အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၃/၂၀၂၃)

Description: 

"၁။ အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့တွင် တိုင်းပြည်အာဏာကို မတရားသိမ်းပိုက်ရန် ကြိုးပမ်းပြီးနောက်ပိုင်းကတည်းက ယနေ့အထိ ကျန်းမာရေးကဏ္ဍ အပေါ် အကြမ်းဖက်မှုများကို အကြိမ်ကြိမ်ကျူးလွန်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းမှ စတင်၍ ဆေးရုံ/ဆေးခန်းများအပေါ် တိုက်ခိုက်မှုများ (အထူးသဖြင့် လေကြောင်းအသုံးပြု တိုက်ခိုက်မှု များ) ကို ပိုမိုကျူးလွန်လာကြောင်း တွေ့ရှိရပါသည်။ ၂။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ (၂) လအတွင်း ဆေးရုံ/ဆေးခန်းများနှင့် ကျန်းမာ ရေးဝန်ထမ်းများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ခိုက်မှုများကို ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် (၂၈-၂-၂၀၂၃) ရက်နေ့၌ ထုတ်ပြန်ကြေညာချက်အမှတ် (၂/၂၀၂၃) ဖြင့် ထုတ်ပြန် ခဲ့ပြီးဖြစ်ပါသည်။ ၃။ အကြမ်းဖက်စစ်ကောင်စီသည် ယခုဧပြီလအတွင်းမှာပင် လေကြောင်းအသုံးပြု တိုက်ခိုက်မှု များကို အရှိန်တိုးမြှင့် ကျူးလွန်ခဲ့ရာ (၁၁-၄-၂၀၂၃) ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မလယ်တိုက်နယ်၊ ပဇီကြီးကျေးရွာကို လေကြောင်းဖြင့် (၃) ကြိမ်တိုင်တိုင် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများ အပါအဝင် အပြစ်မဲ့ပြည်သူ စုစုပေါင်း (၁၆၈) ဦး သေဆုံးခဲ့ပြီး (၁၆) ဦးမှာ အကြီးစားကုသမှုခံယူနေရသော ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ၄။ ၂၀၂၃ ခုနှစ်၊ ဧပြီလ၏ ပထမ (၁၈) ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ကျန်းမာရေး ကဏ္ဍအပေါ် တိုက်ခိုက်မှုများကို အောက်ပါအတိုင်း တွေ့ရှိရသည်- (က) (၂-၄-၂၀၂၃) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာတိုက်နယ်ဆေးရုံရှိ ပြင်ပလူနာဆောင်၊ ကျား/မ လူနာဆောင် (၂) ဆောင်၊ ဆေးစတိုခန်း၊ ခွဲစိတ်ခန်း စသည့် ဆေးရုံအဆောင်တို့ကို အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်စစ်သားများက မီးရှို့ဖျက်ဆီးခဲ့သည်။ (ခ) (၅-၄-၂၀၂၃) ရက်နေ့တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စီသာကျေးရွာကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်းဖြင့် (၃) ကြိမ် ဗုံးကြဲပစ်ခတ်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စီသာတိုက်နယ်ဆေးရုံ၊ စာသင်ကျောင်းနှင့် နေအိမ် (၂၀) ကျော် ထိခိုက်ပျက်စီးခဲ့သည်။ စီသာတိုက်နယ်ဆေးရုံ၏ အဆောက်အအုံတစ်ခုလုံးနီးပါး ထိခိုက် ပျက်စီးခဲ့ပြီး ဆေးရုံအတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းများလည်း ပျက်စီးဆုံးရှုံးခဲ့သည်။ (ဂ) (၇-၄-၂၀၂၃) ရက်နေ့တွင် ကရင်နီ/ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်ရှိ ရှေ့တန်းစစ်မျက်နှာပြင်တစ်နေရာ၌ အရေးပေါ်ကယ်ဆယ်ရေး ဆေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှုပေးနေစဉ် အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေကြောင်းဖြင့် (၅) ကြိမ်ထက်မနည်း ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ယင်းဆေးအဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူ (၂) ဦး မြေပြင်တွင် ပွဲချင်းပြီး ကျဆုံးခဲ့ပြီး (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ လူနာတင်ယာဉ်အပါအဝင် ကား (၄) စီးလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။ (ဃ) (၁၈-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၁) နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီသည် မကွေး တိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာနှင့် မန်ကျည်းကန်ကျေးရွာရှိ ပြည်သူ့ဆေးရုံတို့ကို စစ်ရဟတ်ယာဉ်များ အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်သားများက ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ့ဆေးရုံ အဆောက်အအုံကို မီးရှို့ဖျက်ဆီးခဲ့ရာ ဂျပန်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ဂျပန်နိုင်ငံ ပြည်သူလူထုက လှူဒါန်းထားသော ဆေးရုံအဆောက် အအုံနှင့် ကျပ်သိန်း (၈၀၀) ခန့် တန်ဖိုးရှိ ဓာတ်မှန်စက် အပါအဝင် ဆေးနှင့် ဆေးပစ္စည်း များ ပျက်စီးဆုံးရှုံးခဲ့သည်။ အကြမ်းဖက်စစ်သားများသည် အသက် (၁၅) နှစ်အရွယ် ကလေးတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး လူနာများ၊ လူနာစောင့်များနှင့် ရွာသူရွာသား (၁၀၀) ကျော်ခန့်ကို ဓားစားခံအဖြစ် ဖမ်းဆီးထားခဲ့သည်။ လူနေအိမ်များ၊ ကားနှင့် ဆိုင်ကယ် များကိုလည်း ဖျက်ဆီးခဲ့သည်။ (၁၉-၄-၂၀၂၃) နံနက်ပိုင်းတွင် မန်ကျည်းကန်ကျေးရွာကို စစ်ရဟတ်ယာဉ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ပြီးနောက် ညနေ (၃) နာရီခန့်တွင် အပြစ်မဲ့ ပြည်သူ (၁၅) ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်၍ ကျေးရွာမှ ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။ ၅။ အကြမ်းဖက်စစ်ကောင်စီသည် (၁-၂-၂၀၂၁) ရက်နေ့မှ (၂၈-၂-၂၀၂၃) ရက်နေ့အတွင်း ကျန်းမာ ရေးဝန်ထမ်း (၇၀) ဦးကို သတ်ဖြတ်ခြင်း၊ ကျန်းမာရေးဝန်ထမ်း (၈၃၆) ဦးခန့်ကို ဖမ်းဆီးခြင်း၊ ဆေးရုံ/ဆေးခန်းများကို သိမ်းပိုက်ခြင်းနှင့် တိုက်ခိုက်ဖျက်ဆီးခြင်း (၁၈၈) ကြိမ်၊ ထိခိုက် ပျက်စီးခဲ့သော လူနာတင်ယာဉ် (၅၉) စီး၊ ခိုးယူသိမ်းပိုက်ခံရသော လူနာတင်ယာဉ် (၄၉) စီး ရှိခဲ့ပါသည်။ (Reference: https://insecurityinsight. org/country-pages/myanmar) ၆။ အကြမ်းဖက်စစ်ကောင်စီက ကျန်းမာရေးကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်နေခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ နိုင်ငံတကာဥပဒေများနှင့် ပြည်တွင်းဥပဒေ များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ရာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အမြန်ဆုံး တားဆီးအရေးယူရန် လိုအပ်ပါသည်။ ၇။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် အခက်အခဲနှင့် စိန်ခေါ်မှုများ ရှိနေသည့်တိုင် လက်ရှိဆောင်ရွက်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သူရဲကောင်း ကျန်းမာရေးဝန်ထမ်းများနှင့်လက်တွဲ၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွား မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆက်လက်ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ပါသည်။..."

Source/publisher: 

Ministry of Health - National Unity Government of Myanmar

Date of Publication: 

2023-04-20

Date of entry: 

2023-04-20

Grouping: 

  • Individual Documents

Category: 

Countries: 

2023-04-20

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

5.28 MB

Resource Type: 

text

Text quality: 

    • Good