Dr. Tayzar San: ”ALL I OWN IS BOOKS" - ဒေါက်တာတေဇာဆန်း: “ကျွန်တော်ပိုင်ဆိုင် သမျှက စာအုပ်တွေပါ”

Description: 

"This evening I got information that the apartment in Mandalay in which I used to live has been raided twice by a group of soldiers, policemen, and plainclothes agents. Some sources said that it was already third time. They've known the exact address of this apartment for a while. They broke down the locked door and destroyed the whole apartment. Before destroying it, they took everything they could in small bags like termite ants. There was nothing of value there. I regret only books being destroyed. It took me time to stock them and some have been beautiful. Luckily, few favorite ones are on other place. Hopefully they will survive, for better days. I do not understand why they destroyed books and other small things in the apartment. Most of the stuff in the apartment is not my property. Actually, all I own is books. My sister's guitar is among things they stole from the apartment. How is the guitar related to the revolution against the dictatorship I'm doing? Hard to grasp. Actually, what we called "army" is a thief and a robber gang. How sad it would be for the General Aung San, the founder of the Tatmadaw army, if only he would found out that his child has become robber gang. General Aung San requested from the army to be the “Mother and Father of the People”. Would he now reverse that motto? This Burmese (Bama) army is the killer of the people. Actually, Tatmadaw has been been a big gang of thieves and robbers for years. Over 70 years similar crimes have been committed on regular basis in other non-Bama ethnic regions where Tatmadaw’s war against civilians never stopped. We the Bama, majority ethnic people have a clear view of the inner workings of this murderous and robbery army during the current 2021 Spring Revolution. We are experiencing it first-hand and in front of our own eyes. It is now becoming obvious to everybody in the country who is the common enemy. Who is the main obstacle to the establishment of a peaceful and prosperous federal democracy. It is in a plain sight that the only obstacle for the peace and prosperity in our country is a terrorist military regime. Clarity of this fact is the biggest gain in our current revolution.....ဒီနေ့ ညနေနဲ့ ညဦးပိုင်းမှာ မန်းလေးက ကျနော် နေခဲ့ဖူးတဲ့ တိုက်ခန်းလေးကို အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ စစ်သား၊ ရဲ၊ အရပ်ဝတ်အစုံ အင်အားအလုံးအရင်းနဲ့ နှစ်ကြိမ် လာသွားတယ်လို့ ကြားသိရပါတယ်။ အချို့သတင်းတွေကလည်း သုံးကြိမ်လို့ ဆိုပါတယ်။ ဒီတိုက်ခန်း‌လေး လိပ်စာအတိအကျကို သူတို့သိထားတာ ကြာပါပြီ။ ဖေဖော်ဝါရီလလယ်လောက်ကတည်းက မန်းလေးမြို့လူထုက စရဖလို့ ယူဆရသူတစ်ယောက်ကို ကျနော့်အိမ်လိပ်စာပါတဲ့ စာရွက်ကလေးနဲ့အတူ လက်ပူးလက်ကြပ် မိထားဖူးပါတယ်။ ဒါ့ကြောင့် အဲ့ဒီမှာ ဘယ်သူမျှ မနေတော့တာလည်း ကြာလှပါပြီ။ ကျနော့်အတွက် အရေးကြီးပစ္စည်းလည်း အဲ့ဒီမှာ ဘာမျှ မထား၊ မရှိ‌ပါဘူး။ သူတို့က သော့ခတ်ထားတဲ့ တိုက်ခန်းတံခါးကို ဖျက်ဖွင့်ပြီး တစ်အိမ်လုံး မွေနှောက်ဖျက်ဆီးသွားကြပြီး တွေ့သမျှ တန်ဖိုးရှိ၊ မရှိ၊ ဘာသောညာသောမရွေး အကုန်လုံးကို အိတ်ကြီးအိတ်ငယ် အသွယ်သွယ်နဲ့ အဓမ္မ ယူဆောင်သွားကြလေသတည်း။ ပစ္စည်းသင်္ခါရ လူသင်္ခါရသဘောပေမို့ ကျန်တာ‌တွေတော့ သိပ်မနှမြောပါဘူး၊ စာအုပ်တွေတော့ နှမြောလှတယ်ဗျာ။ ကို့ယ်အကြိုက် လက်ရွေးစင်လေးတွေချည်း အိမ်မှာ စုသိမ်းထားတာမို့ပါ။) သူရို့က ကျနော့်ကို ရဲစခန်းပေါင်း‌များစွာမှာ စွဲဆိုထားတဲ့ ပုဒ်ထီးပုဒ်မတွေရှိတယ်လို့တော့ ကြားသိပါရဲ့။ ဒါပေသိ၊ ဒီစာအုပ်‌တွေ၊ အခြားပစ္စည်းတွေကို အဓမ္မလုယူသိမ်းဆည်းရတဲ့ အကြောင်းရင်းကို ကျနော့်တော့ ဉာဏ်မမှီ၊ စဉ်းစားလို့ မရပါ။ အဲ့တိုက်ခန်းမှာ ရှိတဲ့ပစ္စည်းတွေကလည်း အကုန်လုံးက ကျနော့်ဥစ္စာပစ္စည်း မဟုတ်။ ကျနော် ပိုင်ဆိုင်တာက စာအုပ်တွေပဲ ရှိတာ။ သူရို့ အိမ်က သိမ်းယူသွားတဲ့ ပစ္စည်း‌တွေထဲမှာ ကျနော့်နှမတစ်ဦးရဲ့ ဂစ်တာလေးဝောာင် ပါသွားသေးပါသတဲ့။ ကျနော်လုပ်နေတဲ့ အာဏာရှင်တော်လှန်ရေးနဲ့ ဒီဂစ်တာ‌လေးနဲ့က ဘယ်လိုများ ပတ်သတ်တာပါလိမ့်၊ ဆန်းကြယ်လှပါဘိတောင်း။ အိမ်း၊ “တပ်မတော်” လည်း သူခိုး၊ ဓားပြဂိုဏ်းအကြီးစားကြီး လုံးလုံး ဖြစ်နေပါပေါ့လား။ တပ်မတော်ကို စတင်တည်ထောင်ခဲ့သူ ဗိုလ်တေဇ (ဗိုလ်ချုပ်အောင်ဆန်း) သာ ဒီအကြောင်းတွေ သိမယ်ဆို ဘယ်လောက် စိတ်မကောင်း၊ ဝမ်းနည်းဖြစ်နေမယ်မသိဘူး။ သူ့ပြည်သူတွေအတွက် သူရင်နာလို့ ဆုံးရှာမှာ မဟုတ်ဘူး။ တပ်မတော်အတွက် ဗိုလ်တေဇာမှာခဲ့တဲ့ စကားက “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” တဲ့။ အခုတော့ သူရို့က ဒီဆောင်ပုဒ်ကို ပြောင်းပြန်လုပ်ထားပါပေါ့လား။ တကယ်တော့ ဒီ ဗမာ (မြန်မာ) စစ်တပ်ဟာ သူသတ်၊ သူခိုး၊ ဓားပြအုပ်စုအကြီးစားကြီး ဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အထူးသဖြင့် ဗမာမဟုတ်တဲ့ ကျန်တိုင်းရင်းသား လူမျိုးတွေဒေသတွေ၊ ပြည်တွင်းစစ်ဖြစ်ပွားရာဒေသတွေမှာ ဒီလိုမျိုး ရာဇဝတ်မှုပေါင်းများစွာကို နေ့စဉ်နဲ့အမျှ၊ အချိန်နဲ့အမျှ ကျူးလွန်လာတာ နှစ်ပေါင်း (၇၀) ကျော် ကြာခဲ့ပါပြီ။ “ကျောချမှ ဓားပြမှန်း သိ” ဆိုသလို ကျနော်တို့ ဗမာတိုင်းရင်းသားတွေကတော့ ဒီစစ်တပ်ရဲ့ အတွင်းသရုပ်မှန်ကို အခု ၂၀၂၁ နွေဦးတော်လှန်ရေးကြီးမှာ ကွက်ကွက်ကွင်းကွင်း၊ ရှင်းရှင်းလင်းလင်း၊ မျက်မြင်ကိုယ်တွေ့ သိရှိခံစားလိုက်ကြရတာပါပဲ။ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တစ်ရပ်ကို တည်ထောင်ဖို့ အဓိကအနှောက်အယှက်ပေးနေတဲ့ ဘုံရန်သူဟာ ဒီအကြမ်းဖက်စစ်အုပ်စုပဲဆိုတာ လယ်ပြင်မှာ ဆင်သွားသလို့ (ဗမာတွေကိုယ်တိုင်က) ထင်ထင်ရှားရှား သိမြင်သွားကြတာပေါ့ဗျာ။ ဒါသည်ပင်လျှင် တော်လှန်ရေးထဲက အမြတ်ကြီးတစ်ခုလို့ ကျနော်ကတော့ ခံယူမိပါတယ်။ အဖိနှိပ်ခံ ပြည်သူတစ်ရပ်လုံး သွေးစည်းကြလော့။ ဘုံရန်သူကို တိုက်ခိုက်ကြလော့။ ဘုံပန်းတိုင်ကို ရှေးရှုကြလော့။..."

Creator/author: 

Tayzar San, Igor Blazevic

Source/publisher: 

Tayzar San via Igor Blazevic

Date of Publication: 

2021-04-19

Date of entry: 

2021-04-23

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

English, Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf pdf pdf

Size: 

159.04 KB 329.61 KB 50.03 KB

Resource Type: 

text

Text quality: 

    • Good

Remote URL: