၂၀၂၃ခုနှစ်၊ ဇန်နဝါရီလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုလုပ်ရပ်ကြောင့် ထိခိုက်သေဆုံး နစ်နာခဲ့ရသောစာရင်းနှင့် မီးလောင်ဆုံးရှုံးခဲ့ရသော အိုးအိမ်များစာရင်းကို အများပြည်သူသို့ တင်ပြအစီရင်ခံအပ်ပါသည်။

Description: 

"တရားရေးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးနှင့်အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဆိုင်ရာဦးစီးဌာနသည် စစ်အာဏာသိမ်းမှုဖြစ်စဉ်အတွင်း ဖြစ်ပွားနေသည့် စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့်အမှုများ၊လူမျိုးတုံးသတ် ဖြတ်မှုများ၊ အပါအဝင် အရပ်ရပ်သော ဥပဒေဆိုင်ရာ ချိုးဖောက်မှုများကို စာရင်းကောက်ယူ မှတ်တမ်းပြုစုလျက်ရှိပါသည်။ ကျူးလွန်မှုများ၊ ချိုးဖောက်မှုများအပေါ် အမှန်တရားရှာဖွေဖော်ထုတ်ခြင်း၊ တရားမျှတမှု ရရှိအောင်ဆောင်ရွက်ခြင်း၊ ပြန်လည်ကုစားပေးခြင်း၊ ဖြစ်ရပ်ဆိုးများထပ်မံမဖြစ်ပွားစေရေးအတွက် အဖွဲ့အစည်းဆိုင်ရာပြုပြင်ပြောင်းလဲခြင်း စသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်စီမံ လျက်ရှိပါသည်။ ပြည်သူများအနေဖြင့်လည်းကောင်း၊ တော်လှန်ရေးအစုအဖွဲ့များအနေဖြင့်လည်းကောင်း၊ အဖွဲ့အစည်းများအနေဖြင့်လည်းကောင်း အာဏာသိမ်းဖြစ်စဉ်အတွင်း ဖြစ်ပွားနေသည့် ပြစ်မှု ကျူးလွန်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၏ သတင်းအချက်အလက် မှတ်တမ်းများကို ပေးပို့ကြပါရန်နှင့် ပူးပေါင်းပါဝင်ပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုလုပ်ရပ်ကြောင့် ထိခိုက်သေဆုံး နစ်နာခဲ့ရသောစာရင်းနှင့် မီးလောင်ဆုံးရှုံးခဲ့ရသော အိုးအိမ်များစာရင်းကို အများပြည်သူသို့ တင်ပြအစီရင်ခံအပ်ပါသည်။..."

Source/publisher: 

Ministry of Justice - NUG

Date of Publication: 

2023-02-05

Date of entry: 

2023-02-05

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

185.81 KB

Resource Type: 

text

Text quality: 

    • Good