Sub-title:
ကရင်နီပြည်နယ်တွင်ဖြစ်ပေါ်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်
Description:
"၁။ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၇) ရက်နေ့မှစတင်ပြီး ယမန်နေ့အထိ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကိုလေကြောင်းမှလည်းကောင်း၊ မြို့တွင်း၌တင့်ကားများအသုံးပြု၍လည်း ကောင်း သာလွန်အင်အားများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယင်းသို့ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အရပ်သား ပြည်သူများကိုထိမှန်ခြင်း၊ အပြစ်မဲ့ပြည်သူများ၏နေအိမ်များ မီးလောင်ကျွမ်းခြင်းအပါအဝင် ထိခိုက်ပျက်စီးမှု များစွာဖြစ်ပေါ်ခဲ့သည့်ပြင် အပြစ်မဲ့ပြည်သူများထောင်နှင့်ချီ၍ ဘေးလွတ်ရာ အရပ်ဒေသများ သို့ တိမ်းရှောင် ထွက်ပြေးနေကြရလျက်ရှိသည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၉) ရက်နေ့ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးချုပ်ဦးဆောင်၍ ကရင်နီပြည်အတိုင်ပင်ခံကောင်စီမှ တာဝန်ရှိခေါင်းဆောင်များနှင့် အရေးပေါ် တွေ့ဆုံပြီး လက်ရှိ ကရင်နီပြည်နယ်တွင်ဖြစ်ပေါ်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏အကြမ်းဖက် လုပ်ရပ်များနှင့် အရပ်သားပြည်သူများရင်ဆိုင်ကြုံတွေ့နေရသည့်အခက်အခဲများကို အတူတကွဖြေရှင်း ဆောင်ရွက်နိုင်ရန်အတွက် နှစ်ဖက်ရင်းနှီးပွင့်လင်းစွာဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
၃။ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များမှ ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများအပါအဝင် မြန်မာနိုင်ငံအနှံ့အပြား၌ အကြမ်းဖက်စစ်ကောင်စီကပြုမူလျက် ရှိသော အကြမ်းဖက် မှုများအတွက် ပြင်းထန်စွာရှုတ်ချကြောင်းနှင့် စစ်ကောင်စီကြောင့်ဒုက္ခဆင်းရဲမှု မျိုးစုံကြုံတွေ့နေရသည့် တိုင်းရင်းသားပြည်သူများအား မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အနေဖြင့် ပြည်သူအတွက် ပြည်သူက ရပ်တည်ကြမည်ဟူသောဆောင်ပုဒ်နှင့်အညီ တတ်နိုင်သမျှ ကူညီထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
၄။ ကုလသမဂ္ဂအဖွဲ့ကြီးနှင့် အာဆီယံတို့အပါအဝင် လူသားချင်းစာနာထောက်ထားမှုနှင့် လူသားဂုဏ်သိက္ခာကို အလေးအမြတ်ပြုတန်ဖိုးထားကြသည့် နိုင်ငံတကာအသိုင်းအဝိုင်းများအနေဖြင့်လည်း အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်မှုနှင့် စစ်ရာဇဝတ်မှုများကို မျက်ခြေမပြတ်စောင့်ကြည့်သိရှိပြီး၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့အပါအဝင် မြန်မာနိုင်ငံတဝှမ်းတွင် အကြမ်းဖက်စစ်ကောင်စီကြောင့် အရပ်သားပြည်သူများ ဒုက္ခမျိုးစုံရင်ဆိုင်ကြုံတွေ့ခံစားနေရမှုကို အမြန်ဆုံး ရပ်တန့်နိုင်ရေးအတွက် ထိရောက် သောအရေးယူဆောင်ရွက်မှုများအလျင်အမြန်ပြုလုပ်နိုင်ရန် အလေးအနက် ထပ်မံတိုက်တွန်းပန်ကြားပါသည်။..."
Source/publisher:
National Unity Government of Myanmar
Date of Publication:
2022-01-11
Date of entry:
2022-01-11
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
340.1 KB
Resource Type:
text
Text quality:
- Good
