Protection of People Must be Priority in Burma?s Protracted Peace Process (Burmese မြန်မာဘာသာ)

ဖော်ပြချက်/အကြောင်းအရာ: 

"ရှည်လျားထွေပြားသည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရေးသည် ဦးစားပေးဖြစ်ရမည်" "ပြည်ထောင်စုနေ့အတွက် ထုတ်ပြန်သော ?ရှည်လျားထွေပြားသည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရေးသည် ဦးစားပေးဖြစ်ရမည်” ဟူသော စာတမ်းတိုတွင် မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့မှ ဦးသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အောင်မြင်မှု မရှိဘဲ အင်အားကောင်းသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း (EAO) အချို့က တစ်နိုင်ငံ လုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရန် ငြင်းဆိုခြင်းနှင့် အရပ် ဘက်လူထုအဖွဲ့အစည်းများသည်လည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (UPC) ကို ရွှေ့ဆိုင်းထားရန် တောင်း ဆိုမှုများ ဆက်တိုက်ဖြစ်ပွားစေခဲ့သည်ကို အဓိကမီးမောင်းထိုး ဖော်ပြထားသည်။ ယင်းစာတမ်းတွင် မကြာသေးခင်က လွှတ်တော်၌ နေရာယူပြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အား နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲလုပ်ငန်းစဉ်ကို လက်ရှိပုံစံမှ အားလုံးပါဝင်နိုင်အောင် ပြင်ဆင်ပြောင်းလဲ ၍ စစ်မှန်သော အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဖော်ဆောင်ရန် တောင်းဆိုထားသည်။ ?ပြည်သူလူထုတွေက NLD ကို မဲထည့်ခဲ့တာဟာ ပြောင်းလဲခြင်းကို လိုချင်လို့ဖြစ်တယ်။ ဒါကြောင့် ယခု အချိန်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြည်လည်သုံးသပ်ရမယ့်အချိန် ဖြစ်တယ်” ဟု ဒေါ်ခင်ဥမ္မာက ပြောသည်။ ?ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရပ်ဘက်လူထုအဖွဲ့အစည်းတွေနဲ့ အမျိုးသမီးတွေရဲ့ အဓိပ္ပါယ်ရှိပြီး ပြည့်ဝတဲ့ ပါဝင်မှုနဲ့ ခိုင်ခိုင်မာမာအုတ်မြစ်ချ တည်ဆောက်ရမှာပါ။ ပဋိပက္ခနဲ့ စစ်ပွဲတွေကြားက အမျိုးသမီးတွေရဲ့ အတွေ့ အကြုံတွေဟာ အမျိုးသားတွေနဲ့ မတူကွဲပြားတာမို့ သူတို့ရဲ့ ပါဝင်မှုဟာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ အဓိကသော့ချက်ဖြစ်ပါတယ်” ဟု သူမက ပြောသည်။ ?အဲဒီလိုမဟုတ်ရင်တော့ အောက်ခြေ ပြည်သူလူထုတွေအနေနဲ့ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခကို ရင်ဆိုင်နေရတဲ့ ဒေသတွေမှာ အိုးအိမ်မဲ့ဘဝကို ဆက်လက်ရင်ဆိုင်နေရမှာဖြစ်ပြီး သူတို့ရဲ့အခြေခံအခွင့်အရေးတွေ ချိုးဖောက်ခံနေရတာရယ် သူတို့တောင်း ဆိုတဲ့ အေးချမ်းစွာနေထိုင်နိုင်ရေးနဲ့ လုံခြုံမှုရှိရေးတို့ကို ဆက်ပြီးဥပေက္ခာပြုခံနေရဦးမှာပဲ ဖြစ်တယ်” ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ငါးနှစ် သက်တမ်းသို့ ရောက်နေသည့်တိုင် တိုင်းရင်းသူအမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို မြန်မာ့တပ်မတော်မှ ပြစ်ဒဏ်ခံရခြင်း ကင်းလွတ်စွာဖြင့် စစ်လက်နက် သဖွယ် ဆက်လက်အသုံးပြုနေသည်။ ယင်းစာတမ်းတိုမှ သတိပြုရန် ညွန်ပြထားသော အဓိကအချက်တစ်ခုမှာ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် ကြီးမားသော လစ်ဟင်းမှုတစ်ခုမှာ လက်ရှိ NCA နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ၏ အဓိပ္ပါယ်ရှိ၍ပြည့်ဝသော ပါဝင်မှု မရှိနေခြင်း ဖြစ်သည်။ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသည် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး ကြေညာ စာတမ်း (Declaration of Commitment to End Sexual Violence in Conflict ? DCESVC) ကို ၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘော တူစာချုပ် (Convention on the Elimination of All Forms of Discriminations Against Women ? CEDAW) ကိုလည်း လက်မှတ်ထိုးထားသော နိုင်ငံဖြစ်သည်။ ထို့ကြောင့် မြန်မာအစိုးရသည် ၎င်း၏တာဝန်ဝတ္တရား မျ

ရင်းမြစ်: 

Burma Pertnership

Date of Publication: 

2016-02-12

Date of entry: 

2016-04-06

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

382.03 KB