Description:
အဓိကအကြောင်းအရာများ အကျဉ်းချုပ် :
" လွန်ခဲ့သောရှစ်လအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်၏ လက်လွတ် စပယ် ရက်စက်ကြမ်းတမ်းသော စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာ ၇၀၀,၀၀၀ နီးပါးခန့် ဘ င်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ထွက်ပြေးခဲ့ပြီး ၂၀၁၇ အစောပိုင်းနှင့် ယခင့်ယခင်နှစ်များက ထွက် ပြေးသွားနှင့်သူ ရိုဟင်ဂျာ ထောင်ပေါင်းများစွာ ရှိရာသို့ သွားရောက် ခိုလှုံနေထိုင်ခဲ့ကြသည်။ နှစ်နိုင်ငံသည် ဆန္ဒအလျောက် နေရပ်ပြန်ပို့ခြင်းအတွက် လုပ်ထုံးလုပ်နည်းမူဘောင်ကို သ ဘောတူခဲ့ကြသော်လည်း မည်သည့်ရိုဟင်ဂျာမှ ပြန်မသွားသည့်အပြင် အရေအတွက် အနည်း ငယ်မှာ ဆက်လက်ထွက်ပြေးနေဆဲဖြစ်သည်။ ယင်းပြဿနာ၏ ဝန်ထုပ်ဝန်ပိုးသည် ဘင်္ဂလား ဒေ့ရှ်အပေါ်သို့ ကူးပြောင်းသွားသော်လည်း တာဝန်ယူရမည့် ဝတ္တရားသည် မြန်မာနိုင်ငံအပေါ် တွင် လုံးလုံးလျားလျားရှိနေသည်။ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအပေါ် တာဝန်ခံမှုရှိစေ ရန်နှင့် ဆန္ဒအလျောက် နေရပ်ပြန်နိုင်မည့် အခြေအနေများကို ဖန်တီးရန် အစိုးရအား ဖိ အားပေးရေးအတွက် နိုင်ငံတကာက တစိုက်မတ်မတ် လုပ်ဆောင်ရမည်ဖြစ်သည်။ သို့ရာတွင် ဝမ်းနည်းဖွယ်အမှန်တရားမှာ ကြိုတင်မှန်းဆနိုင်သည့် အနာဂတ်ကာလအတွင်းတော့ ဒုက္ခ သည် အမြောက်အများ အိမ်ပြန်ကြရန် မဖြစ်နိုင်သေးခြင်းဖြစ်ပြီး ထိုအချက်သည် မြန်မာနိုင်ငံ ရင်ဆိုင်နေရသော နိုင်ငံတကာက ပြင်းထန်စွာဝေဖန်နေမှု၏ အကြောင်းဖြစ်သည်။ ဒုက္ခသည် များအတွက် အစီအစဉ်ရေးဆွဲမှုများသည် အလျင်အမြန် နေရပ်ပြန်ရေးဟူသော ယူဆချက် အပေါ်တွင် အခြေခံလုပ်ဆောင်ရမည်ဖြစ်သလို မြန်မာနိုင်ငံတွင် ကျန်ရှိနေသော ရိုဟင်ဂျာ များကိုလည်း ဆက်လက် အကာအကွယ်ပေးရန် ကြိုးပမ်းရမည်ဖြစ်သည်။
ဒုက္ခသည်များအတွက် ရေရှည်အစီအစဉ်များ လုပ်ဆောင်ရန် ပျက်ကွက်မှုကြောင့် သိန်းချီသော လူအများသည် မရေမရာအခြေအနေတွင် ဆက်လက်နေထိုင်ရရန် အန္တရာယ် ရှိသည့်အပြင် လက်ရှိအခြေအနေကို အန္တရာယ်ကြီးမားသည့် လမ်းကြောင်းသို့ ဦးတည် သွားစေနိုင်သည်။ လောလောဆယ်တွင် ဘင်္ဂလားဒေ့ရှ်မှ အိမ်ရှင်အသိုင်းအဝိုင်းများနှင့် နိုင်ငံ ရေးအပေါ်လွှာမှသူများက ဒုက္ခသည်များအပေါ် ကြီးကြီးမားမား ဂရုဏာသက်နေကြသော် လည်း ဒီဇင်ဘာလရွေးကောက်ပွဲအပြီး စိတ်သဘောထားပြောင်းလဲသွားခဲ့လျှင်ဖြစ်စေ၊ အိမ် ရှင်အသိုင်းအဝိုင်းများအပေါ် ရေရှည်ဆိုးကျိုးသက်ရောက်မှုများ ရှိလာလျှင်ဖြစ်စေ ရိုဟင်ဂျာ တို့သည် ၎င်းတို့ဆန္ဒနှင့် ဆန့်ကျင်ကာ နေရပ်ပြန်ရန် ဖိအားပေးမှုကို ရင်ဆိုင်ရခြင်း သို့မဟုတ် ဝေးလံသော ဘာဆန် (Bhasan) ကျွန်းတွင် ဘင်္ဂလားဒေ့ရှ်အစိုးရက တည်ဆောက်ထား သော စခန်းများကဲ့သို့သော လူအများနှင့်ဝေးရာ စခန်းများသို့ ရွှေ့ပြောင်းရခြင်းတို့ ဖြစ်လာ နိုင်သည်။ ယင်းကဲ့သို့ ဖြစ်ရပ်များသည် ပြန်လည်နေရာချထားခြင်း သို့မဟုတ် အချိန်မတန်ခင် နေရပ်ပြန်ပို့ခြင်းကို ဒုက္ခသည်များက စနစ်တကျ ဆန့်ကျင်ခြင်း၊ ပြန်သွားသော ဒုက္ခသည် များနှင့် လူအုပ်စုများကြားအကြမ်းဖက်မှုများဖြစ်ပွားခြင်း သို့မဟုတ် ရခိုင်ပြည်နယ်တွင် ARSA အတွက်
The Long Haul Ahead for Myanmar?s Rohingya Refugee Crisis
Crisis Group Asia Report N°296, 16 May 2018 Page ii
အသစ်တဖန်စည်းရုံးမှု
ထပ်မံပေါ်ပေါက်ခြင်းတို့ကြောင့် နယ်စပ်၏ နှစ်ဖက်စလုံးတွင် မတည်ငြိမ်မှု သို့မဟုတ် အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေနိုင်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ထိုပြဿနာ၏ လူမှုရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ၊ မဟာ ဗျူဟာမြောက် အကျိုးဆက်များသည် အဆင့်တိုင်းတွင် ရှုတ်ထွေးနေသည်။ ပုံမှန်အခြေအ နေမှာပင် ဒက္ကားအာဏာပိုင်များ၏ လစ်လျူရှုခြင်းကို ခံနေရသော အိမ်ရှင်အသိုင်းအဝိုင်းများ သည် ဒဏ်ပိမှုကို ခံစားနေကြရသည်။ နိုင်ငံရေးနှင့် မူဝါဒချမှတ်သူမျ??
Source/publisher:
International Crisis Group (Asia Report N°296)
Date of Publication:
2018-05-16
Date of entry:
2018-07-15
Grouping:
- Individual Documents
Category:
Language:
Burmese (မြန်မာဘာသာ), English
Local URL:
Format:
pdf
Size:
319.96 KB
