လူထုအောင်ပွဲရသည်အထိ တော်လှန်ရေးအလံကို အမြင့်မားဆုံးလွှင့်ထူပြီး ဆက်လက်တိုက်ပွဲဝင်ကြ

Description: 

"အဖိနှိပ်ခံလူတန်းစား တော်လှန်ရဲဘော်အပေါင်းတို့ မိမိတို့ အဖိနှိပ်ခံလူတန်းစားများသည် သမိုင်းကြောင်းတလျှောက်လုံး ကိုယ့်ကြမ္မာကိုယ်ပြဌာန်းခွင့်၊ လွတ်လပ်ခွင့်၊ လူ့ရပိုင်ခွင့်များ ဆုံးရှုံးခဲ့ရပြီး မိမိတို့တိုင်းပြည်တွင်လည်း ပဒေသရာဇ်စနစ်၊ လူမျိုးကြီး ဖိနှိပ်ချုပ်ကိုင်မှုစနစ်၊ ဖက်ဆစ် စစ်ဝါဒီစနစ်များ ကြီးစိုးလွှမ်းမိုးကာ ပြည်သူ့လက်ထဲတွင်သာ ရှိရမည့် ပြည်သူ့အာဏာသည် မောင်ပိုင်စီးခံရလျက် အစဥ်လုယူခံထားခဲ့ကြရသည်။ ဖက်ဆစ်စစ်တပ်သည် ၁၉၆၂ မှစ၍ ယနေ့အချိန်ထိတိုင် ၎င်းတို့ဖက်ဆစ်မိသားစုများ၊ နှီးနွှယ်ပတ်သက်နေသည့် စီးပွားရေးခေါင်းပုံဖြတ်သူများ စသည့် စစ်အုပ်စု၏ အကျိုးစီးပွားတခုတည်းအတွက်သာ တိုင်းပြည်၏ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတအရင်းအမြစ်များ၊ လူထုလုပ်အားကဲ့သို့သော လူ့စွမ်းအားအရင်းအမြစ်များ၊ တန်ဖိုးမဖြတ်နိုင်သော လူထု၏ အနာဂတ်နှင့်ကြမ္မာကို အဓမ္မနည်းမျိုးစုံဖြင့် ဂုတ်သွေးစုပ် ချုပ်ခြယ်သိမ်းပိုက်ထားလျက်ရှိသည်။ ယနေ့ဆိုလျှင်လည်း ဖက်ဆစ်စစ်အုပ်စု၏ တကျော့ပြန် ပေါ်ပေါ်ထင်ထင် အာဏာသိမ်းမှု တနှစ်ပြည့်ခဲ့ပြီဖြစ်သည်။ မိမိတို့တိုင်းပြည်၌ အဖိနှိပ်ခံလူမျိုးပေါင်းစုံ၏ သမိုင်းကြောင်းတွင် မတရားမှုကို ခုံခံတွန်းလှန်လျက် တော်လှန်ရေး တိုက်ပွဲများအတွင်း သွေးသားနှင့် အသက်ခန္ဓာ ကို စတေးစွန့်လွှတ်ခဲ့ကြသည့် စံပြရဲဘော်များ၊ အညတရ သူရဲကောင်းများ များစွာပေါ်ထွန်းခဲ့ပြီးဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖက်ဆစ်စစ်အုပ်စု၏ တကျော့ပြန် ပေါ်ပေါ်ထင်ထင် အာဏာသိမ်းမှု တနှစ်တာအချိန်ကာလအတွင်း ၎င်းတို့၏ ပုံစံမျိုးစုံဖိနှိပ်မှုကြောင့် ပြည်သူ ၁၅၀၃ ဦးထက်မနည်း အသက်ခန္ဓာ စွန့်လွှတ်ခဲ့ရ ပြီးဖြစ်ကာ ၁၁၈၃၈ ဦးထက်မနည်းသော ပြည်သူများသည် မတရားဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရသည်။ လူထု၏ စီးပွားရေး၊ စားဝတ်နေရေး တို့သည်လည်း ပိုမို၍ ဆင်းရဲတွင်းနက်လာကာ အငတ်ဘေးပြဿနာကို ကြီးကြီးမားမား ရင်ဆိုင်နေကြရသည်။ ဖက်ဆစ်စစ်တပ်နှင့် ၎င်းတို့၏ ခါးပိုက်ဆောင်အဖွဲ့များဖြစ်သည့် ရဲ၊ ပျူစောထီး၊ အမျိုးသားရေး အမည်ခံ လက်မရွံ့ ဖက်ဆစ်လက်ပါးစေများနှင့် အခြားသောဖက်ဆစ်သစ္စာခံများ၏ ပြည်သူ့စည်းစိမ် မောင်ပိုင်စီးခြင်း၊ ဖျက်ဆီးခြင်း၊ ညှဥ်းဆဲနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ နယ်မြေရှင်းလင်းရေးအမည်ခံ လက်နက်မဲ့ပြည်သူများထံ ကျူးကျော် သတ်ဖြတ်ခြင်းများကြောင့် မိမိနေရပ်မှ ထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူများစွာရှိခဲ့သလို အသက်ဆုံးရှုံးခဲ့ရသူ များစွာ ရှိသည်။ ဂျီနိုဆိုက်ဖက်ဆစ်စစ်အုပ်စုသည် ၎င်းတို့ လုပ်နေကြမြဲဖြစ်သော အကြမ်းဖက်မှုများအဖြစ် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကရင်နီ၊ ချင်း၊ စစ်ကိုင်း၊ မကွေး စသည့်ဒေသများတွင် ထပ်မံကျူးလွန်ခဲ့သေးသည်။ မိမိတို့ အဖိနှိပ်ခံလူတန်းစားတရပ်လုံး၏ ဘုံရန်သူဖြစ်သည့် ဤသို့သော ဖက်ဆစ်စစ်တပ်ကို အမြစ်မှချိုးဖျက်ရန် အတွက်မူ လူထုလွတ်မြောက်ရေး တော်လှန်အလံကို အမြင့်ဆုံးလွှင့်ထူလျက် ရဲရင့်စွာ တိုက်ပွဲဝင်ကြရုံမှတပါး အခြား မရှိပေ။ ထိုသို့တိုက်ပွဲဝင်ရာတွင်လည်း အကြမ်းမဖက်ငြိမ်းချမ်းသော လှုပ်ရှားမှုများ၊ အာဏာဖီဆန်ရေး လှုပ်ရှားမှုများ၊ နိုင်ငံတကာဖိအားပေးလှုပ်ရှားမှုများ၊ စစ်အုပ်စုအကျိုးစီးပွား ဖြတ်တောက်ရေးလှုပ်ရှားမှုများ၊ လက်နက်ကိုင် ခုခံံတွန်းလှန် လှုပ်ရှားမှုများ စသည့် လူထုလှုပ်ရှားမှုပုံသဏ္ဍာန် အသီးသီးတွင် ကဏ္ဍတခုချင်းစီကို စနစ်တကျ ပီပြင်စွာပုံဖော်ကာ ပေါင်းစပ်တိုက်ပွဲဝင်ရမည် ဖြစ်ပေသည်။ ဖက်ဆစ်စစ်အုပ်စုနည်းတူပင် လူထုကို အစဥ်ဒုက္ခပေး ဂုတ်သွေးစုပ်နေမည့် ဖက်ဆစ်ဝါဒ၊ လူမျိုးကြီးဝါဒ၊ မဟာ အုပ်စုကြီးဝါဒ၊ အဓမ္မအာဏာရှင်ဝါဒများကို တပါတည်း တိုက်ဖျက်နိုင်မှသာလျှင် ဖိနှိပ်ခံလူထုတစ်ရပ်လုံး မျှော်ကိုးသည့် ပြည်သူ့ဒီမိုကရေစီကိုရရှိကာ လူ့အခွင့်အရေးပြည့်ဝပြီး ပြည်သူ့ကောင်းကျိုးချမ်းသာကို ပြည်သူသာလျှင် တည်ဆောက် နိုင်သည့် လူ့ဘောင်အဖွဲ့အစည်းကို ရရှိမည်ဖြစ်ပေသည်။ ထိုနည်းတူစွာပင် လူထုတော်လှန်ရေးကိုအဆိပ်ခတ်နေသော အယူအဆများဖြစ်သည့် ဖက်ဆစ်စစ်အုပ်စုနှင့် စေ့စပ်ညှိနှိုင်းရေးလမ်းစဥ်၊ လေယူရာယိမ်း မူဝါဒမဲ့လမ်းစဥ်၊ လူထုအားသတင်းအမှားပေးလမ်းစဥ်၊ ပုန်ကန်တော်လှန်မှုကို အရှိန်လျော့ကျစေမည့်လမ်းစဥ်များအား ဖောက်ပြန်ရေးနည်းနာများအဖြစ် သတ်မှတ်ကာ နင်းချေဖျက်ဆီးနိုင်မှသာလျှင် ကောင်းမွန်သော အလေ့အထများကို လူထုတိုက်ပွဲအတွင်း မျိုးစေ့ချနိုင်လျက် တော်လှန်ရေးသည် သန့်စင်ကာ ဂုဏ်ပြောင် ဂုဏ်ရောင် ရှိနိုင်ပေမည်။ အဖိနှိပ်ခံလူမျိုးပေါင်းစုံ တော်လှန်ရဲဘော်များနှင့်အတူ လူထုတော်လှန်ရေးအလံတော်ကို အမြင့်ဆုံးလွှင့်ထူလျက် ရင်ဆိုင်တိုက်ပွဲဝင်သွားမည်ဟူသည့် GSC စတင်ဖွဲ့စည်းစဥ်ကတည်းက ထားရှိခဲ့သည့် တော်လှန်ရေး သစ္စာအဓိဌာန်ကို ယနေ့တွင် ထပ်လောင်းကတိပြုလိုက်ပေသည်။ အဖိနှိပ်ခံလူတန်းစားတရပ်လုံး၏ ဘုံပန်းတိုင်ဖြစ်သော ပြည်သူ့ကောင်းကျိုးချမ်းသာကို ပြည်သူသာလျှင် တည်ဆောက်နိုင်သည့် လူ့ဘောင်အဖွဲ့အစည်းဆီသို့ အရောက်သွားနိုင်ရန်အတွက်မူ ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများ အခြေပြုလျက် လူထုလွတ်မြောက်ရေးတိုက်ပွဲအား မဆုတ်မနစ်တမ်း ဆက်လက်တိုက်ပွဲဝင်ကြပါစို့။ အဖိနှိပ်ခံများ သွေးစည်းညီညွတ်ကာ တော်လှန်ရေးကို ဆက်လက်သယ်ဆောင်ကြ..."

Source/publisher: 

General Strike Committee

Date of Publication: 

2022-02-01

Date of entry: 

2022-02-01

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

514.52 KB

Resource Type: 

text

Text quality: 

    • Good