CRPH Announcement No.20/2021 - ကြေညာချက် အမှတ် ( ၂၀/၂၀၂၁ )

Description: 

"ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာခြင်း။ ၁။ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူများ၏ ခိုင်မာသော လိုလားတောင့်တချက်မှာ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှု တည်းဟူသော လောကပါလတရားတို့ကို အခြေခံသည့် ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝအာမခံချက် ပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာရေး ဖြစ်သည်။ ၂။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) သည် စစ်အာဏာရှင်ဝါဒ သက်ဇိုးရှည်စေရန် ရည်ရွယ်ရေးသား ထားရုံမျှမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အဟန့်အတားပြုလျက်ရှိသော ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု ဖြစ်သည်။ ၃။ အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်လျက် နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူခဲ့ခြင်းကြောင့် ဤ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပျက်ပြယ်ခဲ့ပြီး ဖြစ်သည်။ ၄။ အာဏာရှင်စနစ် ပပျောက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အပြီးသတ် ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်သူ့အစိုးရ ပေါ်ထွန်းရေး ရည်ရွယ်ချက်များဖြင့် ဖက်ဒရယ်ဒီမို ကရေစီအင်အားစုများ စုပေါင်းဆွေးနွေးဆုံးဖြတ်လျက် အတည်ပြုပြဋ္ဌာန်းခဲ့သော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် သည်လည်း မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့ပြီ ဖြစ်သည်။ ၅။ သို့ပါ၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အား ယနေ့ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်တွင် အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာလိုက်သည်။..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw (CRPH)

Date of Publication: 

2021-03-31

Date of entry: 

2021-05-13

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

315.89 KB

Resource Type: 

text

Text quality: 

    • Good