Can Economic Reform Open a Peaceful Path to Ending Burma?s Isolation? (English and Burmese)

Description: 

Summary: "After decades of domestic conflict, military rule and authoritarian governance, Burma?s economy could provide a viable entry point for effective international assistance to promote peace. Doing so would require a detailed understanding of the country?s complex and evolving political economy. The lingering income and distributional effects of the 2008 Cyclone Nargis, anticipated changes associated with the new constitution and the 2010 elections and the Obama administration?s decision to devote more attention to Burma suggest that the time is ripe for the creative application of economic mechanisms to promote and sustain peace. Looming challenges could derail Burma?s prospects for economic and political stability. These challenges include irrational macroeconomic policies, failing to ensure all citizens enjoy benefits accrued from natural resources, endemic corruption, a flourishing illicit economy, a dysfunctional financial system and critical infrastructure bottlenecks. Failure to address these problems would frustrate peacebuilding efforts. A conflict sensitive economic strategy for Burma would focus on effective capacity-building, sustained policy reform, progressive steps to reduce corruption, fiscal empowerment of subnational authorities and prudent natural resource management. Success in these areas requires unwavering political will for sensibly sequenced policy improvements by domestic actors and finely targeted support from Burma?s international partners." .....လယ်ယာကဏ္ဍအတွက် ကြွေးမြီပြဿနာများ ပြေလျော့စေမှသာ ဖြစ်နိုင်ပေလိမ့်မည်။7 စီးပွားရေး အခွင့်အလမ်း မရှိခြင်းနှင့် နိုင်ငံရေးအရ ဖိနှိပ်ထားခြင်းကြောင့် ရည်ရွယ်ချက်ကြီးမားပြီး၊ ပညာတတ်ကြ သည့် နိုင်ငံသားများ အမြောက်အများ တိုင်းပြည်ပြင်ပသို့ ထွက်လာနေကြသည်။ နှစ်ပေါင်း(၂၀) အတွင်းတွင် ပြည်ပသို့ ထွက်လာသူ ခန့်မှန်း (၃)သန်းမျှ ရှိနိုင်ပါသည်။ ထိုင်းနိုင်ငံသို့ ဓာတ်ငွေ့တင်ပို့ရောင်းချမှုမှ နိုင်ငံခြားငွေ အမြောက်အများ ဝင်မလာမီ၊ မူးယစ်ဆေးဝါး (ဘိန်းဖြူနှင့် မီသာအမ်ဖီတမင်း) ရောင်းဝယ်မှုမှ ၁၉၉၀ ခုနှစ်များ နှောင်းပိုင်းတွင် နိုင်ငံခြားဝင်ငွေ အများဆုံး ရရှိခဲ့သည်ဟု ခန့်မှန်းကြသည်။ ပြီးခဲ့သည့်နှစ်များတွင် ဘိန်းထုတ်လုပ်မှု သိသိသာသာ ကျဆင်းသွားခဲ့သည်။ သို့သော်လည်း မှောင်ခိုစီးပွားနယ်ပယ်တွင်းသို့ ငွေမာများ စီးဆင်းဝင်လာနေမှုက သိသိသာသာရှိနေသေးပြီး၊ အင်အားကောင်း အာဏာရှိနေသူများမှတဆင့် အစိုးရမူဝါဒများအပေါ် လွှမ်းမိုးသက်ရောက်နိုင်မှု ရှိနေပါသည်။ အခြားမှောင်ခိုစီးပွားနယ်ပယ်တစ်ခုမှာ ကြီးထွားလာနေသည့် တရုတ်လူမျိုးများ၏ အခန်းကဏ္ဍ ပင် ဖြစ်သည်။ တရုတ်နယ်စပ် မြန်မာနိုင်ငံ၏ အချို့အစိတ်အပိုင်းများတွင် တရုတ် ရီမင်ဘီငွေကို လှည့်လည်သုံးစွဲနေပြီး၊ ပြီးခဲ့သည့် နှစ်များအတွင်း မြောက်ဖက်ဒေသများ ၊ ပြည်နယ်များတွင် တရုတ်လူမျိုး တစ်သန်းကျော် တရားမဝင် ဝင်ရောက်အခြေချနေထိုင်ခဲ့ကြပါသည်။ ဤဖြစ်ပေါ် တိုးတက်မှုများက မြန်မာနိုင်ငံ၌ သုံးစွဲနေသည့် ငွေကြေးအမျိုးမျိုးကြောင့် ပေါ်ပေါက်လာရသည့် ပြဿနာများကို အားဖြည့်ပေးပြီး၊ နိုင်ငံအဆင့် မက္ကရိုစီးပွားတည်ငြိမ်မှုတစ်ခုလုံးကိုပါ ထိခိုက်လာဖွယ် အကြောင်း ရှိနေပါသည်။

Creator/author: 

Lex Rieffel and Raymond Gilpin

Source/publisher: 

United States Institute for Peace

Date of Publication: 

2010-03-10

Date of entry: 

2011-09-09

Grouping: 

  • Individual Documents

Category: 

Language: 

English, Burmese

Format: 

Size: 

Alternate URLs: