“အီဒုလ်အသွဟာ” ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှု အီးဒ်ပွဲတော် အထိမ်းအမှတ်နေ့သို့ ပေးပို့သော သဝဏ်လွှာ

Description: 

"၁။ ဤကောင်းမြတ်သော နေ့ထူးနေ့မြတ်ကိုဆင်နွှဲနေကြသော မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်း ရှိ အစ္စလာမ်ဘာသာဝင်များအားလုံး ဘေးကင်းလုံခြုံ ကျန်းမာစွာဖြင့် ငြိမ်းချမ်းသာယာစွာ ရှိကြ ပါစေကြာင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဆုမွန်ကောင်း တောင်းအပ် ပါသည်။ နှစ်စဥ်နှစ်တိုင်း ဇွလ်ဟဂျ်လ (၁၀) ရက်နေ့တွင် အစ္စလာမ်ဘာသာဝင်များက စုပေါင်း ဝတ်ပြုဆုတောင်းခြင်း၊ ပေးကမ်းလှူဒါန်းခြင်း၊ ကောင်းမှုကုသိုလ်များပြုလုပ်ခြင်းများဖြင့် ကုရ်ဘာနီ စွန့်လွှတ်လှူဒါန်းမှု အီးဒ်ပွဲတော်နေ့ကို ဆင်နွှဲကြပါသည်။ ၂။ ယနေ့အချိန်အခါ၌ မိမိတို့နိုင်ငံတွင် အကြမ်းဖက်စစ်အာဏာရှင်တစ်စုသည် လက်နက် ဖြင့် တိုင်းပြည်အား ထိန်းချုပ်ထားနိုင်ရန်အတွက် လူမဆန်သော အကြမ်းဖက်မှုများကို စနစ်တကျ လုပ်ဆောင်နေခြင်းကြောင့် ပြည်သူလူထုအားလုံးသည် ဆင်းရဲဒုက္ခများစွာဖြင့် အခက်အခဲအမျိုးမျိုး ကို ရင်ဆိုင်နေကြရပြီး လူမျိုး၊ ဘာသာ မတူကွဲပြားမှုကို တန်ဖိုးထားသည့် ငြိမ်းချမ်းသာယာသော နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ရန် ကြိုးပမ်းနေကြသည့်အချိန် ဖြစ်ပါသည်။ ၃။ နွေဦးတော်လှန်ရေးသည် နိုင်ငံအတွင်းရှိ ဘာသာပေါင်းစုံ၊ လူမျိုးအသီးသီးက မတူကွဲပြား မှုကို စုစည်းပြီး ခိုင်မာသောအင်အားအဖြစ် တည်ဆောက်ကာ ပိုမိုလွတ်လပ်၍ တည်ငြိမ်အေးချမ်း သော ဒီမိုကရေစီလူမှုအသိုက်အဝန်းတစ်ရပ်ကို တည်ဆောက်နိုင်ရေးအတွက် ကျရာကဏ္ဍ အသီး သီးတွင် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ထုတ်ရေးတွင် ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ ၄။ ကြုံတွေ့နေရသော အခက်အခဲ၊ စိန်ခေါ်မှုများကို ပြည်တွင်း၊ ပြည်ပရှိ အစ္စလာမ် ဘာသာဝင်များကလည်း လက်တွဲရင်ဆိုင်ဖြေရှင်းကာ အတူလျှောက်လှမ်းနေကြသည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် အရောင်အသွေးစုံလင်သည့် အနာဂတ်မြန်မာနိုင်ငံတော်သစ်ကို ပိုမို စည်းလုံးညီညွတ်မှုများဖြင့် အတူတကွ ရှေ့ဆက်၍ လက်တွဲကြိုးပမ်းဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်းလျက် ဤသဝဏ်လွှာအား ဝမ်းမြောက်စွာ ပေးပို့အပ်ပါသည်။..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2023-06-29

Date of entry: 

2023-06-29

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

388.95 KB

Resource Type: 

text

Text quality: 

    • Good