Description:
"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနနှင့်အမျိုးသမီး၊
လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန
အကြမ်းဖက်စစ်အုပ်စုက ယင်းမာပင်မြို့နယ်မှ မူကြို
ကလေး ငယ် ၈၀ ဦးခန့်ကိုဓားစာခံအဖြစ် ဖမ်းဆီးထား
သည့်အပေါ် ထုတ်ပြန်ချက်
၂၇ ဖေဖော်ဝါရီ ၂၀၂၂
၁။ အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက် ၉ နာရီခန့်မှစတင်၍ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုံးရွာနှင့် နီးစပ်ရာ ကျေးရွာများကို စစ်ရေးနှင့် အရပ်ဘက် ပစ်မှတ်များကို မခွဲခြားပဲ လေကြောင်းမှနေ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်များ ကျေးရွာများအတွင်းသို့ စီးနင်းခဲ့ချိန်သည် ချင်းပုံးရွာရှိ မူကြိုကျောင်းတွင် အသက်ငါးနှစ်အောက် ကလေးငယ် ၈၀ ဦးနှင့် ကွန်ပြူတာ သုံးစွဲမှု သင်ကြားနေသူ အသက် ၁၂ နှစ်အောက် ကလေးငယ်များ ပညာသင်ကြားနေချိန်ဖြစ်သည်။ အကြမ်းဖက်စစ်တပ်ဝင်ရောက်လာသည့်အတွက် ဆရာ၊ ဆရာမများက ကလေးငယ်များကို နီးစပ်ရာ ဘုန်းကြီးကျောင်းဝင်းရှိ မြေအောက်ခန်းတွင်းသို့ ရွှေ့ပြောင်းခဲ့ကြပါသည်။ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့များက ညနေပိုင်းတွင် ထိုကလေးငယ်များကို မြေအောက်ခန်းမှ ထုတ်၍ ဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီးခံရမှုတွင် ပါဝင်သည့် ကလေးငယ်များကို မူကြိုကျောင်းမှ သွားရောက်ခေါ်ယူရန် ကြိုးပမ်းခဲ့သည့် မိဘတချို့ကိုလည်း အကြမ်းဖက်တပ်များက ထပ်မံဖမ်းဆီးခဲ့ပါသည်။ ရွာသားများ ပြန်မလာပါက ရွာကို မီးရှို့ပစ်မည်ဖြစ်ကြောင်း လော်စပီကာမှတဆင့် ကြေညာနေသည်ဟု သိရှိရသည်။
၂။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့အနေဖြင့် ယခုဖမ်းဆီးမှုသည် ကလေးများကို ဓားစားခံအဖြစ် ဖမ်းဆီးထားမှုဖြစ်သည်ဟုယူဆသည်။ ထို့အပြင် ဖမ်းဆီးခံထားရသော ကလေးများ၊ ဆရာဆရာမများနှင့် မိဘများအပေါ် တစ်စုံတစ်ရာ ထိခိုက်နိုင်မည်ကို အလွန်အမင်းစိုးရိမ်ပူပန်ပါသည်။ ယခုကဲ့သို့သောလုပ်ရပ်သည် ပဋိပက္ခကာလအတွင်း ကလေးသူငယ်များအပေါ်အကြမ်းဖက်မှုဖြစ်သည့်အတွက် အပြင်းအထန် ရှုတ်ချသည်။
၃။ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ကလေးသူငယ်များ၊ ဆရာဆရာမများနှင့် မိဘများကို ထပ်မံ၍ ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှုမပြုပဲ ချက်ချင်းလွှတ်ပေးရမည်။ ကလေးသူငယ်များ၊ ဆရာဆရာမများနှင့် မိဘများ၏ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအတွက် ပြန်လည်ကုစားနိုင်ရေးအတွက် ရနိုင်သမျှသော နည်းလမ်းများဖြင့် ဆောင်ရွက်ပေးနိုင်ရန် မိမိတို့ ဝန်ကြီးဌာနများမှ ကြိုးပမ်းမည်။ နိုင်ငံတကာအသိုင်းအဝိုင်း၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း ကလေးသူငယ်များ လွတ်မြောက်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေး၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ကုစားရေးအတွက် ပံ့ပိုးကူညီပေးကြပါရန် မေတ္တာရပ်ခံသည်။..."
Source/publisher:
Ministry of Women, Children and Youth Affairs and Ministry of Human Rights
Date of Publication:
2022-02-27
Date of entry:
2022-02-27
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
210.89 KB
Resource Type:
text
Text quality:
- Good