"အီဒုလ်အသွဟာ" ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှုအိးဒ်ပွဲတော်နေ့ အထိမ်းအမှတ် ပေးပို့သော သဝဏ်လွှာ"

Description: 

"အစ္စလာမ်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်သည့် "အီဒုလ်အသွဟာ" ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှု အိးဒ်ပွဲတော်နေ့အခါသမယတွင် မြန်မာနိုင်ငံသူ၊နိုင်ငံသား အစ္စလာမ်ဘာသာဝင်အပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဦးစွာဆုတောင်းမေတ္တာ ပို့သ လိုက်ပါသည်။ အစ္စလာမ်ဘာသာဝင်များသည် နှစ်စဉ်နှစ်တိုင်း ဇွလ်ဟဂျ်လ (၁ဝ) ရက်နေ့တွင် ကျရောက်သည့် ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှု အိးဒ်ပွဲတော်နေ့တွင် အလ္လာဟ်အသျှင်အမြတ် ထံတော်ပါး ဝတ်ပြုဆုတောင်းခြင်း၊ အလ္လာဟ်အသျှင်အမြတ်၏ အမိန့်ကိုလိုက်နာခြင်း အားဖြင့် ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှု၊ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းနှင့်အတူ နွမ်းပါး သူများအား ပေးဝေလှူဒါန်းခြင်းသည့် ကောင်းမှုသီလများအား ပြုလုပ်ရင်း ဆင်နွှဲကြကြောင်း သိရသည်။ ယခင့်ယခင်ကတည်းက "အီဒုလ်အသွဟာ" ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှု အိးဒ်ပွဲတော် နေ့တွင် မြန်မာနိုင်ငံသူ၊နိုင်ငံသား အစ္စလာမ်ဘာသာဝင်များမှ ဟင်းလျာများချက်ပြုတ်ကာ ဘာသာလူမျိုး မတူသူများအား ဖိတ်ခေါ်ဧည့်ခံကျွေးမွေးသည့် အလွန်အပင် နှစ်လိုဖွယ်ကောင်း သော အစဉ်အလာတစ်ရပ်ရှိခဲ့ပြီး၊ ယနေ့တိုင် ကုရ်ဘာနီနေ့တွင် နေရာအတော်များများတွင် အစ္စလာမ်ဘာသာဝင်များမှ ချက်ပြုတ်လှူဒါန်းမှုများ ရှိနေသည်။ သို့သော် ယခုအချိန်အခါသည် အမိမြန်မာနိုင်ငံအား အကြမ်းဖက်စစ်တပ်မှ အဓမ္မ သိမ်းယူထားပြီး စစ်အာဏာရှင်တို့အလိုကျ လက်နက်အားကိုးဖြင့် ပြည်သူများအား နေ့စဉ် ရက်ဆက် အကြမ်းဖက်လျက်ရှိနေသည့်အတွက် တနေ့တခြားဆိုးရွားလာသည့် အခြေအနေ များကို ပိုမိုသတိကြီးစွာ ကာကွယ်ရမည်ဖြစ်သည်။ တစ်ဖန် အကြမ်းဖက်ရန်လိုနေသည့် စစ်တပ်အား မြန်မာနိုင်ငံသူ၊နိုင်ငံသား ပြည်သူတစ်ရပ်လုံးက နည်းမျိုးစုံဖြင့် တော်လှန်တိုက်ပွဲ ဝင်လျက်ရှိနေပြီး ပြည်သူ့အင်အားဖြင့် ဆောင်ရွက်နေသည့် တော်လှန်ရေးမှာ အားရစရာ အခြေအနေတစ်ရပ်သို့ ရောက်ရှိနေပြီးဖြစ်သည်။ မြန်မာနိုင်ငံသူ၊နိုင်ငံသား အစ္စလာမ်ဘာသာဝင်အပေါင်းတို့မှာလည်း ကျရာကဏ္ဍကနေ အမိမြန်မာနိုင်ငံတော်ကြီးအား ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကဏ္ဍ တွင်ပါဝင်နေကြောင်း သိရှိရ၍ ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူရပါကြောင်း ပြောကြားလိုပါသည်။ ဆက်လက်ပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေးနှင့် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ခွင့်တူညီမျှသည့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ပြည်သူတစ်ရပ်လုံး နှင့်အတူလက်တွဲကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း အသိပေးလိုပါသည်။ "အီဒုလ်အသွဟာ" ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှု အိးဒ်ပွဲတော်နေ့တွင် အစ္စလာမ် ဘာသာဝင်အပေါင်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာကြပါစေကြောင်းနှင့် ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေကြပါစေကြောင်း အမျိုးသားညီညွတ်ရေးအဖွဲ့မှ ဆုတောင်းမေတ္တာပို့သရင်း ဤသဝဏ်လွှာအား ပေးပို့အပ်သည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2023-06-29

Date of entry: 

2023-06-29

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

442.72 KB

Resource Type: 

text

Text quality: 

    • Good