“အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ခရစ္စမတ်နေ့အထိမ်းအမှတ် နှုတ်ခွန်းဆက်သဝဏ်လွှာ”

Description: 

"၁။ ယနေ့သည် သခင်ယေရှုခရစ်တော်ဖွားမြင်တော်မူခြင်းအထိမ်းအမှတ်တည်းဟူသောခရစ္စမတ်နေ့ဖြစ်သည်။ ဤမွန်မြတ်သော ခရစ္စမတ်နေ့ရက်အချိန်အခါသာမယတွင် ပြည်ထောင်စုမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း မေတ္တာပို့သလျက်နှုတ်ခွန်းဆက်သအပ်ပါသည်။ ၂။ သခင်ယေရှုခရစ်တော်သည် လူသားအဖြစ်ကိုခံယူတော်မူလျက် ဤကမ္ဘာလောကထဲသို့ကြွလာတော်မူခြင်း မှာ “ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကိုကြားပြောစေခြင်းငှာလည်းကောင်း၊ နှလုံးကြေမွသောသူ တို့၏အနာကိုပျောက်စေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျှက်ရှိသောသူတို့အား လွှတ်ခြင်း အကြောင်းနှင့် အကျဉ်းခံလျက်ရှိသောသူတို့အား ထောင်တံခါးဖွင့်ခြင်းအကြောင်းကို ပြစေခြင်းငှာ လည်းကောင်း၊ ညှင်းဆဲခံရသောသူတို့ကိုကယ်မစေခြင်းငှာလည်းကောင်းနှင့် ထာဝရဘုရား၏မင်္ဂလာနှစ်နှင့် ဘုရားသခင် အပြစ်ပေးတော်မူရာနေ့ရက်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း” (ဟေရှာယ ၆:၁-၃၊ ရှင်လုကာ ၄:၁၉) ဖြစ်တော်မူကြောင်း သမ္မာကျမ်းစာတော်မြတ်တွင် ဖော်ပြထားပါသည်။ ၃။ သမ္မာကျမ်းစာတော်မြတ်တွင်ဖော်ပြချက်အရ ဤကမ္ဘာလောကနှင့် လူသားတို့အား ပျက်စီးရာထဲသို့ ရောက် စေသူမှာ မာရ်နတ်ဖြစ်သည်။ သခင်ယေရှုခရစ်တော်က မာရ်နတ်နှင့်ပတ်သက်၍ “မာရ်နတ်သည် ရှေ့ဦးစွာ မှစ၍ လူအသက်ကို သတ်သောသူဖြစ်၏။ သူ၌သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌ မတည်မနေ။ သူသည် မုသာစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသာစကား၌ကျင်လည်သောသူဖြစ်၏။ မုသာ၏ အဘလည်းဖြစ်၏” (ရှင်ယောဟန် ၈:၄၄) ဟူ၍ အတိအလင်း မိန့်တော်မူခဲ့သည်။ ၄။ မာရ်နတ်၏မှောင်မိုက်တန်ခိုးကို ရိုက်ချိုး၍ လူတို့အားလွတ်မြောက်ခြင်းကို ပေးအပ်နိုင်ရန် သခင်ယေရှု ခရစ်တော်သည် ဤလောကသို့ကြွဆင်းလာခဲ့သည်။ ထိုသခင်ယေရှုခရစ်တော်သည် မတရားမှုမှ ရုန်းထွက် လှုပ်ရှားခြင်း၏ အမှတ်သညာလည်းဖြစ်တော်မူသည်။ ထိုသခင်ယေရှုခရစ်တော်သည် မတရားမှုကို ကိုယ်တိုင် လက်မခံငြင်းဆန်သည်သာမက၊ နတ်ဆိုးနှင့်အလားသဏ္ဍာန်တူသော ကျူးကျော်အုပ်စိုးသူများအား မောင်း ထုတ်ဖယ်ရှားနိုင်မှသာ စစ်မှန်သည့် လုံခြုံငြိမ်းချမ်းမှုနှင့် လူသားဂုဏ်သိက္ခာပြည့်ဝသည့်ဘဝကိုရရှိနိုင်မည်ဟု နတ်ဆိုးလေဂေါင်စွဲကပ်သော ဂါဒရပြည်သား၏ဖြစ်ရပ် (ရှင်လုကာ ၈:၂၆-၃၉) ဖြင့် သွန်သင်တော်မူခဲ့သည်။ ၅။ ဤခရစ္စမတ်နေ့ရက်အခါသာမယတွင် မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ဘေးရန်ခပ်သိမ်းမှ ကင်းလွတ်လုံခြုံ၍ ငြိမ်သက်ချမ်းသာခြင်း၏ဝမ်းမြောက်စရာသတင်းကောင်းများဖြင့် ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤနုတ်ခွန်းဆက် သဝဏ်လွှာကို ပေးပို့အပ်ပါသည်။ “မြေကြီးပေါ်၌ ငြိမ်သက်ခြင်းရှိစေသတည်း။ လူအပေါင်းတို့၌မေတ္တာကရုဏာရှိစေသတည်း” (ရှင်လုကာ ၂:၁၄)..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2022-12-25

Date of entry: 

2022-12-25

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

383.96 KB

Resource Type: 

text

Text quality: 

    • Good