Appointment as a liaison officer by NUG of Myanmar for the Czech Republic - အမျိုးသား ညီညွတ်ရေး အစိုးရ၏ ချက်သမ္မတ နိုင်ငံဆိုင်ရာ မြန်မာ ကိုယ်စားလှယ် ဦးလင်းသန့်အား ချက်သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး မစ္စတာ မာကျင် တလာပါ ( H.E Mr Martin Tlapa ) က တရားဝင် လက်ခံ အသိအမှတ်ပြု ဂုဏ်ယူကြောင်း မေလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

Description: 

"May I congratulate you most sincerely on your appointment as a liaison officer by NUG of Myanmar for the Czech Republic. I am confident that our friendly relation will help us to overcome this very difficult situation, which your country currently faces. As you know, the Czech Republic strongly condemns the military coup in Myanmar since its first day. We support legitimately elected leaders, and we call for respect of the results of the November 2020 parliamentary elections. President Win Myint, State Counsellor Aung San Suu Kyi, and all others who have been arrested must be immediately and unconditionally released. Our position is clear: not to recognize the new regime as the government of Myanmar. We urge the immediate restoration of the legitimate civilian government in Myanmar, and the swift opening of parliament with the participation of all elected representatives, as foreseen by the constitution. We support the Committee Representing Pyidaungsu Hluttaw (CRPH) and we welcome the formation of the National Unity Government (NUG). We have all our communication channels with NUG open and we are determined to further collaborate. Regarding the international recognition, the topic is now being discussed with international lawyers, and we will adopt the most suitable approach to help Myanmar in its democratic effort. Furthermore, I can emphasize that the Czech Republic is very active in international fora, especially in its effort on the extension of sanctions. We also actively cooperate with the Human Right Council, its find-finding mission, to investigate crimes against humanity perpetrated by the military. We consider Myanmar an important partner; our relations have been traditionally friendly, and we are determined to help the Burmese citizens in need. We stand with the people of Myanmar and we remain ready to participate with all means in international efforts to return Myanmar to the path to democracy. Yours sincerely.....ချက် သမ္မတ နိုင်ငံ ဒု နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ မာကျင် တလာပါက မိမိတို့ မိတ်ဆွေရင်းချာ ဆက်ဆံရေးမှ တဆင့် သင်၏ နိုင်ငံတွင် လတ်တလောက် ရင်ဆိုင်နေရသော အလွန်ခက်ခဲသည့်အခြေအနေများကို ကျော်လွှားရန် အထောက်အပံ့ဖြစ်မည်ဟု အခိုင်အမာယုံကြည်ကြောင်း ဖော်ပြထားသည်။ ချက်သမ္မတ နိုင်ငံက မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းသည့်နေ့ကတည်းကပင် စစ်အာဏာသိမ်းမှုကို ပြင်းထန်စွာ ရှုံ့ချကြောင်း၊ တရားဝင် ရွေးကောက်တင်မြှောက်ခံရသော ခေါင်းဆောင်များကို ထောက်ခံကြောင်း၊ ၂၀၂၀ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့သော ပါတီစုံအထွေထွေ ရွေးကောက်ပွဲ ရလာဒ်အား လေးစားရေး တောင်းဆိုကြောင်း၊ မတရားသဖြင့် ဖမ်းဆီးထိမ်းသိမ်းခံနေရသော နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့်တကွသော ကျန် ဖမ်းဆီခံထားရသူအားလုံးအား ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်လည်း တောင်းဆိုကြောင်း၊ ချက်သမ္မတ နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး၏ စာတွင် ဖော်ပြထားသည်။ ချက်သမ္မတနိုင်ငံ၏ ရပ်တည်ချက်က ရှင်းရှင်းလင်းလင်း ရှိကြောင်း၊ မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ ဖွဲ့စည်းသည့် အစိုးရသစ်ကို အသိအမှတ်မပြုကြေင်း၊ တရားဝင် ရွေးကောက်ခံ အရပ်သား အစိုးရအား ချက်ချင်း အာဏာပြန်လွှဲရန်နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ရွေးချယ်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်သည့် ပါလီမန်လွှတ်တော်အစည်းအဝေးများ ပြန်လည် ကျင်းပနိုင်ရန် တိုက်တွန်းပြောဆိုထားသည်။ မိမိတို့ ချက်သမ္မတနိုင်ငံသည် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH အား ထောက်ခံကြောင်းနှင့် အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်းသည်ကို ကြိုဆိုပါကြောင်းလည်း ၄င်းက ဆိုသည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2021-05-24

Date of entry: 

2021-05-26

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

English, Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf pdf

Size: 

34.51 KB 117.02 KB

Resource Type: 

text

Text quality: 

    • Good

Remote URL:

fbml (English + Burmese versions)