Description:
"၁။ ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (Federal Health Professional Council – FHPC) ကို တော်လှန်ရေးကာလဖြစ်သည့် ကြားကာလနှင့် အသွင်ကူးပြောင်းရေးကာလတွင် ကျန်းမာရေးပညာရှင် လုပ်သားအင်အားစုများအားလုံး၏ အကျိုးစီးပွားကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဖော်ဆောင်ပေးရန် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ၊ ဆေး ပညာရှင်များ၊ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားပြုသူများဖြင့် (၁-၁၂-၂၀၂၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။
၂။ ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီအနေဖြင့် နိုင်ငံတကာနှင့် ပြည်သူလူထုတစ်ရပ် လုံးက အသိအမှတ်ပြုခြင်း မရှိသော အာဏာသိမ်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (State Administration Council – SAC) က တရားမဝင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများကို အသိအမှတ်ပြုမည် မဟုတ်ဘဲ ၄င်းတို့ကပြုလုပ်သော အရည်အချင်းဆန်းစစ်မှုစာမေးပွဲများ၊ အတန်းတင်စာမေးပွဲများနှင့် ဘွဲ့လက်မှတ်များကိုလည်း လက်ခံအသိအမှတ်ပြုမည် မဟုတ်ပါ။
၃။ ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီသည် အာဏာသိမ်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) အလိုကျ ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ Non CDM ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများကို ပြည်တွင်း၊ ပြည်ပရှိ တက္ကသိုလ်များတွင် ဝင်ခွင့်လျှောက်ထားခြင်း၊ အလုပ်အကိုင်များ လျှောက်ထားခြင်းများ မပြုလုပ်နိုင်ရန် နိုင်ငံတကာ သံရုံးများနှင့် သက်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပတက္ကသိုလ်များသို့ အမည်ပျက်စာရင်းများ ဆက်လက်ပေးပို့လုပ်ဆောင်သွားမည်ဖြစ်သည်။
၄။ ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီသည် ကြားကာလနှင့် အသွင်ကူးပြောင်းရေး ကာလများတွင် ကျန်းမာရေးလုပ်သားအင်အားစုများ၏ နစ်နာမှုများကို ကြားနာစစ်ဆေးပြီး ခုခံကာကွယ်ပေးရန်၊ ကျင့်ဝတ်သိက္ခာများ လိုက်နာထိန်းသိမ်းရန် ပျက်ကွက်မှုများနှင့် စပ်လျဉ်း၍ ပြုပြင်တည့်မတ်ပေးရန်နှင့် သင့်တင့်လျောက်ပတ်သည့် အရေးယူမှုများ ဆောင်ရွက်ရန် တာဝန်ရှိသည့်အလျောက် ပြည်သူ့ဘက်တွင် မရပ်တည်ဘဲ၊ တိုင်းရင်းသား ပြည်သူများအပေါ်တွင် အကြမ်းဖက်လုပ်ရပ်များ ဆက်တိုက်ကျူးလွန်နေသည့် အာဏာသိမ်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ အလိုကျဆောင်ရွက်နေသော ကျန်းမာရေး ဝန်ကြီးဌာနလက်အောက်ရှိ Non CDM ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများကို ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။..."
Source/publisher:
Federal Health Professional Council
Date of Publication:
2022-02-08
Date of entry:
2022-02-09
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
321.58 KB
Resource Type:
text
Text quality:
- Good
