ရွှေ့ပြောင်းအလုပ်သမားများအတွက်အသိပေးကြေငြာချက်၊ ထုတ်ဝေချက် ၆ - ဇူလိုင် ၂၀၁၀ -- MIGRANT INFORMATION NOTE Issue # 6 ?

Description: 

၂၀၀၉ခုနှစ်ဇွန်လတွင် ထိုင်းတော်ဝင်အစိုးရမှ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာ/ဗမာနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများအတွက် သတ္တမနှင့်နောက်ဆုံးအကြိမ်မြောက်နှစ်စဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၉ခုနှစ် သြဂုတ်လတွင် မြန်မာ/ဗမာနိုင်ငံသားများ၏ နိုင်ငံသားစိစစ်အတည်ပြုခြင်းလုပ်ငန်းစဉ် (Nationality Verification ၊ နိုင်/စစ်) အကောင်အထည်ဖော်ဆောင်ရွက်မှု စတင်ပြီးနောက် ရွှေ့ပြောင်းအလုပ်သမားများနှင့် စပ်လျဉ်းသောစည်းမျဉ်းသတ်မှတ်ချက်များအား တိုးချဲ့ထုတ်ဖော်မှုများရှိခဲ့ပါသည်။ လုပ်ငန်းစဉ်တွင် ပြောင်းလဲတိုးချဲ့ ထုတ်ဖော်မှုများကို အကောင်အထည်ဖော်နှိုင်ရန် နောက်ဆုံးသတ်မှတ်ရက်များကိုလည်း အခါအားလျှော်စွာ ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ ရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်/စစ် လုပ်ငန်းလျှောက်ထားရမည့် မူလ နောက်ဆုံးသတ်မှတ်ရက်မှာ ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်ဖြစ်သည် (သို့ရာတွင် အများပြည်သူအားလပ်ရက် ရှိသောကြောင့် ၂၀၁၀ မတ်လ၂ရက်အထိ၊ သက်ဆိုင်သော နိုင်/စစ်စာရွက်စာတမ်းများ နောက်ဆုံးထားပေးပို့ရန် ၂၀၁၀ မတ်လ ၃၁ရက်အထိ ရက်ကာလတိုးမြှင့်ပေးခဲ့ပါသည်)။ ထို့အပြင် နိုင်/စစ် လုပ်ငန်းစဉ်ပြီးစီးရန် နောက်ဆုံးသတ်မှတ်ရက်ကို ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်မှ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်အထိ မကြာသေးမီက တိုးမြှင့်ခဲ့ပြန်ပါသည်။ ၂၀၀၉-၂၀၁၀ခုနှစ်အတွင်း အလုပ်လုပ်ကိုင်ရန်ခွင့်ပြုချက် (Work Permit) အသစ်ရရှိသူ (သို့) အသစ်လဲလှယ်ပြီးသူ၊ နိုင်/စစ်လုပ်ငန်းစဉ်ဆောင်ရွက်နိုင်သည့် ရွှေ့ပြောင်းသူများ ဦးရေ (၁.၃) သန်းခန့်ရှိပါသည်။ ထို (၁.၃) သန်းမှ တစ်သန်းကျော်သာ နိုင်/စစ် လုပ်ငန်းစဉ် လျှောက်ထားခဲ့ကြပြီး သက်ဆိုင်သော နိုင်/စစ်စာရွက်စာတမ်းများအား ၂၀၁၀ မတ်လ ၃၁ရက်နေ့နောက်ဆုံးထား၍ ပေးပို့ခဲ့ကြပါသည်။...

Source/publisher: 

International Organization for Migration (IOM) (Migrant Information Note Issue # 6 ? July 2010)

Date of Publication: 

2010-07-00

Date of entry: 

2010-09-23

Grouping: 

  • Individual Documents

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

84.48 KB