(၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

Description: 

"၁။ ချင်းတိုင်းရင်းသားများက အုပ်ချုပ်ရေးမူဟောင်းမှ ဒီမိုကရေစီမူသစ် အုပ်ချုပ်ရေး သို့ ပြောင်းလဲရန်တညီတညွတ်တည်း သတ်မှတ်ခဲ့ကြသည့် ချင်းလူထုညီလာခံ ကျင်းပရာ ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက် အား ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်မှာ ယနေ့ဆိုလျှင် (၇၄) နှစ် တိုင်ခဲ့ပြီ ဖြစ်ပါသည်။ တိုင်းရင်းသားအားလုံး တန်းတူညီမျှစွာ ယှဉ်တွဲနေထိုင်မည့် ဖက်ဒရယ်ပြည်ထောင်စုကြီး အမြန်ဆုံး‌ တည်ဆောက်နိုင်ပါစေကြောင်း သမိုင်းဝင်နေ့ထူးနေ့မြတ် အခါသမယဖြစ်သည့် (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် အလေးအနက် ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ၂။ မြန်မာပြည်သူလူထုအား ဥပဒေမဲ့ လက်နက်အင်အားဖြင့် ဖိနှိပ်အုပ်ချုပ်ခဲ့ကြ သည့် ကိုလိုနီခေတ်အဆက်ဆက်နှင့် စစ်အာဏာရှင်အဆက်ဆက်တို့အား ချင်းတိုင်းရင်းသား တို့သည် စွန့်လွတ်စွန့်စားမှုများဖြင့် ဆယ်စုနှစ်ပေါင်းစွာ ဆန့်ကျင်တွန်းလှန်ခဲ့ကြပါသည်။ ဆိုးရွာသော စစ်ဘေးဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည့် ချင်းပြည်နယ်သည် ဖွံ့ဖြိုးမှု နောက်ကျခဲ့ရသော်လည်း ညီနောင်ချင်းတိုင်းရင်းသားတို့သည် မတရားဖိနှိပ်မှုများနှင့် တန်းတူအခွင့်အရေးတို့အတွက် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဆန့်ကျင်တော်လှန်နေသည်ကို ဂုဏ်ယူစွာ မြင့်တွေ့ရလျက်ရှိပါသည်။ ၃။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်မှ အကြမ်းဖက်အာဏာသိမ်းမှု နောက် အာဏာရှင်စနစ်တိုက်ဖျက်‌ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး တို့အတွက် ချင်းပြည်နယ်ရှိ တော်လှန်ရေးအင်အားစုများက အခြားတိုင်းရင်းသား ညီနောင် များနှင့်အတူတကွ တော်လှန်ရေးခရီးကြမ်းကို စုစည်းညီညွတ်စွာ လျှောက်လှမ်းနေကြ ပါသည်။ သမိုင်းအစဉ်အဆက် မတရားမှုအတွက် ရှေ့ဆုံးမှ ဆန့်ကျင်တွန်းလှန်ခဲ့ကြသည့် ချင်းပြည်နယ်သည် ယခုနွေဦးတော်လှန်ရေးတွင်လည်း ပြည်သူ့ဝန်ထမ်းများ၊ နိုင်ငံရေး ပါတီများ၊ တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်သူလူထု စည်းလုံးစွာ ပါဝင်ဆင်နွှဲနေ သည်မှာ နိုင်ငံတစ် ဝှမ်းလုံးကပင် လေးစားဂုဏ်ယူလောက်ဖွယ် ဖြစ်ပါသည်။ ၄။ လက်နက်အင်အား သာလွန်သည့် အကြမ်းဖက် ဖက်ဆစ်စစ်တပ်သည် ချင်း တိုင်းရင်းသားတို့၏ ရဲရင့်သော စိတ်ဓာတ်ကို တုန်လှုပ်ခြောက်ခြားလျက် လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြု၍ တိုက်ခိုက်ခြင်း၊ ချင်းတိုင်းရင်းသားတို့နှင့် ချင်းပြည်နယ်ရှိ ပြည်သူလူထုအား ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မြို့၊ ရွာ၊ နေအိမ်များ၊ ပိုင်ဆိုင်မှုများကို မီးရှို့ဖျက်စီးခြင်းတို့ဖြင့် စနစ်တကျ ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။ ဤခက်ခဲကြမ်း တမ်းသော တော်လှန်ရေးခရီးတွင် ကျဆုံးသွားခဲ့ကြသော ချင်းတော်လှန်ရေး သူရဲကောင်း များအား အလေးပြုပါကြောင်းနှင့် ဆုံးရှုံးနစ်နာခဲ့မှုများအတွက် အထူးဝမ်းနည်းရပါကြောင်း ဤသဝဏ်လွှာမှတဆင့် ထပ်လောင်းပြောကြားလိုပါသည်။ ၅။ ဤသို့ လူသတ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ် က ဥပဒေမဲ့ ကျူးလွန်လုပ်ဆောင်နေခြင်းကြောင့် ကြွေလွင့်သွားခဲ့သော ချင်းတိုင်းရင်းသား သူရဲကောင်းများ၊ ယင်းတို့၏ မိသားစုများ၊ ပျက်စီးဆုံးရှုံးသွားသည့် မြို့၊ ရွာ၊ နေအိမ်များ၊ စစ်ဘေးဒဏ်ကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည့် ချင်းပြည်နယ်ရှိ တိုင်းရင်းသားပြည်သူများအတွက် ဆက်လက်ပံ့ပိုးကူညီပေးကြပါရန် ပြည်တွင်း၊ ပြည်ပရှိ တိုင်းရင်းသား ပြည်သူများနှင့် အဖွဲ့အစည်းများအား တောင်းဆိုတိုက်တွန်းအပ်ပါသည်။ ၆။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ အန္တိမပန်းတိုင်ဖြစ်သည့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ပင်လုံကတိကဝတ် များကို အကောင်အထည်ဖော်ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်‌ရေးတို့တွင် အဆုံးသတ် အောင်မြင်မှုရရှိသည်အထိ ပြည်သူတို့က အပ်နှင်းထားသည့် အခွင့်အာဏာကို ကျင့်သုံးလျက် တော်လှန်ရေးခရီးကို တိုင်းရင်းသားပြည်သူလူထုနှင့်အတူ ဆက်လက်လျှောက်လှမ်းနေမည်ဖြစ်ပါကြောင်း ကတိကဝတ်ပြုလျက် ယနေ့ကျရောက် သည့် (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့သို့ သဝဏ်လွှာ ပေးပို့အပ်ပါသည်။..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2022-02-20

Date of entry: 

2022-02-20

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

386.27 KB

Resource Type: 

text

Text quality: 

    • Good