Destruction & Displacement: Civilian Safety and Security at Risk Post-Coup in Myanmar - ဖျက်ဆီးခံရခြင်းနှင့်ရွှေ့ပြောင်းခံရခြင်း မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် လူထုဘဝလုံခြုံရေးအတွက် အာမခံမှုမရှိသည့် အန္တရာယ် အနေအထားတွင် ရောက်ရှိနေခြင်း

Description: 

"Myanmar has been embroiled in decades of internal warfare. It is a country, though vast in resources and diversity, has been oppressed by authoritarian leaders who have squandered political dissent in exchange for more power and profit. Victims of human rights violations across Myanmar’s 70-year civil war have not received reparations. Before and after the failed coup, junta soldiers continue to brutally crackdown on peaceful protesters. They are also responsible for arbitrarily arresting and detaining civilians, torturing them, killing them and committing acts of sexual violence against young women and girls. Moreover, shelling in ethnic areas is ongoing, which has resulted in widespread internal displacement. The coup by the military has only exacerbated brewing conflict in the borderlands as the junta’s quest for power and control has blinded them from justice and meaningful reforms. Moreover, the perpetrators must be brought to justice. Displacement is rampant and widespread in Myanmar as intensified clashes between the Tatmadaw and armed groups force thousands to flee. The establishment of various People’s Defense Forces (PDF) in ethnic areas left civilians with no other choice but to take up arms in self-defense. Junta security forces have been relentless in their offensives, particularly in civilian areas. The UN Office for the Coordination of Humanitarian Affairs (OCHA) has put internal displacement in Myanmar at over 330,000.[1] Yet, the junta continues to block aid and urgently needed supplies to displaced groups. This short briefing paper will detail the impacts on Internally Displaced Persons (IDPs) in ethnic areas of Chin, Kachin, Karen, Kayah and Shan States from 1 May to 15 June and make strong recommendations to the international community to put an end to decades of entrenched military impunity, which has contributed to prolonged conflict. It is based on accounts from local and international media, and from reports and briefing papers from ND-Burma members.....မြန်မာနိုင်ငံသည် ဆယ်စုနှစ်နှင့်ချီသည့် ပြည်တွင်းစစ်ပြဿနာနှင့် ငြိတွယ်ခဲ့ရသည်။ သယံဇာတ အမျိုး မျိုးထွက်ရှိသော်လည်း နိုင်ငံရေးအရ သဘောထားကွဲသူများအပေါ် ဖိနှိပ်ပြီး အာဏာနှင့် အကျိုးအမြတ် ကိုသာကြည့်သည့် ဖိနှိပ်အုပ်ချုပ်သော အာဏာရှင်ခေါင်းဆောင်များအောက် ကျရောက်ခဲ့ရသည်။ စစ်တပ်မှ အာဏာသိမ်း ထိန်းချုပ်စဥ်အတွင်း မတရားဖမ်းဆီး ထိန်းသိမ်းခံရသူ၊ ပျောက်ဆုံးသွားသူများ၊ ညှဥ်းပန်းနှိပ်စက်ခံရသူများနှင့် အသတ်ခံရသူများအတွက် တရားမျှတမှုနှင့် ပြန်လည်ကုစားပေးလျော်မှု တစုံတရာ မရှိဘဲ ဆက်လက်ကျူးလွန်နေဆဲဖြစ်သည်။ စစ်အာဏာသိမ်းမှုကြောင့် နယ်စပ်ဒေသတွင် တိုက်ပွဲများ ပြန်လည်ဆိုးရွားလာစေပြီး စစ်တပ်က လိုချင်တပ်မက်သည့် အာဏာနှင့် ချုပ်ကိုင်လိုမှုက တရားမျှတမှုနှင့် အဓိပ္ပါယ်ရှိသည့် ပြုပြင်ပြောင်းလဲမှုကို ဖုံးအုပ်သွားစေသည်။ စစ်အာဏာသိမ်းမှုကြောင့် စစ်အုပ်ချုပ်မှုနှင့် ကြီးစိုးလွှမ်းမိုးမှုအောက် ပြန်ရောက်သွားမည်ကို အထူးစိုး ရိမ်ကြသည်။ စစ်တပ်နှင့် လက်နက်ကိုင်တပ်ဖွဲ့များကြား ပြင်းထန်သည့် တိုက်ပွဲများကြောင့် အရပ်သား များ ထောင်နှင့်ချီ၍ ထွက်ပြေးရသည့် ပြောင်းရွှေ့မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာသည်။ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များ ဖွဲ့စည်းလာကြခြင်းက ပြည်သူလူထုသည် စစ်တပ်ကို မဖြစ်မနေ လက် နက်ကိုင်၍ ခုခံကာကွယ်ရန် အခြေအနေသို့ တွန်းပို့ခြင်းခံရ၍ဖြစ်သည်။ အာဏာရှင်တပ်များ၏ စစ်ဆင်မှုများတွင် အထူးသဖြင့် ပြည်သူလူထုနေထိုင်ရာ ရပ်ရွာများတွင် အညှာအတာကင်းမဲ့စွာ တိုက်ခိုက်ကြသည်။ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃၃၀,၀၀၀[1] ကျော်ရှိသည်ဟု ထုတ်ပြန်ထားသည်။ သို့သော် အာဏာသိမ်းစစ်အုပ်စုက ထွက်ပြေးရွှေ့ပြောင်းနေရသူများအား အကူအညီနှင့် အရေးပေါ် လိုအပ်ချက်များ မပေးပို့နိုင်စေရန် ပိတ်ဆို့ထားသည်။ ယခုစာတန်းငယ်တွင် မေလ ၁ ရက်မှ ဇွန်လ ၁၅ ရက်အထိ ချင်း၊ ကချင်၊ ကရင်၊ ကယားနှင့် ရှမ်းပြည် နယ်တို့ရှိ စစ်ပြေးဒုက္ခသည်များ အပေါ် သက်ရောက်သည့် အခြေအနေများအား ဖော်ပြထားပြီး ခိုင်မာစွာ အမြစ်တွယ်နေသည့် စစ်တပ်၏ အပြစ်ပေးအရေးယူခြင်းမှ ကင်းမဲ့နေသည့် ဓလေ့အား အဆုံးသတ်စေရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းအား အားကောင်းသည့် အကြံပြုချက်များ ပါဝင်သည်။ အပြစ်ပေးအရေးယူခြင်း ကင်းမဲ့နေမှုကြောင့် ကြာရှည်နေသည့် ပြည်တွင်းစစ်ဖြစ်ပေါ် စေပြီး လူ့အခွင့်အရေးအပေါ်လည်း စိန်ခေါ်တိုက်ခိုက်မှုများ ရှိနေသည်။ ယခုစာတန်းကို ပြည်တွင်း၊ ပြည်ပ သတင်းများနှင့် ND-Burma အဖွဲ့ဝင်များ၏ အစီရင်ခံစာများ စာတန်းငယ်များအပေါ် အခြေခံ ရေးသားထားခြင်းဖြစ်သည်။..."

Source/publisher: 

Network for Human Rights Documentation - Burma

Date of Publication: 

2021-06-21

Date of entry: 

2021-06-21

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

English, Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf pdf

Size: 

857.67 KB 592.14 KB

Resource Type: 

text

Text quality: 

    • Good