Militias in Myanmar - 1 မြန်မာနိုင်ငံမှ ပြည်သူ့စစ်အဖွဲ့များ (Burmese (မြန်မာဘာသာ)

ဖော်ပြချက်/အကြောင်းအရာ: 

စာတမ်း အကျဉ်းချုပ် ဤအစီရင်ခံစာသည် မြန်မာနိုင်ငံရှိ ပြည်သူ့စစ်များ၏ သမိုင်းနောက်ခံနှင့် လက်ရှိပဋိပက္ခကို ဖြေရှင်းရာတွင် ပြည်သူ့စစ်များကပေးသော စိန်ခေါ်မှု များကို တင်ပြထားခြင်းဖြစ်သည်။ ပြည်သူ့စစ်အဖွဲ့အများစုသည် မြန်မာ့တပ်မတော်နှင့် မဟာမိတ်ဖွဲ့ထားကြသည်။ အခြားပြည်သူ့စစ်အဖွဲ့ အနည်းငယ်ကမူ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများကို ကူညီနေကြသည်။ ပြည်သူ့စစ်အဖွဲ့များ၏ မူရင်းတာဝန်မှာ ၎င်းတို့၏ ရပ်ရွာလူထု အပေါ် လုံခြုံရေးပေးရန်ဖြစ်ပြီး အချို့ကမူ မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခတွင် တက်ကြွစွာပါဝင်လျက်ရှိသည်။ ၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော တစ်စိတ်တစ်ပိုင်း ဒီမိုကရက်တစ်အစိုးရ အာဏာရလာသောအခါ နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းရန်ရည်မှန်းကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စတင်ခဲ့သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အရေးပါလှသော ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲခြင်းများ ဖြစ်ပေါ်လာစေပြီး ပိုမိုကျယ်ပြန့်သော သက်ဆိုင်သူ အမျိုးမျိုးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအဆင့်သို့ မကြာမီက ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ပြည်သူ့စစ်အဖွဲ့များသည် မြန်မာနိုင်ငံ၏ လက်ရှိ ပဋိပက္ခများတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေသော်လည်း ပဋိပက္ခ ကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ရာတွင်လည်းကောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လည်းကောင်း၊ ပြည်သူ့စစ်များနှင့်ဆိုင်သော ကိစ္စရပ်မှာ ဘေးဖယ် ထားခြင်းခံနေရသည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှု ကြိုးပမ်းရာတွင် ပြည်သူ့စစ်အဖွဲ့များက စိန်ခေါ်မှုအချို့ပေးကြသည်။ ပထမတစ်ချက်မှာ ပြည်သူ့စစ် အဖွဲ့များနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အကန့်အသတ်နှင့်သာ ရရှိနိုင်ခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ပြည်သူ့စစ်အဖွဲ့များ မည်သို့လှုပ်ရှားနေသည်၊ အရေအတွက်မည်မျှရှိသည်၊ ပဋိပက္ခများတွင် မည်သည့်ကဏ္ဍမှပါဝင်နေသည် အစရှိသော အခြေခံအချက်များကို ကောင်းစွာသိရှိနားလည်နိုင်ခြင်း မရှိတော့ပေ။ ဒုတိယတစ်ချက်မှာ ပြည်သူ့စစ်အဖွဲ့များသည် လက်နက်တပ်ဆင်ထားကာ အရေအတွက် အတော်များများရှိနေပြီး လက်နက်ကိုင်ပဋိပက္ခများတွင် တက်ကြွသောကဏ္ဍမှ ပါဝင်နေသည်။ သို့သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြည်သူ့စစ်အဖွဲ့များနှင့် ထိတွေ့မှု၊ ၎င်းတို့၏ကဏ္ဍကို ဆွေးနွေးမှုမှာ အကန့်အသတ် ရှိနေဆဲပင်ဖြစ်သည်။ များသောအားဖြင့် ၎င်းတို့သည် တပ်မတော် သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ၏ လက်အောက်ခံဟု ယူဆရသည်။ တတိယတစ်ခုမှာ အပစ်ရပ်အဖွဲ့များကို တပ်မတော်က ၎င်း၏ ပြည်သူ့စစ်စနစ်အတွင်းသို့ သွတ်သွင်းမှုသည် ပြည်သူ့စစ်အဖွဲ့များကို နိုင်ငံရေးကိစ္စအပေါ် ဦးလှည့်လာစေသည်။ မကြာ သေးမီက အပစ်ရပ်အဖွဲ့များအား ပြည်သူ့စစ်အဖွဲ့များအဖြစ်သို့ အသွင်ပြောင်းလဲခဲ့မှုသည် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ၏ စစ်ရေး အင်အားကို လျှော့ချမှုနှင့် ပတ်သက်နေသည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုအချို့သည် ပြည်သူ့စစ်အဖွဲ့များအဖြစ် အသွင်ပြောင်း ရန် အဆိုပြုချက်ကို လက်ခံခြင်းမပြုဘဲ တပ်မတော်နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကိုသာ ဦးစားပေးလိုကြသည်။ အဆိုပါစိန်ခေါ်မှုများကို သဘောပေါက်နားလည်ရန်သည် ငြိမ်းချမ်းရေးတည်ဆောက်ရန် ကြိုးပမ်းရာတွင် အရေးကြီးသည်။ မြန်မာနိုင်ငံ တရားဝင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အပြင်ဖက်တွင် ပြည်သူ့စစ်အဖွဲ့ပေါင်းစုံ လှုပ်ရှားနေမှုကြောင့် စိန်ခေါ်မှုများရှိနေသည့်အလျှောက် ပြည်သူ့စစ်အဖွဲ့များအား ပိုမိုစနစ်တကျ လေ့လာရန်နှင့် ပဋိပက္ခမှ ငြိမ်းချမ်းရေးသို့ အသွင်

Creator/author: 

John Buchanan

ရင်းမြစ်: 

Asia Foundation

Date of Publication: 

2016-08-18

Date of entry: 

2016-09-02

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Language: 

Burmese (မြန်မာဘာသာ)

ပုံစံ: 

အရွယ်အစား: