2022-02-22

Date of entry: 

2022-02-22

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar, Gambia

Geographic coverage: 

Global

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

568.62 KB

Resource Type: 

text

Text quality: 

    • Good