ဖော်ပြချက်/အကြောင်းအရာ:
ယခုသုံးသပ်မှုသည် ၂၀၁၄ ခုနှစ်တွင်ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံ၏သတင်းမီဒီယာဥပဒေသည် နိုင်ငံတကာလွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်ဆိုင်ရာစံနှုန်းများနှင့် ကိုက်ညီမှုရှိ-မရှိကို စိစစ်သုံးသပ်ထားခြင်းဖြစ်ပါသည်။ သတင်းမီဒီယာဥပဒေအနေဖြင့် သတင်းမီဒီယာလွတ်လပ်ခွင့်ကို တစ်စုံတစ်ရာ အစပျိုးခွင့်ပြုထားပါသည်။ ဥပမာအားဖြင့် - ဆင်ဆာစိစစ်တည်းဖြတ်မှုကို တားမြစ်ထားခြင်း၊ "သတင်းမီဒီယာသမားများ" ၏ တိကျသော အခွင့်အရေးများကို အသိအမှတ်ပြုထားခြင်းတို့ဖြစ်ပါသည်။ ဤသည်မှာ အပြုသဘောလုပ်ဆောင်မှုအဖြစ် ရှုမြင်နိုင်ပြီး၊ နိုင်ငံအတွင်း အကျယ်အပြန့် ကျင့်သုံးနေသည် ဆင်ဆာစိစစ်တည်းဖြတ်မှု ယန္တယားများကို စတင်ဖြိုဖျက်ချလိုက်ခြင်းပင် ဖြစ်ပါသည်။ သို့ဖြစ်ရာ မြန်မာအစိုးရအနေဖြင့် ယခုဥပဒေ၏ အပြုသဘောဆောင်သော ပြဌာန်းချက်များမှနေ၍ ဆက်၍တည်ဆောက်သွားပါရန်လည်း တိုက်တွန်းလိုပါသည်။
သို့သော်လည်း၊ ပုဒ်မ (၁၉) ARTICLE 19 အဖွဲ့အနေဖြင့် ဥပဒေ၏လိုအပ်ချက်များအပေါ် ကြီးလေးစွာစိုးရိမ်ပူပန်မှုများရှိနေပါသည်။ သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် ကာကွယ်စောင့်ရှောက်မှုပေးခြင်းမှာ အရည်အသွေးများစွာမြင့်တက်လာသော်လည်း၊ နိုင်ငံတကာစံနှုန်းများကို ပြည့်မီခြင်းမရှိသေးပါ။ ပုံနှိပ်၊ ထုတ်လွှင့်နှင့် အင်တာနက်အခြေခံ မီဒီယာများ အပါအဝင် မီဒီယာအမျိုးအမည်အားလုံးတို့သည် သတင်းမီဒီယာကောင်စီ၏ တင်းကျပ်စွာချုပ်ချယ်မှုမဟုတ်သော ထိန်းချုပ်မှုတစ်စုံတစ်ရာအောက်၌ ရှိနေကြဆဲဖြစ်ပါသည်။ ယင်းသတင်းမီဒီယာကောင်စီ၏သည် အစိုးရနှင့် သီးခြားလွတ်လပ်နေခြင်းမရှိပါ။ သို့အတွက်ကြောင့် အကြောင်းအရာအပေါ် အခြေခံ၍ ရာဇဝတ်မှုဥပဒေများဖြင့် အသုံးချ အရေးယူနိုင်သည့်အတွက်၊ သတင်းမီဒီယာများကို လုံလောက်စွာ ကာကွယ်မှု ပေးနိုင်ခြင်းမရှိပါ။ ယင်းကောင်စီက ဆုံးဖြတ်၍ အပြစ်ပေး အရေးယူမှုများပြုနိုင်ခြင်းမရှိသော်လည်း၊ ကျိုးကြောင်းခိုင်လုံမှုမရှိဘဲ လွတ်လပ်စွာဖော်ပြပြောဆိုခွင့်ကို ကန့်သတ်ခြင်းများရှိနေဆဲ ဖြစ်ပါသည်။
ပုဒ်မ (၁၉) ARTICLE 19 အဖွဲ့က မြန်မာအာဏာပိုင်များအနေဖြင့် အပြည်ပြည်ဆိုင်ရာ နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ သဘောတူညီချက် ("ICCPR") ကို အသိအမှတ်ပြုပါရန်နှင့် သတင်းမီဒီယာဥပဒေကို ဖက်စုံပြည့်စုံစွာ ပြင်ဆင်ရေးဆွဲပါရန် တောင်းဆိုလိုပါသည်။ သို့မှသာ လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့် နိုင်ငံတကာစံချိန်စံနှုန်းများနှင့် ကိုက်ညီလိမ့်မည်ဖြစ်ပါသည်။
ရင်းမြစ်:
Article 19
Date of Publication:
2014-07-18
Date of entry:
2014-07-25
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
161.17 KB
