AAPP Statement on Re-Arrested Political Prisoners Since Junta Announced “Amnesty” - လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

Description: 

"ရက်စွဲ။ ။ အောက်တိုဘာ ၂၁ ရက်၊ ၂၀၂၁ ခုနှစ် ၁) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အုပ်စုမှ နိုင်ငံတော်အာဏာကို မတရားသိမ်းယူပြီးချိန်မှစတင်၍ အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒထုတ်ဖေါ်မှုနှင့် သဘောထားကွဲလွဲသူများအား အာဏာသိမ်းစစ်အုပ်က အကြမ်းဖက်ရိုက်နှက်ဖြိုခွဲခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်း၊ ထောင်ပေါင်းများစွာသော အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးအကျဉ်းချမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ၂) မတရားသဖြင့်ဖမ်းဆီးထိန်းသိမ်း အကျဉ်းချခံရသူများအားလုံးနီးပါးသည် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများ ခံခဲ့ကြရပြီး မျှတသောတရားစီရင်မှုလည်း မရရှိခဲ့ကြပေ။ ၃) အောက်တိုဘာ ၁၈ ရက်နေ့ ရက်စွဲဖြင့် လွှတ်ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသားများမှာ နောက်ကြောင်းပြန်ပြစ်ဒဏ်ဆိုသည့် နှောင်ကြိုးဖြင့်သာ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ အကျဉ်းထောင်တွင်းမှလွှတ်ပေးလိုက်သော်လည်း စစ်မှန်သောလွတ်မြောက်ခြင်း မဟုတ်ပါ။ ၄) အချို့မှာ လွတ်မြောက်စာရင်းတွင်ပါဝင်ခဲ့၍ လွှတ်ပေးရာတွင်ပါဝင်ခဲ့သော်လည်း ထောင်ဗူးဝ၊ ထွက် ပေါက်ရောက်မှ နောက်တိုးမှုဖြင့် ပြန်လည်ဖမ်းဆီးခြင်းခံလိုက်ရသူများရှိသကဲ့သို့ အချို့မှာ နေအိမ်သို့ ပြန်ရောက်ပြီးမှ ထပ်မံ၍ လာရောက်ဖမ်းဆီးခြင်းခံခဲ့ကြရသည်။ ထိုကဲ့သို့ လွတ်မြောက်ပြီး ထောင်ဗူးဝရောက်မှ ထပ်မံဖမ်းဆီးခံရခြင်း သို့မဟုတ် မိသားစုနှင့်နာရီပိုင်းမျှ နေ၍ ထပ်မံဖမ်းဆီးခံရခြင်းသည် ကာယကံရှင် နိုင်ငံရေးအကျဉ်းသားကိုသာမက မိသားစုကိုပါ ပြင်းထန်သော စိတ်ဒဏ်ရာများရစေပါသည်။ တနည်းအားဖြင့် ထိုလုပ်ရပ်သည် ရက်စက်ကြမ်းကြုတ်သော စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုပင် ဖြစ်သည်။ ယနေ့အချိန်အထိ မိမိတို့ အေအေပီပီ က ကောက်ခံရရှိသော စာရင်းမှတ်တမ်းအရ လွတ်မြောက်ပြီး ပြန်လည်ဖမ်းဆီးခံရသူနိုင်ငံရေးအကျဉ်းသား အရေအတွက်မှာ (၁၁၀) ဦး ဖြစ်ပါသည်။ ထို့ပြင် ပြန်လည်ဖမ်းဆီး၍ တိမ်းရှောင်နေရသူများလည်းရှိပါသည်။ အမှန်တကယ် ပြန်လည်အဖမ်းခံရသော အရေအတွက်မှာ ထိုထက်ပိုများမည်ဖြစ်သည်။ ဖမ်းဆီးခံထားရသူတယောက်၏ မျှော်လင့်ချက်သည် လွတ်မြောက်ခြင်းဖြစ်သည်။ ထိုသူများအား လွတ်မြောက်ပြီးမှ ပြန်လည်ဖမ်းဆီးခြင်းသည် ထိုသူတို့၏ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်ခြင်းဖြစ်သည်။ ထိုလုပ်ရပ်သည် စစ်အုပ်စုမှ နိုင်ငံရေးအကျဉ်းသား တဦးချင်းစီကိုသာ စိတ်ဒဏ်ရာပေးခြင်းမျိုးမဟုတ်ဘဲ မိသားစုဝင်များ၊ ကလေးသူငယ်များကိုပါ ပစ်မှတ်ထား နှိပ်စက်ညှဉ်းပန်းမှုဖြစ်ကြောင်း ထင်ရှားစွာ သက်သေပြလိုက်ခြင်းပင်ဖြစ်သည်။ အဆိုပါလုပ်ရပ်သည် လူသားမဆန်သောလုပ်ရပ်ဖြစ်သည့်အတွက် မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း(အေအေပီပီ) အနေဖြင့် ကျူးလွန်သူ စစ်အုပ်စုအား ပြင်းထန်စွာရှုံ့ချလိုက်သည်။ မိမိတို့အနေဖြင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူများ အားလုံး ခြွင်းချက်မရှိလွတ်မြောက်ရေးနှင့် မတရားညှဉ်းပန်းနှိပ်စက်ခြင်း၊ မတရားဖမ်းဆီးခြင်းများနှင့် လူမဆန်စွာသတ်ဖြတ်ခြင်းများကို ကျူးလွန်ခဲ့သူများအား အပြစ်ပေးအရေးယူမှု ပြုလုပ်နိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့်လဲ စစ်အုပ်စုကို ဆက်လက်၍ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ပေးရန် လေးနက်စွာ တိုက်တွန်း လိုက်ပါသည်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း..."

Source/publisher: 

Assistance Association for Political Prisoners (AAPP)

Date of Publication: 

2021-10-21

Date of entry: 

2021-10-21

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

194.74 KB

Resource Type: 

text

Text quality: 

    • Good

Remote URL: